Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, February 15, 2013

ချစ်သူများနေ့နဲ့ မင်္ဂလာဦးည အပျော်ဆုံးနေ့အကြောင်း သိကောင်းစရာများ


ဦးဇင်းမနှစ်က မြန်မာပြည်မှာ ချစ်သူများနေ့နဲ့ မင်္ဂလာဦးည အပျော်ဆုံးနေ့အကြောင်းကို တရားပွဲမှာ ဆက်စပ်မိသွားတာနဲ့ ထည့်ဟောခဲ့တာလေးကို အခုချိန်မှာ ရေးသားပေးဖို့ တောင်းဆိုလာတာနဲ့ ဖေဖ၀ါရီ(၁၄)ဟာ ဦးဇင်းမွေးနေ့လည်းဖြစ်တာကြောင့် ဦးဇင်းမွေးနေ့မှာ လူငယ်များ မမှားသင့်တာ မမှားမိအောင်၊ မိဘအုပ်ထိန်းသူများလည်း ကိုယ့်သားသမီးကို ကြိုတင်တားမြစ်နိုင်အောင် ဘ၀ပျက်ခြင်း၊ ကာမေသုမိစ္ဆာစာရကံ ကျုးလွန်ခြင်းများ မဖြစ်ရအောင် အွန်လိုင်းပေါ်မှ သတင်းများယူပြီး ထည့်သင့်တာလေးထည့်ပေးထားပါတယ်။ လက်တစ်ဖက်ကျိုးနေပေမဲ့ ရေးပေးချင်တဲ့ စေတနာက တားမရအောင်ဖြစ်နေလို့ ကျန်တစ်ဖက်နဲ့ သတိပေးစကားလေး မွေးနေ့ကုသိုလ်အဖြစ် ရေးသားပေးလိုက်ပါတယ်။


မြန်မာစကားတွင် အပျော်ဆုံးနေ့ (၃)ရက်ရှိတယ်လို့ ရှေးလူကြီးများက ဆိုကြပါတယ်။ အဲဒီ(၃)ရက်ထဲတွင် မင်္ဂလာဆောင်တဲ့နေ့ဟာ ကိုယ့်ချစ်သူနဲ့ အတူနေရတော့မှာဆိုပြီး စိတ်ကူးနဲ့ ပျော်ရွှင်ရဆုံးနေ့ ဖြစ်ပေမဲ့ ယနေ့ခေတ်မှာက စိတ်ကူးလေးနဲ့ ပျော်ရွှင်ရမဲ့ခံစားမှုကို ကြုံဖူးပြီးသား ဖြစ်နေကျတာကို အောက်မှာဖော်ပြမဲ့ ချစ်သူများနေ့ ဖြစ်ပျက်ပုံတို့ကို ဖတ်ကြည့်ပါက ယနေ့ခေတ် မင်္ဂလာဆောင်တဲ့နေ့ဟာ အများအားဖြင့် အပျော်ဆုံးဖြစ်တော့မှာ မဟုတ်ပါပေ။

ဖေဖ၀ါရီ(၁၄)ရက် ချစ်သူများနေ့ဆိုတာ ချစ်သူစုံတွဲတစ်တွဲအတွက် အသက်စွန့်ခဲ့တဲ့ ခရစ်ယာန်ဘုန်းတော်ကြီးကိုဂုဏ်ပြုတဲ့ အနေနဲ့ဖြစ်လာတာပါ။ ဒါကို အခုနောက်ပိုင်း တစ်လွဲဆံပင်ကောင်းသူတွေကြောင့် ကမ္ဘာပေါ်မှာ HIV/AIDS အကူးခံရမှုအများဆုံးနေ့တစ်နေ့လို ဖြစ်လာနေပါတယ်။ မြန်မာနိုင်ငံမှာ (၁၄)ရက်နေ့ဆိုရင် ပန်းခြံစတဲ့နေရာတွေ၊ ဟိုတယ်၊ တည်းခိုခန်းတွေမှာ လူပြည့်နေလို့ ထိုင်စောင့်နေရလောက်အောင် များပြားကြောင်း သတင်းတွေ ကြားနေရပါတယ်။ အဲဒီလို ပြုလုပ်ကြတဲ့စုံတွဲတွေကို စစ်ဆေးကြည့်လိုက်ရင် အချောင်းသမားစိတ်ဓာတ်ရှိသူ၊ အညှာလွယ်သူ၊ ဘ၀ကို တန်ဖိုးမထားသူ၊ အရှက်မရှိသူ၊ စည်းမစောင့်သူ၊ အကုသိုလ်ကို မကြောက်သူများသာ ဖြစ်တယ်ဆိုတာ ထင်ရှားနေပါတယ်။

