Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, April 2, 2012

မြန်မာ့ဆက်သွယ်ရေးကဏ္ဍ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း တိုးတက်မှုရာခိုင်နှုန်း (၁၅၀) ကျော် ရည်မှန်း လုပ်ဆောင်သွားမည်ဟုဆို


Photo
မြန်မာ့ဆက်သွယ်ရေး ကဏ္ဍကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း တိုးတက်မှု ရာခိုင်နှုန်း (၁၅၀) ကျော် ရည်မှန်း လုပ်ဆောင်သွားရမည်ဟု အမျိုးသားစီမံကိန်း ဥပဒေတွင် ဖော်ပြထားကြောင်း သိရသည်။  မတ်လ (၁၉) ရက်နေ့စွဲဖြင့် နိုင်ငံတော် သမ္မတဦးသိန်းစိန် လက်မှတ် ရေးထိုးထားသည့် အဆိုပါ ဥပဒေတွင် စီမံကိန်း၏ ကဏ္ဍပေါင်း (၁၄) ခုအနက် ဆက်သွယ်ရေး ကဏ္ဍသည် တိုးတက်မှု ရည်မှန်းချက် ရာခိုင်နှုန်း (၁၅၀၄) ဖြင့် အမြင့်ဆုံးဖြစ်သည်။ ထို့ကြောင့် ကျပ်ငွေသန်းပေါင်း ကိုးသိန်းရှစ်သောင်းကျော်ဖြင့် ဝန်ဆောင်မှု ပေးရမည်ဟု ပါရှိသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ဒေသတွင်း အရှေ့တောင် အာရှနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နိမ့်ကျလျက်ရှိသည်ကိုလည်း ကမ္ဘာ့ဘဏ်၏ မှတ်တမ်းများအရ သိရှိရသည်။

မြန်မာနိုင်ငံတွင် လက်ကိုင်ဖုန်း အသုံးပြုနိုင်မှုမှာ လူတစ်ရာလျှင် တစ်ယောက်သာ အသုံးပြုနိုင်ချိန်တွင် အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံ၌ လူအယောက် တစ်ရာလျှင် ဖုန်းအလုံးရေ (၁၀၁) လုံးပိုင်ဆိုင်နေသည်ဟု ကမ္ဘာ့ဘဏ်၏ ၂၀၁၀ ခုနှစ် မှတ်တမ်းများအရ သိရသည်။ အင်တာနက် အသုံးပြုမှုနှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံတွင် လူတစ်ရာလျှင် နှစ်ယောက်သာ ရှိနေချိန်တွင် ထိုင်းနိုင်ငံ၌ လူတစ်ရာလျှင် (၂၀) ယောက် အင်တာနက် အသုံးပြုနိုင်ကြောင်း ကမ္ဘာ့ဘဏ်၏ ၂၀၀၉ ခုနှစ် စာရင်းများအရ သိရှိရသည်။ မြန်မာနိုင်ငံတွင် အင်တာနက် တပ်ဆင် အသုံးပြုနိုင်ရာ၌လည်း ၂၀၁၀ ခုနှစ်အတွင်း လူတစ်ရာလျှင် သုံးဦးသာ တပ်ဆင် အသုံးပြုနိုင်သေးသည်ဟု ကမ္ဘာ့ဘဏ်၏ မှတ်တမ်း၌ ဖော်ပြထားသည်။ ထိုအချိန်က ထိုင်းနိုင်ငံတွင် လူဦးရေ တစ်ရာလျှင် (၃.၈၇) ယောက် အင်တာနက် တပ်ဆင် အသုံးပြုနေပြီ ဖြစ်သည်။

လက်ကိုင်ဖုန်းနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးက (၅) နှစ် စီမံကိန်းချမှတ်ပြီး ၂၀၁၂ ခုနှစ်မှစ၍ ဖုန်းအလုံးရေ သန်းသုံးဆယ် တပ်ဆင်ပေးသွားမည်ဟု ကြေညာထားသည်။ မတ်လ ဒုတိယအပတ်မှစ၍ Sim Card တစ်ခုကို ကျပ်ငွေနှစ်သိန်းနှုန်းဖြင့် ရောင်းချပေးခဲ့သော်လည်း အဆိုပါ ရောင်းချမှုတန်ဖိုးသည် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက များလွန်းသည်ဟုဆိုကာ ၅၀၀၀ ကျပ်တန်ဖုန်း Sim Card များကို ရောင်းချပေးနိုင်ရန် တောင်းဆိုမှုများလည်း ရှိနေသည်။ အဆိုပါ အမျိုးသားစီမံကိန်း ဥပဒေအရ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) ၆.၇ ရာခိုင်နှုန်း တိုးတက်ရန်ဖြစ်ပြီး လယ်ယာကဏ္ဍတွင် ၃ ရာခိုင်နှုန်း၊ စက်မှု ကဏ္ဍတွင် ၉ ရာခိုင်နှုန်းနှင့် ဝန်ဆောင်မှု ကဏ္ဍတွင် ၈.၃ ရာခိုင်နှုန်းတိုးတက်ရန် ရည်မှန်းထားသည်။ တစ်ဦးချင်းစီ၏ ပျမ်းမျှ ပြည်တွင်း အသားတင် ထုတ်လုပ်မှု တန်ဖိုး (Per Capita GDP) ယခင် ကျပ်သန်း (၇၄၀၈၁၄) ရှိခဲ့ရာမှ ၂၀၁၂-၂၀၁၃ တွင် ကျပ်သန်း (၈၃၉၅၅၁) ဖြစ်ပေါ်စေရန် ရည်ရွယ်ထားသည်ဟုဆိုသည်။ ထို့အပြင် နှစ်အလိုက် ဈေးနှုန်းအရ ပြည်ပပို့ကုန်ကို ကျပ် (၉၂၁၁၁၄၃) သန်း ပြည်တွင်း သွင်းကုန်ကျပ် (၆၅၈၂၈၀၀) သန်း တင်သွင်းရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။ အဆိုပါ ဥပဒေသည် ၂၀၁၂ ခုနှစ် ဧပြီလ (၁) ရက်နေ့မှစ၍ အသက်ဝင်မည်ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account