Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, March 5, 2012

ဝက်ဘ်ဆိုက်တစ်ခုကို လုံခြုံစိတ်ချစွာ အသုံးပြုခြင်း

အွန်လိုင်းပေါ်မှာ ဘဏ်လုပ်ငန်းကိစ္စများ ပြုလုပ်ခြင်း၊ ဈေးဝယ်ခြင်းစတဲ့ ဘဏ္ဍာရေးဆိုင်ရာ  လုပ်ငန်းကိစ္စရပ်တွေကို ပြုလုပ်ရာမှာ အင်တာနက်ဟာ တကယ့်ကို အဆင်ပြေစွာနဲ့ လုပ်ဆောင် နိုင်စေပေမယ့် အသုံးပြုသူရဲ့ ငွေကြေးတွေကိုတော့ လုံခြုံမှုရှိစေဖို့ လိုပါတယ်။ ဒီဆောင်းပါးမှာ အင်တာနက်ပေါ်တွင် အရောင်းအဝယ် ပြုလုပ်ရာ၌ ပြုလုပ်သည့် နည်းလမ်းများ အပါအဝင် ဝက်ဘ်ဆိုက်ကို လုံခြုံမှုရှိစေအောင် ပြုလုပ်ခြင်းနဲ့ SSL Security Certificate စစ်ဆေးခြင်းတို့ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းကိစ္စရပ်များအတွက် ဝက်ဘ်ဆိုက်ကို လုံခြုံအောင် ပြုလုပ်ခြင်း အရေးကြီးတဲ့ အချက်အလက် ဒါမှမဟုတ် ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များကို အွန်လိုင်းတွင် ပေးပို့ခြင်း မပြုလုပ်မီ ချိတ်ဆက် အသုံးပြုနေတဲ့ ဝက်ဘ်ဆိုက်ဟာ လုံခြုံမှု ရှိ၊ မရှိ သိထားဖို့ လိုပါတယ်။ လုံခြုံမှုရှိတဲ့ ဆိုက်တွေဟာ အချက်အလက်တွေကို စာဝှက်အဖြစ် ပြောင်းလဲကာ (encrypt) ကာကွယ်ပေးပါတယ်။ ဝက်ဘ်ဆိုက်တစ်ခု လုံခြုံမှုရှိ၊ မရှိ ဆိုတာကို https နဲ့ browser ရဲ့ Security Symbol တို့က ညွှန်ပြပေးနိုင်ပါတယ်။

Https

ဝက်ဘ်ဆိုက်လိပ်စာရဲ့ အစကို http နဲ့ https တို့နဲ့ စတင်ပါတယ်။ အကယ်၍ ဝက်ဘ်ဆိုက်လိပ်စာကို https နဲ့ စတင်တဲ့အခါမှာ အချက်အလက်တွေကို encrypt လုပ်ကာ ပေးပို့ပါတယ်။ သို့မှသာ ဆိုက်ဘာ ဒုစရိုက်သမားတွေကနေ အဆိုပါ အချက်အလက်တွေကို ကြားဖြတ်ရယူတဲ့အခါ အသုံးပြုသူရဲ့ အချက်အလက်တွေကို မသိရှိနိုင်မှာ ဖြစ်ပါတယ်။

Security Symbol

အသုံးပြုသူရဲ့ browser ဟာ ဝက်ဘ်ဆိုက်တစ်ခု လုံခြုံမှု ရှိ၊ မရှိဆိုတာကို လုံခြုံမှုသင်္ကေတ (Security Symbol) ဒါမှမဟုတ် သော့ခလောက် ပုံစံဖြင့် ဖော်ပြပေးပါတယ်။ သော့ခလောက် ပုံစံတွေကတော့ browser အပေါ်မူတည်ပြီး တည်နေရာနဲ့ ပုံစံကွဲပြားပါတယ်။

