မန္တလေး၊ ဇန်န၀ါရီ - ၁၁
မန္တလေးမြို့ရှိ ကြာနီကန်သုသာန် နှင့် တောင်အင်း မြောက်အင်းသုသာန်များကို ထောက်ကြံ့ စစ်သင်္ချိုင်းကဲ့သို့ ပန်းဥယျာဉ်ပုံသဏ္ဌာန်ရှိသည့် သုသာန်မျိုးအဖြစ် ပြောင်းလဲမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ယင်းအစီအစဉ်ကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် စတင်ရာ ဧပြီလမှ စတင်ဆောင်ရွက်နိုင်ရန်
စီစဉ် ထားကြောင်း မန္တလေးမြို့စည်ပင်သာယာရေးကော်မတီ သန့်ရှင်း ရေးဌာန
ဌာနစုမှူးက ပြောသည်။ ပန်းဥယျာဉ် ပုံသဏ္ဌာန် ပြောင်းပြီးချိန်မှစ၍
အရိုးပြာများ ကိုသာ နှစ်ပေပတ်လည်ဂူပြုလုပ် ကာ မြှုပ်နှံခွင့်ပြုတော့မည်ဟု
ဌာနစုမှူးက ပြောသည်။
“ကြာနီကန်သုသာန်က ဧက ၁၀၀ ကျော်ရှိတာ ခု ၅၀
ကျော် လောက်က ပြည့်နေပြီ။ ဒီလိုပုံစံနဲ့ ဆို နောက်ကျရင် မြေအတွက် အ
အခက်အခဲဖြစ်လာနိုင်တာကြောင့် ခုလိုစီစဉ်ရတာပါ” ဟု အထက်ပါ ပုဂ္ဂိုလ်က
ပြောသည်။
ဂျပန်မြက်ခင်းများနှင့် အရိပ် ရအပင်များ၊ အလှပန်းပင်များ
လည်း စိုက်ပျိုးသွားမည်ဟုဆိုသည်။လက်ရှိတွင် ကြာနီကန်သု သာန်၌
မီးသဂြုင်္ိဟ်ခြင်းနှင့် ဂူသွင်း မြှုပ်နှံခြင်းကို ဆောင်ရွက်ခွင့်ပြု ထားပြီး
တောင်အင်းမြောက်အင်း သုသာန်တွင် မီးသဂြုင်္ိဟ်ခြင်းကို သာ
ခွင့်ပြုထားသည်။မီးသဂြုင်္ိဟ်စရိတ်မှာ လူကြီး တစ်ဦးလျှင် ၁၆၀၀၀ ကျပ်၊
ကလေးတစ်ဦးလျှင် ၈၀၀၀ ကျပ်ဖြစ်သည်။ မြေမြှုပ်ရာတွင် မြေငှားခ
ကျပ်နှစ်သိန်းယူပြီး အုတ်ဂူအတွက်ကုန်ကျစရိတ်ကို နာရေးရှင်ကကျခံရသည်။
မီးသဂြုင်္ိဟ် စရိတ်များရခြင်းမှာ မီးသဂြုင်္ိဟ်စက်အသစ်များဖြင့် တည်ဆောက်ထား
ခြင်းနှင့် ကလေးတစ်ဦးလျှင် ဒီဇယ်ဆီသုံးဂါလန်၊ လူကြီးတစ်ဦးလျှင်ငါးဂါလန်၊
ခန္ဓာကိုယ် အရွယ်အစား၊ ရောဂါ အခြေအနေနှင့် လောင်ကျွမ်းချိန်ပေါ်မူတည်ကာ
ကုန်ကျစရိတ်တို့ကြောင့်ဖြစ်ကြောင်း မန်းစည်ပင် သန့်ရှင်းရေးဌာနမှ
တာဝန်ရှိသူကဆိုသည်။ ထိုသို့ အရိုးပြာအိုးအတွက် နှစ်ပေပတ်လည်စီသာ
ပေးသောကြောင့် ယခင်ရုပ်အ လောင်းမြေမြှုပ်စဉ်က ငွေကြေး ချမ်းသာသူများက
အုတ်ဂူများ ခမ်းနားစွာလုပ်ခြင်းကြောင့် မြေအကျယ်များစွာကုန်ခြင်းမျိုး
လျော့နည်းသွားနိုင်ကြောင်း မြို့ခံအချို့ ကပြောသည်။
လက်ရှိတွင်
တရုတ်နိုင်ငံထုတ် မီးသဂြုင်္ိဟ် စက်သစ်များကို ကြာနီကန်သုသာန်တွင်နှစ်လုံး၊
တောင်အင်းမြောက်အင်းသုသာန်တွင် လေးလုံးအသုံးပြုနေကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment
သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။
သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။
Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။
စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။
ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။
လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)