Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, March 5, 2012

RIM က အိန္ဒိယ၌ Blackberry ဆာဗာ တပ်ဆင်



Photo
BlackBerry ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ပြုလုပ်သည့် Research In Motion (RIM) ကုမ္ပဏီမှ ၎င်း၏ အိန္ဒိယနိုင်ငံအတွက် ဆာဗာကို အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့တွင် အစိုးရ၏ သဘောတူညီမှုဖြင့် တပ်ဆင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း  သတင်းဌာန တစ်ခုမှ ပြောကြားခဲ့သည်။ The Times of India သတင်းဌာန၏ အဆိုအရ ၎င်းဆာဗာများကို တာဝန်ရှိသူများက ၎င်းတို့၏ စည်းမျဉ်းနှင့် လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိကို စစ်ဆေးပြီး အသုံးပြုခွင့် ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် နှစ်များအတွင်းက RIM မှ ၎င်း၏ ဆာဗာများကို အိန္ဒိယ အစိုးရ၏ စစ်ဆေးခြင်းအား လက်ခံခြင်း မရှိသည့်အတွက် အိန္ဒိယ အစိုးရကလည်း Blackberry ဝန်ဆောင်မှုများကို နိုင်ငံတွင်း အသုံးပြုခြင်းကို ရပ်ဆိုင်းစေခဲ့သည်။ ကုမ္ပဏီအနေဖြင့် ၎င်း၏ လုပ်ငန်းများကို အိန္ဒိယနိုင်ငံ၌ ပြန်လည် အသုံးပြုနိုင်ရန် အစိုးရနှင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး နိုင်ငံတွင်း ဆာဗာတပ်ဆင်ရန် အကြံပြုချက်ဖြင့် ပြန်လည် အသုံးပြုခွင့် ရရှိခဲ့သည်။ အိန္ဒိယ အစိုးရအနေဖြင့်လည်း RIM ၏ Blackberry ဆာဗာများကို လုံခြုံရေး စစ်ဆေးမှုအဖွဲ့ ဖွဲ့၍ စစ်ဆေးခဲ့ပြီး ယင်း platform ၌ ဥပဒေကို ထိပါးနှောင့်ယှက်မည့် အဖွဲ့များ အသုံးပြုခြင်းမရှိကြောင်း အတည်ပြုချက် ထုတ်ပြန်ပေးခဲ့သည်ဟု The Times of India သတင်းဌာနက ဖော်ပြထားသည်။

ဟေမာ
Ref: ZDNet Asia

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account