Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, January 4, 2013

သတိပေးဆေးရေးပန်းချီများ လမ်းမများထက်တွင်ရေးဆွဲလာ


မန္တလေး၊ဇန်န၀ါရီ၁

မန္တလေးမြို့၏အဓိကလမ်းမကြီး တချို့၌ မော်တော်ဆိုင်ကယ်များ လမ်းလယ်တွင်မစီးရန် ဆေးရေး ပန်းချီပုံများဖြင့်လမ်းမပေါ်၌ သတိပေးကြေညာ ရေးဆွဲထားသည်ကို တွေ့ရသည်။

“ဆိုင်ကယ်တွေ အလယ်ယာဉ်ကြော (ဘယ်ဘက်ကြော)ကို ၀င်မစီးရဘူး၊အခု လမ်းလယ်ကျွန်းကပ်လျက်မှာ နမူနာ ဆေးရေးပန်းချီတေ လိုက်ဆွဲနေတယ်၊ လိုအပ်တဲ့ အမှတ်အသားတွေကို ဇန်န၀ါရီလအကုန်မှာ အပြီးလုပ်ဆောင်မယ်”ဟု “မန်းစည်ပင်လမ်းတံတား” ဌာနမှူးဒေါ်ခင်မေဌေးက ပြောသည်။ မိန်းလမ်းမကြီး၏ လမ်းအလယ်တွင် ဆိုင်ကယ်မစီးရ သရုပ်ဖော် ဆေးရေးပန်းချီများကို ၃၅ လမ်း၊ ၇၈ လမ်း၊ ၆၂ လမ်း၊ ရန်ကုန်-မန်းလမ်းမကြီးနှင့် ကျုံးပတ်လည်တွင်ထပ်မံ ရေးဆွဲခြင်းများပြုလုပ်မည်ဟု သိရသည်။ “လမ်းမပေါ် ဆေးပန်းချီ ရေးဆွဲလို့အားလုံးပြီးသွားရင် ဆိုင်ကယ် မစီးရနေရာမှာ စီးတာတွေ့ရင်တော့မိုဘိုင်းနဲ့ ဖမ်းကြမှာ၊ယာဉ်ထိန်းရဲ၊ အခွန်၊ ကညန တို့ပူးပေါင်းပြီး ဖမ်းကြလိမ့်မယ်”ဟု ဒေါ်ခင်မေဌေးကပြောသည်။ မန္တလေးမြို့ရှိမိန်းလမ်းမတွင် ယာဉ်ကြော ရှုပ်ထွေးမှုများ ရှိသောကြောင့် ဘယ်ဘက်လမ်းကြောမ တစ်ဆင့်ကျော်တက်ရခြင်းများ ရှိသည်။ လမ်းအလယ်မောင်ြး ခင်းကို ဖမ်းဆီးခြင်းထက် လမ်းများချဲ့ပေးခြင်း၊ ယာဉ်ကြောမရှုပ်စေရန် ရှင်းလင်းပေးခြင်းတို့ကို လုပ်ပေးစေချင်ကြောင်း မန္တလေးဒေသခံအချို့က သုံးသပ်ပြောဆိုသည်။

credit to -AutoMobile ဂျာနယ်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account