Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, February 15, 2013

အပ္ပမာဒတရား

Photo: “အပ္ပမာဒတရား”
••••••••••••••
တစ်ခုသော နေရာ၌ ထိုင်ပြီးသော ပသေနဒီကောသလမင်းသည်
မြတ်စွာဘုရားအား . .
“အရှင်င်ဘုရား - မျက်မှောက်ဘဝ၌ ခံစားရသောအကျိုး၊ တမလွန်ဘဝ၌ ခံစားရသောအကျိုး ဟူသော အကျိုးနှစ်ပါးတို့ကို သိမ်းကျုံးယူ၍ တည်သော တစ်ခုသော တရားသည် ရှိပါသလော” ဟု ဤစကားကို လျှောက်၏၊

မင်းကြီး - မျက်မှောက်ဘဝ၌ ခံစားရသောအကျိုး၊ တမလွန်ဘဝ၌ ခံစားရသော အကျိုးဟူသော အကျိုးနှစ်ပါးတို့ကို သိမ်းကျုံးယူ၍ တည်သော တစ်ခုသော တရားသည် ရှိသည်သာလျှင်တည်း ဟု (မိန့်တော်မူ၏)။

အရှင်ဘုရား - မျက်မှောက်ဘဝ၌ ခံစားရသောအကျိုး၊ တမလွန်ဘဝ၌ ခံစားရသော အကျိုးဟူသော အကျိုးနှစ်ပါးတို့ကို သိမ်းကျုံးယူ၍ တည်သော တစ်ခုသော တရားသည် အဘယ်ပါနည်း ဟု (ဤသို့လျှောက်၏)၊

မင်းကြီး - မျက်မှောက်ဘဝ၌ ခံစားရသောအကျိုး၊ တမလွန်ဘဝ၌ ခံစားရသောအကျိုး ဟူသော အကျိုးနှစ်ပါးတို့ကို သိမ်းကျုံးယူ၍ တည်သော တစ်ခုသော တရားဟူသည် မမေ့လျော့မှု “အပ္ပမာဒတရား” ပင်တည်း။

မင်းကြီး - ဥပမာသော်ကား . .
ကုန်းသတ္တဝါတို့၏ ခြေရာဟူသမျှ အားလုံးတို့သည် ဆင်ခြေရာ၌ ပေါင်းစုခြင်းသို့ ရောက်ကုန်၏၊
ဆင်ခြေရာကို ကြီးသည်၏အဖြစ်ကြောင့် ထိုကုန်းသတ္တဝါတို့၏ ခြေရာတို့ထက် လွန်ကဲ၏ ဟူ၍ ပြောကြားအပ်သကဲ့သို့ . .

မင်းကြီး - ဤအတူသာလျှင် မျက်မှောက်ဘဝ၌ ခံစားရသော အကျိုး၊ တမလွန်ဘဝ၌ ခံစားရသောအကျိုးဟူသော အကျိုးနှစ်ပါးတို့ကို သိမ်းကျုံးယူ၍တည်သော တစ်ခုသော တရားဟူသည်
မမေ့မလျော့မှု “အပ္ပမာဒတရား” ပင်တည်း ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။

• အသက်ရှည်ခြင်းကို လည်းကောင်း၊
• ရောဂါမရှိခြင်းကို လည်းကောင်း၊
• အဆင်းလှခြင်းကို လည်းကောင်း၊
• နတ်ပြည်ကို လည်းကောင်း၊
• အမျိုးမြတ်ခြင်းကို လည်းကောင်း၊
• မွေ့လျော်ခြင်းတို့ကို လည်းကောင်း
အဆင့်ဆင့် အမြတ်တို့ကို တောင့်တသောသူသည် (မမေ့မလျော့ ပြုအပ်၏)။

ပညာရှိတို့သည် ကုသိုလ်ပြုရာ ပုညကိရိယာဝတ္ထုတို့၌ မမေ့မလျော့ခြင်းကို ချီးမွမ်းကုန်၏၊
မမေ့မလျော့သော ပညာရှိသည် အကျိုးနှစ်ပါးတို့ကို သိမ်းယူနိုင်၏၊ မျက်မှောက်ဘဝ၌ ခံစားရသော အကျိုး၊ တမလွန်ဘဝ၌ ခံစားရသောအကျိုး ဟူသော အကျိုးနှစ်ပါးကို ရခြင်းကြောင့် ပညာရှိသော သူကို “ပဏ္ဍိတ” ဟူ၍ ဆိုအပ်၏ ဟု (မိန့်တော်မူ၏)။

