Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, March 5, 2012

YTalk အကောင့်သည် ပြည်ပမှ ပြည်တွင်းသို့ ပြန်လည် ခေါ်ဆိုနိုင်ခြင်း မရှိသေး



Photo
ပြည်တွင်း၏ တရားဝင် အင်တာနက် ဖုန်းလိုင်းဖြစ်သော YTalk အင်တာနက် ဖုန်းလိုင်းသည် ပြည်တွင်းမှနေ၍ ပြည်ပရှိ တယ်လီဖုန်း လိုင်းများသို့သာ ခေါ်ဆိုနိုင်ပြီး ပြည်ပမှနေ၍ ပြည်တွင်းရှိ တယ်လီဖုန်းလိုင်းများသို့ ပြန်လည် ခေါ်ဆိုနိုင်ခြင်း မရှိကြောင်း  သိရသည်။ “VoIP ဖုန်းလိုင်းဆိုတဲ့ သဘောက အင်တာနက်ရှိတဲ့ ဘယ်နေရာကမဆို အကောင့်ရှိတယ် ဆိုတာနဲ့ အသုံးပြုနိုင်ရမှာပါ။ ကျွန်တော်တို့ စင်ကာပူ ရောက်သွားတယ်ဆိုရင် VoIP အကောင့်ရှိတယ် ဆိုတာနဲ့ ပြည်တွင်းက ဖုန်းလိုင်းတွေကိုလည်း ပြန်ခေါ်ဆိုနိုင်ပါတယ်။ YTalk ကတော့ သေချာ မသိသေးဘူး။ ကျန်တဲ့ VoIP အကောင့်တွေကတော့ အင်တာနက်ရှိတဲ့ နေရာတိုင်းကနေ အသုံးပြုနိုင်ကြတယ်” ဟု ဒဂုံမြို့နယ်ရှိ အင်တာနက်ဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။ ရတနာပုံတယ်လီပို့ ကုမ္ပဏီ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် YTalk အင်တာနက် ဖုန်းလိုင်းသည် လက်ရှိအချိန်၌ ရန်ကုန်မြို့ရှိ အများပြည်သူသုံး အင်တာနက်ဆိုင်များတွင်သာ အသုံးပြုခွင့် ပေးထားခြင်းဖြစ်ပြီး တခြားသော နေအိမ်သုံး နိုင်ငံခြား ဖုန်းခေါ်ဆိုမှု အကောင့်များကိုမှု အသုံးပြုခွင့်ပေးထားခြင်း မရှိသေးကြောင်း သိရသည်။
 
“အင်တာနက်ဆိုင်တွေပဲ ပေးသုံးထားတယ်။ နေအိမ်သုံးတွေမျိုးကတော့ အသုံးပြုခွင့်ပေးဖို့ ပြောထားတုန်းပဲ ရှိသေးတယ်။ ပြည်ပကနေ ပြည်တွင်းကို အင်တာနက်ဖုန်း ပြန်လည်ခေါ်ဆိုတာကတော့ မရသေးပါဘူး” ဟု YTalk အင်တာနက်ဖုန်းလိုင်းအတွက် ဈေးကွက်နှင့် ဝန်ဆောင်မှုကို ပြုလုပ်ပေးနေသည့် VGM ကုမ္ပဏီမှ ဦးငြိမ်းသူက ပြောသည်။ ယခုလ ၁၀ ရက်နေ့မှ စတင်၍ ရန်ကုန်မြို့ရှိ အများပြည်သူသုံး အင်တာနက်ဆိုင် ၂၀၀ ခန့်တွင် YTalk အင်တာနက်ဖုန်း ခေါ်ဆိုသည့် စနစ်ကို စတင် အသုံးပြုခဲ့ခြင်းဖြစ်ပြီး အသုံးပြုသူအရေအတွက်လည်း ၁၀၀ ကျော်အထိ ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ YTalk အင်တာနက်ဖုန်းလိုင်းသည် ခေါ်ဆိုသည့် နိုင်ငံအပေါ်မူတည်၍ တစ်မိနစ်လျှင် ၁၅၀ ကျပ်နှင့် ၃၅၀ ကျပ်ဟူ၍ သတ်မှတ်ထားကြောင်း သိရသည်။
 
မြင့်ကျော်လှိုင်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account