မိမိတကယ်ချစ်တဲ့သူ၊ တကယ်ယူမဲ့သူဆိုရင် လက်ထက်ပြီးပါက ဖြစ်လာမယ်ဆိုတာ အားလုံးသိကြတာမို့ လက်မထက်သေးဘဲ ကာမကျုးလွန်မှုထိ အခွင့်ရေးယူကြ၊ ပြုလုပ်ကြတာဟာ ပေးသူရော၊ ပြုကျင့်သူပါ အသိဉာဏ်မရှိတဲ့သူတွေ တိရစ္ဆာန်နီးပါး ဖြစ်နေကြလို့ပါ။

ကိုယ်နဲ့ တကယ်ပေါင်းဖက်ဖြစ်မဖြစ်ဆိုတာ မသေချာသေးဘဲ ချစ်သူများနေ့တွင် ကိုယ့်အပျိုစင်ဘဝကို ကိုယ့်ချစ်သူအတွက် ပေးဆပ်မည်ဟု တွေးထားသော မိန်းကလေးများလည်း အများအပြားရှိသလို ကိုယ့်ချစ်သူရဲ့ အပျိုစင်ဘဝကို ရယူမည်ဟု တွေးထားတဲ့ ယောက်ျားလေးများလည်းရှိပါတယ်။ သို့သော် မိမိက အပျိုစင် လူပျိုစစ်စစ်ဖြစ်သော်လည်း မိမိချစ်သူက တခြားလူတစ်ယောက်နဲ့ ဆက်ဆံဖူးသလားဆိုတာကို သေချာသိသည့်လူက နည်းပါတယ်။ ထို့အတွက် အကာကွယ်မဲ့ လိင်ဆက်ဆံကြပြီး ရောဂါပိုးကူးသူ ဒုနဲ့ဒေးဖြစ်နေကြတာပါ။ မနှစ်က ဖေဖော်ဝါရီ တတိယပတ်တွင် ဖတ်ရတဲ့ အင်္ဂလိပ်လူမှုရေးဆိုဒ်တစ်ခုအဆိုအရ တစ်ကမ္ဘာလုံးတွင် (၂၀၁၁)ချစ်သူများနေ့၌ အတူနေ စုံတွဲ သန်း(၁၅၀)ကျော်ရှိပြီး နှစ်စဉ်နှစ်တိုင်း ထိုနေ့တွင် HIV/AIDS ကူးဆက်ခံရသူ (၆)သိန်းကျော်မျှရှိသည်ဟုသိရပြီး အာရှတိုက်တွင် မနှစ်က ချစ်သူများနေ၌ ရောဂါပိုးကူးစက်ခံသူ (၃)သိန်းမျှအထိ ရှိသည်လို့ သိရပါတယ်။

