Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, April 2, 2012

Mobile Manager ဆော့ဖ်ဝဲ အသုံးပြုပုံ



Photo
ဒီတစ်ပတ်မှာ ဖော်ပြပေးသွားမှာကတော့ Mobile Manager ဆိုတဲ့ ဆော့ဖ်ဝဲကို ဖုန်းထဲမှာ ဘယ်လို အသုံးပြုနိုင်တယ် ဆိုတာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။  ဒီဆော့ဖ်ဝဲလေးကတော့ Android OS ဖုန်းတွေမှာ ထည့်သွင်း အသုံးပြုနိုင်မယ့် ဆော့ဖ်ဝဲ အမျိုးအစားပဲ ဖြစ်ပါတယ်။

Mobile Manager ဆော့ဖ်ဝဲကို အသုံးပြုမယ်ဆိုရင်တော့ ဆော့ဖ်ဝဲကို ဖွင့်လိုက်ပါ။ ဒါဆိုရင် ဆော့ဖ်ဝဲရဲ့ Interface တစ်ခုကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီစာမျက်နှာမှာတော့ Blocked SMS, Blocked Calls, Black List, Backup, Privacy Eraser, Private Space ဆိုတာတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါတွေကတော့ ဆော့ဖ်ဝဲထဲမှာ အသုံးပြုနိုင်မယ့်စနစ်တွေကို ဖော်ပြထားတာပဲ ဖြစ်ပါတယ်။
 
ပထမဆုံးအနေနဲ့ Blocked SMS ဆိုတဲ့ စနစ်အကြောင်းကို ဖော်ပြပေးပါမယ်။ Blocked SMS ဆိုတာကတော့ ဖုန်းထဲကို ဝင်လာမယ့် SMS ကို Block လုပ်နိုင်တဲ့ စနစ်ပဲ ဖြစ်ပါတယ်။ Blocked SMS ဆိုတာကို နှိပ်လိုက်ရင် ဒီစနစ်အတွက် အသုံးပြုနိုင်မယ့် Interface ကို မြင်တွေ့ရမှာပါ။ ဒီထဲမှာတော့ အပေါ်ဘက် ညာဘက်ထောင့်စွန်းနားမှာ စာရွက်ပုံလေးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒါလေးကို နှိပ်လိုက်ရင်တော့ Black List နဲ့ White List ဆိုတဲ့ စနစ်နှစ်ခုကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီစနစ် နှစ်ခုထဲက ကိုယ်အသုံးပြုချင်တဲ့ဟာကို ရွေးချယ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Black List နဲ့ White List ထဲမှာတော့ Add Number ဆိုတာကို မြင်တွေ့ရမှာဖြစ်ပြီး ဒီထဲမှာ ကိုယ် Block လုပ်ချင်တဲ့ ဖုန်းနံပါတ်ကို ဖြည့်သွင်းပေးရမှာ ဖြစ်ပါတယ်။

Add Number ကို နှိပ်လိုက်မယ်ဆိုရင်တော့ Add From Contact, Add From Call Log, Add From SMS Log, Input Number ဆိုတဲ့  စနစ်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ကိုယ်က ဖုန်းထဲမှာရှိတဲ့ Contact ထဲက ဖုန်းနံပါတ်ကို ယူလည်း ရပါတယ်။ Call Log ထဲက ယူလည်း ရပါတယ်။ SMS ထဲက နံပါတ်ကို ယူလည်းရပါတယ်။ အဲလိုမှ မဟုတ်ဘဲ ဖုန်းနံပါတ် အသစ်တစ်ခုကို ကိုယ်တိုင် ရိုက်ထည့်ပြီး အသုံးပြုချင်တယ် ဆိုရင်လည်း Input Number ထဲမှာ ကိုယ်ထဲမှာ ကိုယ်တိုင် ရိုက်ထည့်နိုင်ပါတယ်။