လုံခြုံရေး သတိပေးချက်များနှင့် SSL Certificate

လုံခြုံမှုရှိတဲ့ ဆိုက်တွေမှာ SSL Certificate တစ်ခုစီ ရှိပါတယ်။ SSL Certificate တစ်ခုဟာ ကိစ္စရပ် ၂ ခုကို လုပ်ဆောင်ပါတယ်။ ပထမ အနေနဲ့ကတော့ SSL Certificate ဟာ virtual passport တစ်ခု ဒါမှမဟုတ် ကားမောင်း လိုင်စင်တစ်ခုနဲ့ ဆင်တူပြီး မည်သူမည်ဝါ ဖြစ်ကြောင်းကို ဖော်ပြပေးပါတယ်။ ဒုတိယအနေနဲ့ကတော့ ၎င်းဟာ စာဝှက်အဖြစ် ပြောင်းလဲခြင်း (encryption) ကို လုပ်ဆောင်ပါတယ်။ SSL Certificate မရှိတဲ့ ဝက်ဘ်ဆိုက်ဟာ https အစား http နဲ့သာ စတင်လေ့ရှိပြီး browser ကလည်း သော့ခလောက်ပုံစံနဲ့ ဖော်ပြခြင်း မရှိပါဘူး။ SSL Certificate ရှိတယ်ဆိုရင်တော့ browser ကဖော်ပြထားတဲ့ သော့ခလောက်ကို နှစ်ချက်နှိပ်ပြီး အသုံးပြုနိုင်ပါတယ်။

SSL Certificate ကို ဘာကြောင့် ရှာဖွေရသလဲ။

(၁) SSL Certificate ကို စစ်ဆေးခြင်းဟာ ဝက်ဘ်ဆိုက်ပေါ်မှာရှိတဲ့ certificate နဲ့ အသုံးပြုနေတဲ့ ဝက်ဘ်ဆိုက်တို့ ကိုက်ညီခြင်း ရှိ၊ မရှိကို သိရှိနိုင်ပါတယ်။

(၂) ယုံကြည်စိတ်ချရတဲ့ ဝက်ဘ်ဆိုက်အတွက် SSL Certificate တွေကို Certificate Authority တွေကနေ ထုတ်ပေးပါတယ်။ မှန်ကန်ကြောင်း အတည်ပြု စစ်ဆေးပေးတဲ့ SSL Certificate Authority ကုမ္ပဏီတွေထဲမှာ VeriSign,  RSA  Data  Security, Thawte,  Geotrust,  GoDaddy  နဲ့ Combo  တို့လို ကုမ္ပဏီတွေ ပါဝင်ပါတယ်။ အဲ့ဒီကုမ္ပဏီတွေက ထုတ်ပေးထားတဲ့ SSL Certificate ရှိ၊ မရှိကို စစ်ဆေးခြင်းဖြင့် ဝက်ဘ်ဆိုက်ဟာ ယုံကြည်စိတ်ချရမှု ရှိ၊ မရှိ သိနိုင်ပါတယ်။

(၃) SSL Certificate ရဲ့သက်တမ်း ကုန်ဆုံးခြင်း ရှိ၊ မရှိကို စစ်ဆေးပါ။ သက်တမ်းကုန်နေပြီဆိုရင်တော့ အသုံးပြုသူရဲ့ အချက်အလက်တွေကို encrypt လုပ်ပေးဖို့အတွက် အာမခံချက်ရှိမှာ မဟုတ်ပေ။

