Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, February 15, 2013

အသားကင် များတွင် အဏုဇီဝ ပိုးများ ပါဝင်

Photo: အသားကင် များတွင် အဏုဇီဝ ပိုးများ ပါဝင်
________________________________________
အကင်ဆိုင် များတွင်ရောင်းချ လျက်ရှိသော ဘာဘီကျူးများဖြစ်ကြ သည့် ကြက်ဘာဘီကျူး၊ ငါးဘာဘီ ကျူး၊ အမဲသားဘာဘီကျူးတွေမှာ E.coli အများဆုံးပါဝင်ပြီး ၀မ်းပျက် ၀မ်းလျှောရောဂါကို ဖြစ်ပွား စေသည့် Salmonella အုပ်စုများလည်း ပါဝင် နေသည် ကို တွေ့မြင်ရကြောင်း အဏုဇီဝ ပညာရှင် ဒေါက်တာစိုးစိုးထွေးက ပြောဆိုသည်။ “ရန်ကုန်တိုင်းအတွင်းက အကင်ဆိုင် တွေကိုလေ့လာကြည့်တဲ့အခါမှာ အကင်ဆိုင် တွေမှာရောင်းချနေကြတဲ့ ဘာဘီကျူးတွေမှာ အဏုဇီဝပိုးတွေကို တွေ့ရတယ်။

အဲဒါတွေကို စားသောက်တဲ့သူတွေမှာ အစားအစာကြောင့် ဖြစ်တဲ့ရောဂါတွေ ၀င်ရောက်လာတဲ့ အထောက် အထားတွေ တွေ့မြင်ရပါတယ်”ဟု အဆိုပါ အဏုဇီဝပညာရှင် ဒေါက်တာစိုးစိုးထွေးက ပြောသည်။ အဆိုပါဘာဘီကျူးများကို ကိုယ် ခံအားနည်းနေချိန်တွင် စားသုံးမိသူများအနေ ဖြင့် သက်ဆိုင်ရာရောဂါပိုးများ၏ တိုက်ခိုက်မှု ဒဏ်ကိုခံရသည့် သုတေသနပြုချက်များလည်း ရှိသည်ကို တွေ့ရကြောင်း၊ အချို့စားသုံးသူများ မှာ အစားအစာကြောင့်ဖြစ်သောရောဂါများ ဒဏ်ကိုခံစားရကြောင်း အဆိုပါပညာရှင်က ပြောသည်။

ဘာဘီကျူးအချို့တွင် ပါဝင်သော Pseudomonas ပိုးများမှာ နာတာရှည်ရော ဂါသည်တို့ အိပ်ရာထဲလဲနေစဉ်၌ ဖြစ်ပွားတတ် သည့် ကျောနှင့်တင်ပါးဆုံကဲ့သို့နေရာမျိုးများတွင် အနာများ ဖြစ်ပွားသကဲ့သို့ အဆိုပါ Pseudmonas ပိုးများကအနာဖြစ်စေနိုင်ကြောင်း သိရ သည်။ ဘာဘီကျူးများ၌ Shigella ပိုးက အများ ဆုံး ဖြစ်ပြီး ဒုတိယအများဆုံးမှာ E.coli Salmonella တတိယအများဆုံးဖြစ်ပြီးစတုတ္ထ အများဆုံးကတော့ Pseudomonas ပိုးများ ဖြစ်သည်ဟု အဆိုပါ ပညာရှင်က သူမ၏စာ တမ်းတွင်ထည့်သွင်းခဲ့ကြောင်းပြောဆိုသည်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account