Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, January 11, 2013

Windows 8 Start Screeen တွင် Administrative Tools အား ထည့်သွင်းခြင်း



Photo
Windows 8 ရဲ့ Start Screen ဟာ အကောင်းမွန်ဆုံးသော တည်ဆောက်မှုတစ်ခုနဲ့ ခန့်ညားလှပါတယ်။ Start Screen အတွင်းမှာ Programm အများစုကို တွေ့မြင်နိုင်မှာဖြစ်ပြီး  Windows 8 အတွက် Administrative Tools ကိုတော့ ထည့်သွင်းထားခြင်း မရှိသေးပါဘူး။
Administrative Tools ကို အသုံးပြုချင်တယ် ဆိုရင်တော့ Search မှတစ်ဆင့် ရှာဖွေအသုံးပြုနိုင်မှာ ဖြစ်ပေမယ့် Start Screen အတွင်းကို ထည့်သွင်း အသုံးပြုမယ်ဆိုရင်လည်း ပိုမိုအဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။ Start Screen အတွင်းမှာ ထည့်သွင်း အသုံးပြုချင်တယ်ဆိုရင်တော့ - ပထမအဆင့်အနေနဲ့ Windows Key နဲ့ I ကိုနှိပ်ပြီး Ties ကို ခေါ်ရမှာ ဖြစ်ပါတယ်။ ဒုတိယအဆင့်ဖြစ်တဲ့ Ties ပေါ်လာပြီဆိုရင်တော့ Show Administrative Tools အောက်က Slide ကို Yes ဖြစ်အောင်ရွှေ့ပေးရမှာ ဖြစ်ပါတယ်။

ဒါဆိုရင်တော့ Windows 8 ရဲ့ Start Screen မှာ Component Services, Computer Management, Defragment and Optimize Drivers, Disk Cleanup, Event Viewer, iSCSI Initiator, Local Security Policy, ODBC Data Sources (32-bit), ODBC Data Sources (64-bit), Performance Monitor, Print Management, Resource Monitor, Services, System Configuration, System Information, Task Scheduler, Windows Firewall with advanced Security, Windows Memory Diognostic, Windows PowerShell (×86), Windows PowerShell ISD တို့ ပါဝင်လာမှာဖြစ်ပြီး Administraitve Tools တွေကို စတင် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။


ကိုစိုင်း

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account