ကိုယ်အလေးချိန်
များလာတဲ့အခါ တခြား သူတွေက သင့်ခန္ဓာကိုယ် အနေအထားနဲ့ ပတ်သက်ပြီး
စိတ်အလိုမကျတဲ့ အတွေးတွေ ဝင်လာ နိုင်ပါတယ်။ ဒီအချိန်မှာ လေ့ကျင့်ခန်း
လုပ်ပြီး
အစားအသောက်ကို လျှော့ချ ချင်ပေမယ့် ဒီလို လိုက်နာဖို့ ခက်ခဲ နေကြပါတယ်။ ဒါကြောင့် ကိုရီးယား မင်းသမီးတွေရဲ့ ငှက်ပျောသီးနဲ့ ကိုယ်အလေးချိန် လျှော့ချနည်းကို ဖော်ပြ ပေးလိုက်ပါတယ်။ ငှက်ပျောသီးမှာပါတဲ့ အင်ဇိုင်းတွေက အစာချေ ဖျက်တဲ့ ဖြစ်စဉ်ကို ကောင်းမွန် စေပြီး ကိုယ်အလေးချိန်ကို လျှော့ချ ပေးကြောင်း သီအိုရီ တစ်ခု အရ သိရပါတယ်။ တခြား သီအိုရီ တစ်ခုအရ ငှက်ပျောသီးက ကြာကြာ ဗိုက်ပြည့်စေပြီး အဆီတွေကို လောင်ကျွမ်း စေတယ်လို့ ဆိုပါတယ်။