Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, March 5, 2012

ဖုန်းကို desktop ကွန်ပျူတာအဖြစ် ပြောင်းလဲနိုင်မည့် Ubuntu for Android



Photo
Canonical ကုမ္ပဏီမှ Ubuntu operating system အတွက် နောက်ဆုံးပေါ် မိုဘိုင်းဗျူဟာအဖြစ် Ubuntu for Android ကို ပွဲထုတ်မိတ်ဆက် ပေးခဲ့သည်။  မိုဘိုင်းနှင့် desktop ပေါင်းစပ်ထားသည့် အဆိုပါ platform သည် စမတ်ဖုန်းအား computing device အဖြစ် အသုံးပြုနိုင်စေမည်ဟု မျှော်လင့်ထားကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့သည်။ Ubuntu for Android သည် စမတ်ဖုန်းပေါ်တွင် Google ၏ မိုဘိုင်း OS နှင့်အတူ အသုံးပြုနိုင်ပြီး HDMI မှတစ်ဆင့် ချိတ်ဆက် အသုံးပြုသည့် အခါမှသာ externa monitor ပေါ်တွင် dock တစ်ခု ပေါ်လာမည် ဖြစ်သည်။ Canonical မှ အမှုဆောင်ချုပ်ဖြစ်သူ Jane Silber က Ubuntu for Android on desktop နှင့် စမတ်ဖုန်းအား ထုတ်ကုန် တစ်ခုတည်းပေါ်တွင် အတူတွဲ အသုံးပြုနိုင်စွမ်းရှိကြောင်းနှင့် ၎င်းသည် Android ပေါ်တွင် သုံးနိုင်သည့် Ubuntu application တစ်ခုမဟုတ်ဘဲ စမတ်ဖုန်းကို Ubuntudesktop အတွေ့အကြုံ အပြည့်အဝ ပေးစွမ်းနိုင်ကြောင်း ပြောကြားခဲ့သည်။

၎င်း platform သည် ချိတ်ဆက်သည့် ထုတ်ကုန်များကို ရှာဖွေသိရှိနိုင်ပြီး ဥပမာ အနေဖြင့် TV dock တွင်ထားပြီး အသုံးပြုသည့်အခါ Ubuntu for Android အစား Ubuntu TV UI ဖြင့် boot လုပ်မည် ဖြစ်ကြောင်း သိရသည်။ Ubuntu for Android သည် dock လုပ်လိုက်သည့် အခါမှသာ activate ဖြစ်သည့်အတွက် ယင်းမတိုင်မီအထိ Android အတွေ့အကြုံများကို စမတ်ဖုန်းတွင် ထောက်ပံ့ပေးမည် ဖြစ်သည်။ Dock ၌ activate ဖြစ်သည့်အခါတွင် Ubuntu for Android သည် web browsing session များနှင့် email ဖန်တီးမှုများ အတွက် tab နှင့် window များကို ကိုယ်တိုင်ကိုယ်ကျ ဖွင့်စရာမလိုဘဲ အလိုအလျောက် ပြန်လည် အသုံးပြုနိုင်စေမည် ဖြစ်သည်။ ထို့အပြင် အဓိက စမတ်ဖုန်း function များဖြစ်သော contact management, text messaging, email နှင့် phone handling တို့အား အသုံးပြုနိုင်မည်ဟု သိရသည်။ စမတ်ဖုန်းပေါ်တွင် သိုလှောင်ထားသည့် မီဒီယာ အားလုံးကို အသုံးပြုနိုင်စေမည့် အပြင် ထည့်သွင်းထားသည့် Android apps များကိုလည်း ဖော်ပြပေးမည် ဖြစ်သည်။ Ubutun for Android ကို ဖုန်းထုတ်လုပ်သူများမှ ဖုန်းအတွင်းသို့ ထည့်သွင်းပေးရမည်ဖြစ်ပြီး hardware အထောက်အပံ့ အနေဖြင့် ဖုန်းတွင် USB နှင့် HDMI တို့ ပါဝင်ရမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ထုတ်ကုန်များကို လက်ရှိတွင် မတွေ့မြင်ရသေးသော်လည်း ၂၀၁၂ ခုနှစ်ကုန်ပိုင်းတွင် မြင်တွေ့ရဖွယ် ရှိသည်။

နောင်နောင်
Ref: ZDNet Asia/Wired

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account