အများစုမှာ အသက်(၂၀)မကျော်သူများဖြစ်ကြပြီး ကောလိပ်၊တက္ကသိုလ်ကျောင်းသား ကျောင်းသူများဖြစ်သည်ဟု ဖြည့်စွက် ပြောကြားထားပါတယ်။ မြန်မာပြည်တွင် ရောဂါပိုးရှိသူများ၏ ၂၀%သည် မိမိချစ်သူ ခင်ပွန်းထံမှ ရရှိခြင်းဖြစ်တယ်လို့ လူမှုရေးအသင်းအဖွဲ့တစ်ခုမှ တာဝန်ခံကပြောပါတယ်။ မြန်မာနိုင်ငံတွင် HIV/AIDS ရောဂါရှိသော်လည်း TB ဟုအမည်တပ်ပြီးသေဆုံးသူ နှစ်စဉ် (၁၀၀၀)ဝန်းကျင်ခန့်ရှိပြီး မည်သည့်ရောဂါမှန်းမသိဘဲ သေဆုံးသူ (၅၀၀၀)ကျော်ခန့်ရှိသည်ဟု ကျမ်းမာရေးဌာနတွင် ဒုညွှန်တာဝန်ယူထားသူ တစ်ဦးက ဆိုပါတယ်။

ချစ်သူများနေ့တွင် တစ်ကမ္ဘာလုံး၌ မိမိချစ်သူအတွက် သုံးစွဲငွေမှာ ဒေါ်လာလေးဘီလျှံနှင့်အထက်တွင် ရှိနိုင်သည်ဟု OXFORD တက္ကသိုလ် စီးပွားရေးအထူးပြုကျောင်းသားတစ်ဦးက twitter တွင် ခန့်မှန်းပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံတွင် ထိုနေ့၌ အခန်းခများ ဈေးတက်ပြီး တစ်နာရီလျှင် တစ်သောင်းကျော်အထိ ယူသည်ဟုသိရပါတယ်။
ထိုကဲ့သို့ ငွေများ အလဟသတ် ကုန်ဆုံးနေခြင်းမှာ နှမြောဖို့အလွန်ကောင်းလှပြီး လိုအပ်နေသော လူမှုရေးအဖွဲ့အစည်းများကို လှူမယ်ဆို ဘယ်လောက်များကောင်းပါလိမ့်မည်နည်း။ အခုနောက်ပိုင်းတွင် တစ်ကမ္ဘာလုံးမှာ လူ့အခွင့်အရေးခေါင်းစဉ်ဖြင့် လူသားတွေကို ဖျက်ဆီးနေကြပါတယ်။ Gay ဥပဒေပေါ်ထွက်လာခြင်းမှာ သဘာဝကို ဆန့်ကျင်ခြင်းဖြစ်ပြီး လူသားမျိုးတုံးမှု အန္တရာယ်ရဲ့ အစလည်းဖြစ်နေပါတယ်။ နိုက်ကလပ်များ ဇိမ်ခံခန်းများကြောင့် ထိုင်းနိုင်ငံတွင် နှစ်စဉ် လူတစ်သိန်းခန့် HIV/AIDS ကူးစက်ခံစားရပြီး ဒီမိုကရေစီဟု အမည်တပ်ပြီး ဆက်လက်ရှင်သန်နေသည့် နိုက်ကလပ်များ ဇိမ်ခံခန်းများမှာ တရားဝင်ရော တရားမဝင်ပါ အများအပြားရှိပြီး ထိုင်းနိုင်ငံမှာ ရောဂါပိုးကူးဆက်ခံရပြီး မြန်မာလူမျိုးများ မိမိတိုင်းပြည်အတွင်း ပြန်ဝင်ရောက်လာခြင်းမှာလည်း ရင်လေးစရာကိစ္စဖြစ်ပါပေတယ်။

