Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, January 11, 2013

Zapya



Photo
http://www.coolapk.com/apk/5347/

Zapya ဆိုတဲ့ Application ကတော့ File တွေ၊ Application တွေကို WiFi နဲ့ Sharing ပြုလုပ်နိုင်တဲ့ Application တစ်ခုဖြစ်ပါတယ်။
ဒီ Application ဟာ Bluetooth စနစ်ကို အသုံးမပြုဘဲ ဖုန်းတစ်လုံးကို host တစ်ခုအနေနဲ့ထားပြီး Zapya Application ရှိတဲ့ ဖုန်းမှန်သမျှ အနီးတစ်ဝိုက်မှာ ရှိမယ်ဆိုရင် လှမ်းချိတ်ပြီး ဖိုင်တွေကို Sharing ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အကွာအဝေးကတော့ မီတာ ၃၀ အကွာအဝေးအထိ ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဖိုင်တွေကို ကူးယူပို့ဆောင်နိုင်တဲ့ အမြန်နှုန်းကတော့ Bluetooth ထက် ပိုမိုမြန်ဆန်မှာ ဖြစ်ပါတယ်။ ဒီ Appliation ရဲ့ ထူးခြားချက်တစ်ခုကတော့ သင့်ဖုန်းထဲမှာ မြင်နေရတဲ့ Application ကို Apk ဖိုင်မရှိလည်း icon ကို သင်ပို့ချင်တဲ့သူရဲ့ host ကို ဆွဲထည့်လိုက်ရုံနဲ့ လက်ခံတဲ့သူရဲ့ ဖုန်းထဲမှာ Apk ဖိုင်အဖြစ်နဲ့ ပြန်လည် လက်ခံယူနိုင်မှာ ဖြစ်ပါတယ်။ ဒီ Application ဟာ  တရုတ်ဆော့ဖ်ဝဲ ကုမ္ပဏီတစ်ခုက ထုတ်လုပ်ထားတာဖြစ်ပြီး အခမဲ့ Download လုပ်ယူနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုဖို့ အတွက်ကတော့ ဒီ Application ကို ထည့်သွင်းပြီးပြီဆိုရင် သူပေးထားတဲ့ အဆင့်အတိုင်းလိုက်ပြီး Avatar နေရာမှာ သင်နှစ်သက်ရာကို ရွေးချယ်ပြီး Create Group ဆိုတဲ့ ခလုတ်ကိုနှိပ်ပြီး Group တစ်ခု တည်ဆောက်ရမှာ ဖြစ်ပါတယ်။ အသုံးပြုမယ့် အခြားသူကတော့ သင်ဖန်တီးထားတဲ့ Group ထဲကို ဝင်ရောက်ချိတ်ဆက်ပြီး အသုံးပြုရမှာ ဖြစ်ပါတယ်။ Download ပြုလုပ်ရမယ့် ဖိုင်လင့်ခ်ကတော့ တရုတ်ဝက်ဘ်ဆိုက်တစ်ခုနဲ့ Download ပြုလုပ်နိုင်ပါတယ်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account