Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, February 15, 2013

အနိရုဒ္ဓ၏ပုဂံ

\အနိရုဒ္ဓ ၊ ဒေ၀တမန်
ငါနန်းစံသည်
ပုဂံမည်သော နေပြည်တော်။


ကြေးနီအဆင်း ၊ မြေတလင်း၌
မင်းမင်းစံတည် ၊ ပုဂံပြည်ကား
စေတီမြင့်မြင့် ၊ ကြာဖူးပွင့်သို့
အတင့်အတယ် ၊ အဖွယ်အရာ
နန်းတော်သာနှင့်
ဧရာဝတီ ၊ သာမောစည်စိမ့်။

ငါ့ပြည်ရပ်ဌာန် ၊ ငါ့နိုင်ငံဟု
ပုဂံပြည်သူ ၊ ခွန်အားယူ၍
စိုက်ထူခဲ့ချေ ၊ ပုဂံမြေကား
ဧရာဝတီ ၊ အဓွန့်ရှည်သို့
ဤပြည်ဤမြေ ၊ အသရေဖြင့်
ရှည်စေသတည်း ၊ တည်စေသတည်း။

ပြည်သူတို့လက် ၊ ငါ၏လက်ဖြင့်
မြေမျက်နှာပြင် ၊ မြကောက်ပင်တို့
ပြုံးရွှင်ကြစေ ၊ ရယ်ကြစေလော့။

ယာမြေခရောင်း ၊ ဆည်တူးမြောင်းဖြင့်
မြစ်ချောင်းစီးရေ ၊ ငါခိုင်းစေအံ့။

ရွှေပင်ဝါ၀င်း ၊ ပြည်လုံးလင်းအောင်
နတ်မြင်းခွာသံ ၊ ပြည်လုံးလျှံအောင်
လှံပျံကိုင်စွဲ ၊ ပြည်လုံးရဲအောင်
ကောက်ပဲသီးနှံ ၊ နတ်ရေကန်ဖြင့်
သန်သန်စွမ်းစွမ်း ၊ အံ့မခန်းဖွယ်
ပြည့်ဝမ်းမောက်လျှံစေသတည်း။

ငါတို့အားမာန် ၊ ငါ့တို့ဥာဏ်ဖြင့်
ဖန်တီးခဲ့သည် ၊ ပုဂံပြည်တည့်။

ပုဂံပြည်အား ၊ ပုဂံသားတို့
လှံဓားကိုင်၍ စောင့်ကုန်လော့။
တရားလည်းဖြောင့် ၊ မြားလည်းဖြောင့်၍
စောင့်ရှောက်မြဲကြစေသတည်း။

တင်မိုး
ရှုမဝ
(၃၀-၈-၇၅ မှာရေး ၁၇-၁၂-၇၆ပြီး)
ပန်းချီ u saw hlaing

Photo: “အနိရုဒ္ဓ၏ပုဂံ”

အနိရုဒ္ဓ ၊ ဒေ၀တမန်
ငါနန်းစံသည်
ပုဂံမည်သော နေပြည်တော်။

ကြေးနီအဆင်း ၊ မြေတလင်း၌
မင်းမင်းစံတည် ၊ ပုဂံပြည်ကား
စေတီမြင့်မြင့် ၊ ကြာဖူးပွင့်သို့
အတင့်အတယ် ၊ အဖွယ်အရာ
နန်းတော်သာနှင့်
ဧရာဝတီ ၊ သာမောစည်စိမ့်။

ငါ့ပြည်ရပ်ဌာန် ၊ ငါ့နိုင်ငံဟု
ပုဂံပြည်သူ ၊ ခွန်အားယူ၍
စိုက်ထူခဲ့ချေ ၊ ပုဂံမြေကား
ဧရာဝတီ ၊ အဓွန့်ရှည်သို့
ဤပြည်ဤမြေ ၊ အသရေဖြင့်
ရှည်စေသတည်း ၊ တည်စေသတည်း။

ပြည်သူတို့လက် ၊ ငါ၏လက်ဖြင့်
မြေမျက်နှာပြင် ၊ မြကောက်ပင်တို့
ပြုံးရွှင်ကြစေ ၊ ရယ်ကြစေလော့။

ယာမြေခရောင်း ၊ ဆည်တူးမြောင်းဖြင့်
မြစ်ချောင်းစီးရေ ၊ ငါခိုင်းစေအံ့။

ရွှေပင်ဝါ၀င်း ၊ ပြည်လုံးလင်းအောင်
နတ်မြင်းခွာသံ ၊ ပြည်လုံးလျှံအောင်
လှံပျံကိုင်စွဲ ၊ ပြည်လုံးရဲအောင်
ကောက်ပဲသီးနှံ ၊ နတ်ရေကန်ဖြင့်
သန်သန်စွမ်းစွမ်း ၊ အံ့မခန်းဖွယ်
ပြည့်ဝမ်းမောက်လျှံစေသတည်း။

ငါတို့အားမာန် ၊ ငါ့တို့ဥာဏ်ဖြင့်
ဖန်တီးခဲ့သည် ၊ ပုဂံပြည်တည့်။

ပုဂံပြည်အား ၊ ပုဂံသားတို့
လှံဓားကိုင်၍ စောင့်ကုန်လော့။
တရားလည်းဖြောင့် ၊ မြားလည်းဖြောင့်၍
စောင့်ရှောက်မြဲကြစေသတည်း။

တင်မိုး
ရှုမဝ
(၃၀-၈-၇၅ မှာရေး ၁၇-၁၂-၇၆ပြီး)
ပန်းချီ u saw hlaing

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account