Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, August 16, 2012

လက်တွေ့ ငွေကြေးရရှိမည့် ဂိမ်းဝန်ဆောင်မှုကို ဗြိတိန်၌ Facebook စတင်



Photo
Facebook ကုမ္ပဏီသည် ၎င်းတို့၏ လူမှုကွန်ရက်ကို အသုံးပြုနေကြသည့် ဗြိတိန်နိုင်ငံသားများအား အထူး ဝန်ဆောင်မှုတစ်ရပ် အနေဖြင့် လက်တွေ့ ငွေကြေးရရှိမည့် လောင်းကစား ဝန်ဆောင်မှုကို ထောက်ပံ့ပေးလိုက်ကြောင်း သိရသည်။ 
၎င်းအစီအစဉ်ကို နာမည်ကြီး ဂိမ်းကုမ္ပဏီဖြစ်သည့် Gamesys နှင့်ပူးပေါင်း၍ လုပ်ဆောင်ခြင်းဖြစ်ပြီး အသက် ၁၈ နှစ်ရှိသူ Facebook အသုံးပြုသူများမှ စတင်၍ မည်သည့်အရွယ်မဆို ကစားနိုင်ကြောင်း သိရသည်။ Gamesys က ဝန်ဆောင်မှု ပေးထားသည့် ဂိမ်းအမျိုးအစားများအား ကစားနိုင်ခွင့်ရှိပြီး အနိုင်ရရှိပါက ငွေချက်ချင်း ရရှိမည်ဖြစ်သည်။ Facebook ၏ ဖော်ပြချက်တစ်ရပ်တွင် ငွေကြေး အမှန်တကယ် ရရှိသည့် ဂိမ်းဝန်ဆောင်မှုသည်  ဗြိတိန်၌ အလွန်ခေတ်စားသည့် အစီအစဉ်ဖြစ်နေပြီး လတ်တလော အချိန်၌လည်း ဗြိတိန်သည် Facebook သုံးစွဲသူ များပြားခြင်းကြောင့် ထိုအစီအစဉ်ကို ပြုလုပ်ပေးလိုက်ခြင်းဖြစ်ကာ အရွယ်ရောက်ပြီးသည့် Facebook အသုံးပြုသူများ အနေဖြင့် လုံခြုံမှုရှိသည့် ငွေကြေးစနစ်ဖြင့် ဂိမ်းကစားနိုင်ပြီ ဖြစ်ကြောင်း ပါရှိသည်။ Facebook ၏ ပြောရေးဆိုခွင့်ရှိသူ လင်ဒါဂရစ်ဖင်က ၎င်းတို့အနေဖြင့် အခြားနိုင်ငံများသို့ ယင်းဝန်ဆောင်မှုကို စီစဉ်ပေးရန် အစီအစဉ် မရှိသေးကြောင်း ပြောကြားခဲ့ပြီး ဗြိတိန်၏ အခြေအနေကို စောင့်ကြည့်ရဦးမည်ဟု ဆိုသည်။ ထိုငွေကြေးရရှိမည့် ဂိမ်းဝန်ဆောင်မှုများတွင် နာမည်ကျော် Farmville ဂိမ်းစသည့် ဂိမ်းကစားသူများနှင့် ရင်းနှီးသည့် ဂိမ်းအမျိုးအစားများကို ထည့်သွင်း ကစားစေမည်ဟုလည်း သိရသည်။

ZZ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account