Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, January 20, 2013

အချစ်ရေး အဆင်ပြေဖို့(သို့မဟုတ်)အချစ်ရေးပြန်အဆင်ပြေစေဖို့

ချစ်သူ(ရည်းစား)ဘ၀မှာ မကြာခဏ စကားများ၊ ခိုက်ရန်ဖြစ်၊ စိတ်ကောက်၊ မခေါ်မပြော၊ အဆင်မပြေဖြစ်ရလို့ စိတ်ညစ်နေရသူတွေ ဖြစ်စေ၊ လတ်တလော အချိန်မှာ အကြောင်းတစ်မျိုးကြောင့် ချစ်သူနဲ့ အဆင်မပြေဖြစ်ပြီး အမြန်ဆုံး ပြန်အဆင်ပြေ စေချင်သူတွေဖြစ်စေ ဒီအစီအမံကို လုပ်ကြည့်ပါ။ အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသားဖြစ်ဖြစ်၊ ဘယ်နေ့ဖွားဖြစ်ဖြစ် လုပ်လို့ရပါတယ်။
ဒီ အစီအမံမှာ အဓိကလိုအပ်တဲ့ ပစ္စည်းကတော့ သပြေရွက် အရွယ်ညီနှစ်ရွက် ဖြစ်ပါတယ်. ပန်းအိုးထိုးတဲ့ သပြေပန်းရဲ့ အရွက်ပဲဖြစ်ဖြစ် စားလို့ရတဲ့သပြေသီး သီးတဲ့ သပြေပင်က အရွက်ပဲဖြစ်ဖြစ် အဆင်ပြေရာ သုံးနိုင်ပါတယ်..

သပြေရွက်တစ်ရွက်ရဲ့ အတွင်းဘက် မျက်နှာပြင် ရွက်ကြော အပေါ်ဘက်နေရာမှာ အညှာဘက်မှ အဖျားဘက်ကို အမျိုးသားနာမည် ရေးပါ..ရွက်ကြော(အလယ်ကြော)ရဲ့ အောက်ဘက်မှာ အမျိုးသမီးနာမည်ကို ရေးပါ..
နောက် အရွက်တစ်ရွက်မှာတော့ ရွက်အလယ်ကြောရဲ့ အပေါ်ဘက်ခြမ်းမှာ “အချစ်ရေး အဆင်ပြေစေ” (သို့မဟုတ်)“အချစ်ရေး ပြန်အဆင်ပြေစေ” ဆိုတဲ့ စာတန်းရေးပါ..အရွက်အလယ်ကြောရဲ့ အောက်ဘက်ခြမ်းမှာတော့ “ အချစ်ရေးမှာ စိတ်ချမ်းသာ ပျော်ရွှင်ရပါစေ” ဆိုတဲ့ စာတန်းရေးပါ..
သတိပြုရမှာက ချစ်သူ သက်တမ်း(၁)နှစ် မပြည့်သေးရင် သပြေရွက် နည်းနည်းနုတာကို သုံးပါ..ချစ်သူသက်တမ်း (၁)နှစ်ကျော်ရင် သပြေရွက် ခပ်ရင့်ရင့်ကို သုံးပါ..
အဲဒီ စာရေးပြီး သပြေနှစ်ရွက်ကို အရင်းအချင်းချင်း၊ အဖျားအချင်းချင်း တည့်ဖြစ်အောင် မျက်နှာချင်းဆိုင် ထပ်လိုက်ပါ..သပြေရွက်စုံတွဲ ဖြစ်သွားမယ်..ပန်းရောင်ပ၀ါ(သို့မဟုတ်)အဖြူရောင် ပ၀ါတစ်ထည်နဲ့ သပြေရွက်စုံတွဲကို ထည့်ထုပ်ပြိး အင်္ကျီအိတ်ထဲမှာဖြစ်စေ၊ ပိုက်ဆံအိတ်ထဲမှာဖြစ်စေ ထားရမယ်..
နေ့စဉ် နေ့ရော ညပါ ဘယ်အချိန်မဆို အဲဒီ သပြေရွက်ထည့်ထားတဲ့ ပ၀ါခေါက်ကို ညာလက်မှာ ကိုင်ပြီး အောက်ပါအတိုင်း နှုတ်က နှစ်ခေါက်ရွတ်ပါ..“ အချစ်ရေး အဆင်ပြေပါစေ၊ စိတ်ချမ်းသာ ပျော်ရွှင်ရပါစေ(သို့မဟုတ်)အချစ်ရေး အမြန်ဆုံးပြန်အဆင်ပြေပြီး စိတ်ချမ်းသာ ပျော်ရွှင်ရပါစေ ”
အချိန်ရတိုင်း ခဏခဏ လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်..သပြေရွက်နှစ်ရွက်ပေါ်မှာ စာရေးရမယ့် နေ့ရက်၊ အချိန်ကတော့ တနင်္လာနေ့ မွန်းလွဲ(၃)နာရီမှ (၄)နာရီခွဲအတွင်း ဖြစ်ရပါမယ်..
(၁၁)ရက်မှ (၁၁)ပတ်အတွင်း အောင်မြင်တတ်ပါတယ်..

ဆရာကြီးဦးအောင်မြိုင်(ဥပဒေဘွဲ့)ရေးသားသော “ အချစ်ရေးအတွက် ယတြာနည်းလမ်းကောင်းများ ” စာအုပ်မှ ပြန်လည် ဖော်ပြခြင်းဖြစ်ပါသည်။

အားလုံးကိုခင်မင်လေးစားလျက်...
ရွှေမန်းသားလေး ဝေယံ (နည်းပညာ)

1 comments:

အရမ်းကို တိုက်ဆိုင်ပါတယ် အဲ့ဒီအတွက်ကျေးဇူးတင်ပါတယ်

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account