( သဂါထာဝဂ္ဂသံယုတ်ပါဠိတော်၊ ဒုတိယ၀ဂ်၊ အပ္ပမာဒသုတ် )
3 Treasures: Buddha, Dhamma & Sangha
တစ်ခုသော နေရာ၌ ထိုင်ပြီးသော ပသေနဒီကောသလမင်းသည်
မြတ်စွာဘုရားအား . .
“အရှင်ဘုရား - မျက်မှောက်ဘဝ၌ ခံစားရသောအကျိုး၊ တမလွန်ဘဝ၌ ခံစားရသောအကျိုး ဟူသော အကျိုးနှစ်ပါးတို့ကို သိမ်းကျုံးယူ၍ တည်သော တစ်ခုသော တရားသည် ရှိပါသလော” ဟု ဤစကားကို လျှောက်၏၊


မင်းကြီး - မျက်မှောက်ဘဝ၌ ခံစားရသောအကျိုး၊ တမလွန်ဘဝ၌ ခံစားရသော အကျိုးဟူသော အကျိုးနှစ်ပါးတို့ကို သိမ်းကျုံးယူ၍ တည်သော တစ်ခုသော တရားသည် ရှိသည်သာလျှင်တည်း ဟု (မိန့်တော်မူ၏)။

အရှင်ဘုရား - မျက်မှောက်ဘဝ၌ ခံစားရသောအကျိုး၊ တမလွန်ဘဝ၌ ခံစားရသော အကျိုးဟူသော အကျိုးနှစ်ပါးတို့ကို သိမ်းကျုံးယူ၍ တည်သော တစ်ခုသော တရားသည် အဘယ်ပါနည်း ဟု (ဤသို့လျှောက်၏)၊

မင်းကြီး - မျက်မှောက်ဘဝ၌ ခံစားရသောအကျိုး၊ တမလွန်ဘဝ၌ ခံစားရသောအကျိုး ဟူသော အကျိုးနှစ်ပါးတို့ကို သိမ်းကျုံးယူ၍ တည်သော တစ်ခုသော တရားဟူသည် မမေ့လျော့မှု “အပ္ပမာဒတရား” ပင်တည်း။

မင်းကြီး - ဥပမာသော်ကား . .
ကုန်းသတ္တဝါတို့၏ ခြေရာဟူသမျှ အားလုံးတို့သည် ဆင်ခြေရာ၌ ပေါင်းစုခြင်းသို့ ရောက်ကုန်၏၊
ဆင်ခြေရာကို ကြီးသည်၏အဖြစ်ကြောင့် ထိုကုန်းသတ္တဝါတို့၏ ခြေရာတို့ထက် လွန်ကဲ၏ ဟူ၍ ပြောကြားအပ်သကဲ့သို့ . .

မင်းကြီး - ဤအတူသာလျှင် မျက်မှောက်ဘဝ၌ ခံစားရသော အကျိုး၊ တမလွန်ဘဝ၌ ခံစားရသောအကျိုးဟူသော အကျိုးနှစ်ပါးတို့ကို သိမ်းကျုံးယူ၍တည်သော တစ်ခုသော တရားဟူသည်
မမေ့မလျော့မှု “အပ္ပမာဒတရား” ပင်တည်း ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။

• အသက်ရှည်ခြင်းကို လည်းကောင်း၊
• ရောဂါမရှိခြင်းကို လည်းကောင်း၊
• အဆင်းလှခြင်းကို လည်းကောင်း၊
• နတ်ပြည်ကို လည်းကောင်း၊
• အမျိုးမြတ်ခြင်းကို လည်းကောင်း၊
• မွေ့လျော်ခြင်းတို့ကို လည်းကောင်း
အဆင့်ဆင့် အမြတ်တို့ကို တောင့်တသောသူသည် (မမေ့မလျော့ ပြုအပ်၏)။

ပညာရှိတို့သည် ကုသိုလ်ပြုရာ ပုညကိရိယာဝတ္ထုတို့၌ မမေ့မလျော့ခြင်းကို ချီးမွမ်းကုန်၏၊
မမေ့မလျော့သော ပညာရှိသည် အကျိုးနှစ်ပါးတို့ကို သိမ်းယူနိုင်၏၊ မျက်မှောက်ဘဝ၌ ခံစားရသော အကျိုး၊ တမလွန်ဘဝ၌ ခံစားရသောအကျိုး ဟူသော အကျိုးနှစ်ပါးကို ရခြင်းကြောင့် ပညာရှိသော သူကို “ပဏ္ဍိတ” ဟူ၍ ဆိုအပ်၏ ဟု (မိန့်တော်မူ၏)။

( သဂါထာဝဂ္ဂသံယုတ်ပါဠိတော်၊ ဒုတိယ၀ဂ်၊ အပ္ပမာဒသုတ် )
3 Treasures: Buddha, Dhamma & Sangha

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account