Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, January 11, 2013

ကွန်ပျူတာမှာ Customize Tab ပျောက်နေတာကို အလွယ်ရှင်းရအောင် (Only Windows XP)

Folder တစ်ခုအတွက် Properities Window မှာ Customize Tab ကိုမတွေ့တော့ဘူးဆိုရင် သင့်အနေနဲ့ လုပ်ဖို့လိုအပ်တာက ဒီပြဿနာကို ဖြေရှင်းဖို့ Registry ကိုဝင်ပြီး ပြင်ရပါမယ်။  ဥပမာ Folder တစ်ခုကို ညာကလစ်တစ်ချက်နှိပ်ပြီး Properities ကိုဝင်တဲ့အခါ Tab တွေထဲက Customize ကို တွေ့ရတာပါ။ တကယ်လို့ သင့်ကွန်ပျူတာမှာ အဲဒီလို ပါမလာဘူးဆိုရင်တော့ ...။ ဒါပေမဲ့ တစ်ခုပြောစရာ ရှိပါတယ်။ အဲဒီ CustomizeTab က Folder တွေမှသာ ပါတာပါ။ တခြားသော Drive တို့၊ Libraries တို့၊ Desktop တို့မှာတော့ ပါဝင်ခြင်း မရှိပါဘူး။ အဲဒီလို အဖြစ်မျိုး ကြုံတွေ့နေရရင် ဖြေရှင်းရမယ့် နည်းလမ်းလေးပါ။ ပထမအဆင့်အနေနဲ့ Registry Editor ဖွင့်ဖို့ လိုအပ်ပါတယ်။ Registry Editor ကို Start ထဲက Run Box မှာ regedit လို့ ရိုက်ပြီး ဖွင့်နိုင်ပါတယ်။ Registry Editor ပွင့်လာပြီဆိုရင် အောက်မှာပေးထားတဲ့ လင့်ခ်အတိုင်း တစ်ဆင့်ချင်းသွားပါ။


HKEY_CLASSES_ROOT\Directory\Shellex\PropertySheetHandlers အထက်ပါ လင့်ခ်အတိုင်း သွားပြီးပြီဆိုရင်တော့ သူ့ရဲ့အောက်မှာ {ef43ecfe-2ab9-4632-bf21-58909dd177f0} ဆိုတဲ့ Subkey ကို ရှာကြည့်လိုက်ပါ။ ဒါပေမဲ့ အဲဒီနေရာမှာ မတွေ့ဘူးဆိုရင်တော့ Registry Editor ရဲ့ Edit ကနေ New ကို သွားပြီး အထက်မှာ ဖော်ပြထားတဲ့ Subkey နာမည်ကို ရိုက်ပြီး Key တစ်ခု ဖန်တီးပေးလိုက်ပါ။ နောက်တစ်ဆင့်က HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\Explorer ဆိုတဲ့ လင့်ခ်အတိုင်း သွားလိုက်ပါ။ ပြီးတော့ Registry Editor ရဲ့ ညာဖက်က Panel မှာ NoCustomizeThisFolder ဆိုတဲ့နာမည်ကို ရှာပြီး ကလစ်နှစ်ချက်နှိပ်ပြီး ဖွင့်ပါ။ နောက်ပြီး Value Data အကွက်ထဲမှာ ဝ လို့ ရိုက်ထည့်ပြီး OK ပေးလိုက်ပါ။ ပြီးရင် NoCustomizeWebView နဲ့ ClassicShell ဆိုတဲ့ နာမည်များကို ရှာဖွင့်ပြီး Value data ကို ဝ လို့ ပေးလိုက်ပါ။ တကယ်လို့ သင့်ကွန်ပျူတာရဲ့ Registry Editor မှာ အဲဒီနာမည်များ မပါနေဘူးဆိုရင် ဒီအဆင့်ကို ကျော်သွားနိုင်ပါတယ်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account