လူ့အခွင့်အရေး လူ့အခွင့်အရေးခေါင်းစဉ်ကြောင့်ပဲ တဖြည်းဖြည်းနဲ့ လူသားများဟာ တိရစ္ဆာန်နဲ့မခြားဖြစ်လာပြီး အရှက်အကြောက်လည်း နည်းသထက်နည်းလာတယ်။ အဝတ်အစားဖက်ရှင်များ အနေအထိုင်ရဲတင်းမှုများစသည့် ဆိုးကျိုးများမှာ ကမ္ဘာမှတဆင့် မြန်မာသို့ ကူးစက်လာတယ်။ လမ်းပေါ်တွင် ခွေးများမှာ အကာအကွယ်မဲ့ မိတ်လိုက်ကြပြီး၊ မည်သည့်ကိုမျှ မရှက်ကြပါ။ ယနေ့ခေတ်လူငယ်များဟာ ထိုအဆင့်သို့ မရောက်သေးသော်လည်း ကားပေါ်၊ ရထားပေါ်များတွင် ရဲတင်းစွာဖက်လဲတကင်း နေထိုင်နေခြင်းများကို ခရီးသွားပြည်သူများ နေ့စဉ် မြင်တွေ့နေရသည်မှာ မျက်မြင်ဖြစ်ပါလိမ့်မယ်။ ထို့အတွက်ဖြင့်ပဲ ကလေးဖျက်ချခြင်းကြောင့် မိန်းမငယ်များစွာ အသက်စတေးရပြီး သားသမီးစွန့်ပစ်မှုနှုန်းများလည်း တက်လာနေပါတယ်။ တချိန်က အလွန်ယဉ်ကျေးလှသော မြန်မာလူမျိုးများကို ချစ်သူများနေ့တွင် ပျက်စီးခြင်း မဖြစ်စေချင်ပါ။

လူတွေရဲ့စိတ်မှာ ချစ်သူများနေ့ဆို မဟုတ်တာပဲလုပ်ဖို့ တွေးနေကြတာ များနေပါတယ်။ ထိုနေ့တွင် အခန်းမဲဖောက်ပေးဖို့ လုပ်တဲ့ကိစ္စကိုပဲ ကြည့်ပါ။ ကိုယ်ချစ်တဲ့သူနဲ့တော့ အတူနေချင်ကြတာ ယောက်ျားတိုင်းပါပဲ။ ဒါပေမယ့် အဲလို ချစ်သူတွေအတွက် မင်္ဂလာရှိတဲ့နေ့မှာတော့ မဟုတ်တာ မလုပ်သင့်ပါဘူး။ ချစ်သူများနေ့မှာ အကျိုးမရှိကုန်မယ့်အစား လိုအပ်မယ့် နေရာအချို့ကို လှူဒါန်းလိုက်မယ်ဆိုရင် ယခုဘ၀မှာလည်း ရာသက်ပန်ပျော်ရွှင်မှုများနဲ့ ဆုံဆည်းရမှာပါ။ မဟုတ်တာတွေလုပ်ကြရင်သာ မိနစ်ပိုင်းတွင်း ခံစားရတာကနည်းနည်း မျက်မှောက်တမလွန်မှာ ခံစားရမဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေက အများကြီးဆိုတာ သတိလေးထားစေချင်တယ်။ ဒါကြောင့် ချစ်သူများနေ့မှာ ကိုယ်ချစ်တဲ့သူနဲ့ ဘ၀တိုင်းဆုံဆည်းရပြီး မျက်မှောက်မှာလည်း ကောင်းကျိုးများရရှိအောင် အခုကတည်းက ကောင်းမှုအတူလုပ်ရင်း ပါရမီဖြည့်ကြပါလို့ တိုက်တွန်းပါရစေ။

ချစ်သူများနေ့ပေါ်ပေါက်လာပုံ အကျယ်ကို သိချင်ရင်တော့ http://www.sanninaymin.com/2012/02/valentines-day.html မှာ ဖတ်ကြည့်နိုင်ပါတယ်။ ဦးဇင်းတရားထဲမှာ ထည့်ဟောခဲ့တာကို နာကြည့်ချင်ရင်တော့ http://www.sanninaymin.com/2012/06/blog-post_07.html တွင် နာကြားနိုင်ပါတယ်။

အရှင်ကောမလ ဆန်နီနေမင်း

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account