Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, March 5, 2012

ကွန်ပျူတာမှာ Explorer.exe မတက်တော့ရင်



Photo
Virus ကြောင့်ပဲဖြစ်ဖြစ်၊ Window အသုံးပြုတာကြာလို့ပဲ ဖြစ်ဖြစ် Explorer.exe မတက်တော့ဘူး ဆိုရင်တော့  မတက်တဲ့ပြဿနာ ဖြစ်တတ်သူတွေအတွက် ရေးပေးတာပါ။ Explorer.exe မတက်တော့ဘူး ဆိုရင်တော့ Desktop မှာ ဘာတစ်ခုမှ မပေါ်ဘဲ Icon တွေရော Start Bar နဲ့အားလုံး တစ်ခုမကျန် ပျောက်နေပါတယ်။ အဲ့လိုမျိုး ပျောက်နေတဲ့အတွက် အသုံးပြုရတာ လုံးဝ အဆင်မပြေပါဘူး။ တချို့သိတဲ့သူတွေက Reg file ရေးပြီးထည့်တာတို့ Explorer ကို Replace ပြန်လုပ်ရတာတို့ လုပ်ကြပါတယ်။ အခုပြောမယ့် နည်းကတော့ အလွယ်လေးပါပဲ။ ပထမဆုံး Ctrl+Alt+Delete (or) Ctrl+Shift+Esc Key တွေကို တွဲနှိပ်ပြီး Task Manager ကိုခေါ်ပါ။ Task manager ပေါ်လာရင် File >New (run) ကိုခေါ်လိုက်ပြီး C:\windows လို့ရိုက်လိုက်ရင် Windows File ပေါ်လာပါလိမ့်မယ်။ (C:\Windows ဆိုတာက C: ဆိုတဲ့ Partition ထဲမှာရှိတဲ့ Windows ဆိုတဲ့ဖိုင်ကို ခေါ်တာပါ) အဲ့ဒီ Window File ထဲက Explorer.exe ကိုရှာပြီး Ctrl+C ဒါမှမဟုတ် Copy လုပ်ပေးပါ။ ပြီးတာနဲ့အဲဒီ Window File ထဲမှာပဲ ပြန် Ctrl+V ဒါမှမဟုတ် Paste လုပ်ပြီး rename နဲ့နာမည်တစ်ခု ပေးလိုက်ပါ။ ဥပမာ newexplorer.exe ပေါ့။ အဲ့ဒါတွေလုပ်လို့ ပြီးတာနဲ့ ခုနက ခေါ်ထားတဲ့ C: အောက်က window file ကိုပိတ်လိုက်ပြီး File >NewTask (run) ကနေ regedit လို့ရိုက်ပြီး လိုက်ရိုက်လိုက်ပါ။ registry ထဲမှာလဲ ဒီအတိုင်းသွားလိုက်ပါ။ HKEY_LOCAL_MACHING/ SOFTWARE/ Microsoft/ WindowsNT/ Current Version/ Winlogon အထိရောက်ရင် ညာဘက်အကွက်ထဲက Winlogon ရဲ့ Subkey တွေထဲမှာ Shell ကိုရှာပေးပါ။ Shell ကိုတွေ့ရင် နှစ်ချက်ကလစ်ပြီး Edit String ထဲက Value data မှာ Explorer.exe ကိုဖျက်ပြီး အပေါ်က Copy/ paste လုပ်ပြီး rename ပေးထားတဲ့အတိုင်း ထည့်လိုက်ပါ။ (ဥပမာ- ခုနက ထည့်ထားတာက newexplorer.exe ဆိုရင် အဲဒီလို ပြန်ပြောင်းပေးပါ။) အားလုံးပြီးရင် registry editor ကိုပိတ်ပြီးစက်ကို Restrat ချလိုက်ပါ။ ပြန်တက်လာရင် အဆင်ပြေသွားပါလိမ့်မယ်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account