တချို့ ဟင်းသီး ဟင်းရွက်တွေက တစ်ခုချင်းစီ စားတာထက် ပေါင်းစပ်ပြီး စားတာကြောင့် ပိုမို အာနိသင် ရရှိစေပါတယ်။
ခရမ်းချဉ်သီးနှင့် ထောပတ်သီး
ဘယ်လို အကျိုးကျေးဇူး ရှိသလဲ
ခရမ်းချဉ်သီးမှာ လိုင်ကိုပင်းဓာတ် ဆိုတဲ့ အင်တီ အောက်ဆီးဒင့် ပါဝင်တဲ့
ရောင်ခြယ် ပစ္စည်း တစ်မျိုး အများအပြား ပါဝင်တာကြောင့် ကင်ဆာနဲ့ နှလုံးသွေး
ကြောရောဂါဖြစ်နိုင်ခြေကို လျော့ကျစေ ပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ ကောင်း
တဲ့အဆီက ခရမ်းချဉ်သီးမှာပါတဲ့ လိုင်ကို ပင်းဓာတ်ကို အာနိသင် ပိုမို
ကောင်းမွန်အောင် ပံ့ပိုး ပေးနိုင်ပါတယ်။
ဂျုံမှုန့်နှင့် လိမ္မော်ရည်
ဘယ်လို အကျိုးကျေးဇူး ရှိသလဲ
ဂျုံမှုန့်နဲ့ လိမ္မော်ရည်မှာ ပါဝင်တဲ့ ဖီနောဒြပ်ပေါင်းဟာ သွေးတွင်း
မကောင်းတဲ့ ကိုလက် စထရောကို လျော့ကျစေတာ ကြောင့် တွဲဖက်စားသောက်ပေးရင်
ကျန်းမာ ရေးအတွက် ပိုမိုထိရောက်မှုရှိစေပါတယ်။
ပန်းဂေါ်ဖီစိမ်းနှင့် ခရမ်းချဉ်သီး
ဘယ်လို အကျိုးကျေးဇူး ရှိသလဲ
ပန်းဂေါ်ဖီစိမ်းနဲ့ ခရမ်းချဉ်သီးကို တွဲဖက် စားတာကြောင့် ဆီးကျိတ် ကင်ဆာကို ကာကွယ် ပေးနိုင်ကြောင်း လေ့လာမှု တစ်ရပ်က ဆိုပါတယ်။
ဘလူးဘယ်ရီသီးနှင့် စပျစ်သီး
ဘယ်လို အကျိုးကျေးဇူး ရှိသလဲ
ဘလူး ဘယ်ရီသီးနဲ့ စပျစ်သီးတွေကို တစ်ခုချင်းစီ စားတာထက် တွဲဖက်ပြီး စားပေး
တာကြောင့် မကောင်းတဲ့ ဖရီးရယ်ဒီ ကယ်ကို တွန်းလှန်ပေးနိုင်တဲ့ အင်တီ
အောက်ဆီးဒင့် အာနိသင်ကို ပိုမို ရရှိစေ ပါတယ်။
သံပရာသီးနှင့် ကိုက်လန်ရွက်
ဘယ်လို အကျိုးကျေးဇူး ရှိသလဲ
သံပရာသီးမှာ ပါတဲ့ ဗီတာမင်စီဟာ ကိုက်လန်မှာပါတဲ့ သံဓာတ်ကို ခန္ဓာကိုယ် က စုပ်ယူမှု ပိုအားကောင်းအောင် ကူညီ ပေးနိုင်ပါတယ်။
နနွင်းမှုန့်နှင့် ငရုတ်ကောင်းမှုန့်
ဘယ်လို အကျိုးကျေးဇူး ရှိသလဲ
နနွင်း ထည့်ချက်ထားတဲ့ ဟင်းလျာထဲ ငရုတ်ကောင်းမှုန့်ကို ထည့်ချက်ပေး
တာကြောင့် ခန္ဓာကိုယ်မှ ကာကူမင် ဒြပ်ပေါင်း စုပ်ယူမှုကို အဆ တစ်ထောင်
ပိုအားကောင်း စေပါတယ်။
ဇွန်
Ref: မြ၀တီ
0 comments:
Post a Comment
သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။
သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။
Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။
စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။
ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။
လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)