လုံခြုံရေး သတိပေးချက်များ

Internet Explorer, Firefox နဲ့ Chrome တို့ရဲ့ လက်ရှိဗားရှင်းတွေဟာ အသုံးပြုသူများအတွက် SSL Certificate ကို အတည်ပြု စစ်ဆေးပေးနိုင်ပါတယ်။ အကယ်၍ Certificate တွေဟာ up to date မဖြစ်တဲ့အခါ ဒါမှမဟုတ် ယုံကြည်စိတ်ချရတဲ့ Certificate Authority တွေကနေ ထုတ်ပေးထားခြင်း မဟုတ်တဲ့အခါမှာ browser တွေကနေ အောက်ဖော်ပြပါ သတိပေးမှုတွေကို ပြုလုပ်ပေးပါတယ်။ Internet Explorer 8 ဟာ Certificate မှန်ကန်မှု ရှိ၊ မရှိကို four-level color system ကိုအသုံးပြုပြီး သတိပေးမှု ပြုလုပ်ပါတယ်။ Firefox ကတော့ One-Click Site ID နဲ့ Certificate မှန်ကန်မှု ရှိ၊ မရှိကို စစ်ဆေးပါတယ်။ Chrome ကတော့ အခြေခံသတိပေး စာတန်းအပြင် Certificate နဲ့ ပတ်သက်တဲ့ သတိပေးမှုကို color-coded domain highlighting ဖြင့် ပြုလုပ်ပါတယ်။

Phishing Scam များကို ဘယ်လိုကာကွယ်မလဲ

လုံခြုံစိတ်ချရတဲ့ ဆိုက်တွေဟာ အချက်အလက်တွေကို ဆိုက်ဘာ ဒုစရိုက်သမားတွေကနေ ကြားဖြတ်ရယူခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဆိုက်ဘာ ဒုစရိုက်သမားတွေကနေ phishing scam တိုက်ခိုက်မှုတွေနဲ့ တိုက်ရိုက် ပြုလုပ်နိုင်တာကြောင့် သတိထားဖို့ လိုအပ်ပါတယ်။ Phishing scam အများစုဟာ ဘဏ်၊ အကြွေးဝယ်ကတ် ကုမ္ပဏီနဲ့ တခြား ဘဏ္ဍာရေး အဖွဲ့အစည်းတွေရဲ့ တရားဝင် သတိပေးချက်များကဲ့သို့ ပြုလုပ်ကာ အသုံးပြုသူရဲ့ အကြွေးဝယ်ကတ်နံပါတ်များနဲ့ တခြား account အချက်အလက်တွေကို လိမ်လည် ရယူသွားနိုင်ပါတယ်။ ဒါကြောင့် ဘဏ်၊ အကြွေးဝယ်ကတ် ကုမ္ပဏီနဲ့ ဘဏ္ဍာရေး အဖွဲ့အစည်းတွေကနေ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို တောင်းခံလာတဲ့ email များ၊ pop-up များ၊ text message များနဲ့ ဖုန်းခေါ်ဆိုမှုများကို ပြန်လည် တုံ့ပြန်ခြင်း မပြုပါနဲ့။ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာတဲ့အခါမှာ အသုံးပြုသူမှ ဖုန်းခေါ်ခြင်းဖြင့်သာ စုံစမ်းအတည်ပြုသင့်ပါတယ်။

အွန်လိုင်းပေါ်တွင် ဈေးဝယ်ခြင်းကို လုံခြုံစိတ်ချစွာ  ပြုလုပ်ခြင်း

အွန်လိုင်းပေါ်မှာ ဈေးဝယ်ခြင်းဟာ ပြည်တွင်းမှာ မရရှိနိုင်တဲ့ ထုတ်ကုန်တွေကို ဝယ်ယူခွင့် ရရှိစေတဲ့အတွက် အဆင်ပြေစေတဲ့ နည်းလမ်းတစ်ခုလို့ ဆိုရမှာပါ။ ဒါပေမဲ့ အွန်လိုင်းပေါ်ကနေ ငွေပေးချေမှု ပြုလုပ်တဲ့အခါမှာတော့ လိမ်လည်မှုတွေ ဖြစ်ပွားလာနိုင်ပါတယ်။ အွန်လိုင်းဈေးဝယ် ဆိုက်တစ်ခုကို အသုံးပြုတဲ့အခါမှာ အသုံးပြုနေတဲ့ဆိုက် လုံခြုံမှု ရှိ၊ မရှိ စစ်ဆေးခြင်း၊ ဝက်ဘ်ဆိုက်မှ သတ်မှတ်ထားသည့် စည်းကမ်းချက်များကို သေချာစွာဖတ်ခြင်း၊ လုံခြုံရေးပရိုဂရမ်များကို အသုံးပြုခြင်းစတဲ့ ပုံမှန်ကြိုတင် ကာကွယ်မှုများကို ပြုလုပ်တဲ့ အလေ့အကျင့် ရှိရပါမယ်။