Black List နဲ့ White List ထဲမှာ ထည့်ထားတဲ့ နံပါတ်တွေကို ဖျက်ချင်တယ်ဆိုရင်တော့ အဲဒီထဲမှာ ကိုယ်ဖြည့်သွင်းထားတဲ့ ဖုန်းနံပါတ်ကို လက်နဲ့အသာလေး ဖိထောက်ထားလိုက်ပါ။ ဒါဆိုရင် Box တစ်ခုပေါ်လာမှာ ဖြစ်ပြီး Edit, Delete, Call, Send Message ဆိုတာတွေကို မြင်ရမှာပါ။ ဒီထဲမှာ ကိုယ်အသုံးပြုချင်တာကို လုပ်နိုင်ပါတယ်။ ဒီလိုမှမဟုတ်ဘူး ဆိုရင်တော့ ဖုန်းရဲ့ အောက်ဘက်က Menu ကို နှိပ်လိုက်ပါ။


 
Menu ကို နှိပ်လိုက်ရင် Add Number နဲ့ Delete ဆိုတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Add Number ကို နှိပ်လိုက်ရင်တော့ ထပ်ဖြည့်ချင်တဲ့ ဖုန်းနံပါတ်ကို ဖြည့်သွင်းနိုင်မှာဖြစ်ပြီး Delete ကို နှိပ်လိုက်ရင်တော့ ကိုယ်ဖျက်ချင်တဲ့ ဖုန်းနံပါတ်ကို ဖျက်ဖို့အတွက် အမှတ်အသားပေးနိုင်မယ့် စာရင်းပေါ်လာမှာ ဖြစ်ပါတယ်။ အဲဒီထဲမှာ ကိုယ်ဖျက်ချင်တဲ့ နံပါတ်ကို အမှတ်ကလေးပေးပြီး ဖျက်ပစ်နိုင်ပါတယ်။ ဒါက ဖုန်းရဲ့ ညာဘက်ထိပ် အပေါ်ဘက်နားက စာရွက်ပုံလေးထဲက စနစ်တွေပါ။ သူ့ဘေးမှာတော့ Setting ပုံစံ Icon လေး တစ်ခု ရှိနေပါသေးတယ်။
 
 
 
 
 
 
 
 
Setting ပုံစံ Icon လေးကို နှိပ်လိုက်မယ်ဆိုရင်တော့ နောက်ထပ် စနစ်တစ်ခုကို ထပ်မံ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒါကတော့ Call Blocking နဲ့ SMS Blocking  ဆိုတဲ့ စနစ်နှစ်ခုပဲ ဖြစ်ပါတယ်။ Call Blocking ဆိုတဲ့ စနစ်ထဲမှာတော့ Call Blocking Rule, How To Block Call အပါအဝင် တခြားစနစ်လေးတွေကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Call Blocking Rule ဆိုတာကတော့ Call တွေကို ဘယ်လိုစနစ်တွေ အသုံးပြုမယ်ဆိုတာကို သတ်မှတ်ပေးတာပဲဖြစ်ပါ တယ်။
 
 
 
 
 
 
 
Call Blocking Rule ထဲမှာဆိုရင်တော့ Block Blacklist, Block non-contacts,  Block non-white List, Block All, Accept All ဆိုတဲ့ စနစ်တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Accept All Call ဆိုတာကတော့ ကိုယ့်ထဲကို ဝင်သမျှ ဖုန်းအားလုံးကို Black List ထဲမှာ ထည့်ထားမယ်ဆိုတဲ့ သဘောပါပဲ။ Block All ကတော့ White List ထဲမှာ အားလုံးပါတယ်ဆိုတဲ့ သဘောလို့ ဆိုပါတယ်။ Block non-white list ဆိုတာကတော့ Call အားလုံးကို White List ထဲကို ထည့်မယ်လို့ ဆိုလိုပါတယ်။ Block noncontact ဆိုတာကလည်း Black List စနစ်အတွက် Contact ထဲကပဲ အသုံးပြုမယ်ဆိုတဲ့သဘောကို ဆိုပါတယ်။ Block Blacklist ဆိုတာကတော့ Black List ထဲက ဖုန်းနံပါတ်တွေကို Block လုပ်မယ်လို့ ဆိုလိုပါတယ်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account