Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, April 2, 2012

ဖုန်းမက်ဆေ့ခ်ျဖြင့် မိုးလေဝသ သတင်းပေးပို့မှု အစီအစဉ် ပြုလုပ်မည်

နေ့စဉ်ထွက်ရှိသည့် မိုးလေဝသ သတင်းများကို ကျေးရွာများသို့ ဖုန်းမက်ဆေ့ခ်ျဖြင့် ပေးပို့မည့် အစီအစဉ်တစ်ရပ်ကို ပြုလုပ်သွားရန် ရှိကြောင်း  အီကိုဒက်ဖ်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမျိုးသူမှ ပြောသည်။ ယင်းအစီအစဉ်ကို ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဘိုကလေးနှင့် လပွတ္တာတို့တွင် မေလပိုင်းအတွင်း စတင်ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။ အစိုးရဌာနမှ နေ့စဉ်ထုတ်ပြန်သည့် မိုးလေဝသ သတင်းများကို အဆိုပါနေရာ ၂ ခုသို့ ဖုန်းမက်ဆေ့ခ်ျဖြင့် ပုံမှန်ပေးပို့သွားမည် ဖြစ်သည်။ "Day to Day ရာသီဥတုနဲ့ ပတ်သက်တာတွေကို ဖုန်းမက်ဆေ့ခ်ျ ပေးမယ်၊ ရွာသားတွေများ အကျိုးရှိမလားလို့ပါ၊ လုပ်ဖို့ပြင်ထားတယ်။ စတော့ မစရသေးဘူး။ မေလနဲ့ ဧပြီကုန်လောက်ဖြစ်ဖို့ များတယ်။ ဦးထွန်းလွင်နဲ့ ပို့ပေးမယ်။ ပို့ပေးရင် ရွာကဆရာတို့နဲ့ ဆက်ထားတဲ့ သူကို message ပေးပြီး ရွာထဲမှာ ကြေညာသင်ပုန်းနဲ့ အဲလိုနေရာတွေမှာ ကပ်ပေးထားမယ် " ဟု ၎င်းက ထပ်မံပြောကြားသည်။ မက်ဆေ့ခ်ျပို့ရာတွင် ရာသီဥတု သတင်းအပြင် ဈေးကွက်သတင်း ပေးပို့မှုကိုပါ ပြုလုပ်သွားမည်ဟု သိရသည်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account