နံနံပင်နဲ့
ကျောက်ကပ်ကုနိုင်ပါတယ်။ ဒါက အိန္ဒိယ ကနေ အာရှအထိ ပျံ့ နှံ့လာတဲ့
သဘာဝဆေးနည်း ဖြစ်ပြီး နိုင်ငံတကာ ဆေးပညာရှင်များပါ လက်ခံ အသုံးပြုနေပြီ
ဖြစ်တယ်လို့ သိရပါတယ်။
ကျောက်ကပ်က ခန္ဓာကိုယ်တွင်း/ သွေးထဲက
အညစ်အကြေး၊ ဆား၊ စွန့်ပစ် ပစ္စည်း၊ အဆိပ်အတောက်အားလုံးကို
စွန့်ထုတ်ပေးပါတယ်။ သန့်စင်ပေး ပါတယ်။ မိမိ စားသုံးသမျှ၊ အစားအစာ၊ သောက်ရေက
အစ မှာ ပါဝင် သမျှသော မလိုအပ်တဲ့
ဓာတ်များကို ကျောက်ကပ်မှ ဖယ်ထုတ်ပေး ပါတယ်။ လူ စဖြစ်ကတည်းက ယနေ့
အသက်ရှင်တဲ့ အချိန်အထိ မနားမနေ အလုပ် လုပ်နေရပြီး အထူးဂရုစိုက်ရန်
လိုအပ်ပါတယ်။
ဂရုစိုက်ဖို့ဆိုတာ ကျောက်ကပ်ကို သန့်ရှင်းနေစေဖို့
ဖြစ်ပါတယ်။ ယနေ့ အမျိုးသမီးရော၊ အမျိုးသားပါ ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါ
ဖြစ်ပွား မှုနှုန်း မြင့်တက်လာပါတယ်။ အဓိက ကတော့ ရေဓာတ် လျော့နည်းမှု၊ အစား
အသောက် မသန့်ရှင်းမှု၊ ဆီးလမ်းကြောင်း ပိုးဝင်မှုတို့ကြောင့် ဖြစ်ပြီး
ဒါတွေ ကို မဖြစ်အောင် ဖြစ်ရင်လည်း ကုသရအောင် နည်းလမ်းပေါင်း များစွာ ပေါ်
လာပါတယ်။
ခွဲစိတ်ကုသစရိတ်စကလည်း မနည်းပါဘူး။ ဆေးလည်း
ဈေးကြီးပါတယ်။ ဒါကြောင့် ဘယ်ရောဂါမဆို မဖြစ်လေ ကောင်းလေပဲမို့
ကျောက်ကပ်ရောဂါ မဖြစ်အောင် လူတိုင်း လုပ်နိုင်တဲ့ နည်းလမ်း ရှိပါတယ်။
မြန်မာငွေကျပ် တစ်ထောင်တက် ပိုမကုန်ပါဘူး။
အပေါ်ပုံက
ပြထားတဲ့အတိုင်း နံနံ သို့တည်းမဟုတ် ရိုးရိုးနံနံ ၁၀ ပင်မှ အပင် ၁၅ပင်
ကြားကိုပဲ နှုတ်နှုတ်ဆင်းပြီး ပုံမှာ ပြထားတဲ့ ရေတစ် ခွက် စာ ဖြည့်ထားတဲ့
ရေနွေးအိုးထဲထည့် ၁၀ မိနစ်လောက် ကြိုချက်ပေးရပါမယ်။ ရလာတဲ့ အရည်မှ
နံနံရွက်များကို စစ်ထုတ်ပြီး ပြုတ်ရည်တစ်ခွက်ကို အအေးခံပြီး သောက်ရပါ တယ်။
ကျောက်ကပ်ရောဂါရှိသူများ၊ ရှိရန်အစပျိုးသူများအနေ နဲ့ နေ့ စဉ်
သောက်သုံးသင့်ပြီး ကာကွယ်လို သူများအတွက် တစ်ပတ် တစ်ကြိမ် သို့တည်းမဟုတ် ၁၀
ရက် တစ်ကြိမ် လောက် ပုံမှန် စွဲသောက်ခြင်းဖြင့် ကျောက်ကပ်အမြဲ
သန့်ရှင်းနေစေ မယ့်လို့ ဆိုထားပါတယ်။ အိန္ဒိယဆေးနည်းအတိုင်းဆိုရင်
နံနံပင်ကလည်း ဘယ်နေရာမှာမဆို အလွယ်တကူ ရရှိနိုင်တဲ့ အတွက်
ဈေးသက်သက်သာသာနဲ့ ကျောက်ကပ် ရောဂါ ကာကွယ်နိုင်အောင် ကုသနိုင်အောင်
မျှဝေလိုက်ရပါတယ်။
0 comments:
Post a Comment
သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။
သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။
Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။
စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။
ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။
လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)