ခြေရာခံနိုင်တဲ့ အချက်အလက်တွေ မကျန်ပါစေနဲ့

ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းကိစ္စရပ်တွေကို ပြုလုပ်တဲ့အခါမှာ private browsing  session  ကနေ ပြုလုပ်သင့်ပါတယ်။ ဒါမှသာ browsing history, password တွေနဲ့ တခြား private data တွေကို သိမ်းဆည်းထားခြင်း မရှိသလို အသုံးပြုသူရဲ့ ကွန်ပျူတာကို တခြားသူတစ်ဦးမှ အသုံးပြုတဲ့အခါမှာလည်း ၎င်းတို့ကို အသုံးပြုနိုင်မှာ မဟုတ်ပေ။ နောက်ပြီး အသုံးပြုမှု ပြီးဆုံးသွားတဲ့အခါမှာ ဝက်ဘ်ဆိုက်ကို log off လုပ်ခြင်း ဒါမှမဟုတ် browser window အားလုံးကို ပိတ်ပစ်ခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။ ဖြစ်နိုင်ပါက ဘဏ္ဍာရေး လုပ်ငန်းကိစ္စတွေကို ဝေမျှအသုံးပြုနေတဲ့ ကွန်ပျူတာပေါ်ကနေ ပြုလုပ်ခြင်း ဒါမှမဟုတ် public wireless  Internet  connection ပေါ်ကနေ ပြုလုပ်ခြင်းတို့ကို ရှောင်ရပါမယ်။

Back ခလုတ်ကို နှိပ်တဲ့အခါ သတိထားပါ

အွန်လိုင်းစတိုးတစ်ခုကနေ ဝယ်ယူမှုတစ်ခုကို ပြုလုပ်လိုက်တဲ့အခါမှာ အဆိုပါဆိုက်ဟာ အသုံးပြုသူ ဝယ်ယူလိုက်တဲ့ အချက်အလက်တွေကို စုဆောင်းထားပါတယ်။ အကယ်၍ အချက်အလက်တွေကို ထည့်သွင်းပြီးတဲ့နောက် Back ခလုတ်ကို နှိပ်လိုက်မိတဲ့အခါမှာ အချက်အလက်ကို နောက်တစ်ကြိမ် ပေးပို့မိသလို ဖြစ်သွားနိုင်တဲ့အတွက် ငွေပေးချေတဲ့အခါမှာ နှစ်ဆ ပေးချေရနိုင်ပါတယ်။ ဘဏ်ဝက်ဘ်ဆိုက်ပေါ်ကနေ ငွေလွှဲပြောင်းမှု ပြုလုပ်စဉ်အတွင်း Back ခလုတ်ကို နှိပ်မိတဲ့အခါမှာလည်း အလားတူဖြစ်ရပ်မျိုး ပေါ်ပေါက်နိုင်ပါတယ်။ အကယ်၍ Back ခလုတ်ကို မတော်တဆ နှိပ်မိလိုက်ပြီဆိုရင်တော့ အသုံးပြုသူရဲ့ browser ကနေ "send the form again" ဆိုပြီး မေးပါလိမ့်မယ်။ "Cancel" ကိုနှိပ်မှသာ အချက်အလက်တွေကို နောက်တစ်ကြိမ် ပေးပို့ခြင်းမှ ကာကွယ်နိုင်ပါလိမ့်မယ်။ 

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account