Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Saturday, September 15, 2012

မိုဘိုင်းဖုန်း အင်တာနက်သုံးခ ပိုမိုဖြတ်တောက်မှု ရှိနေသည်ဟု သုံးစွဲသူအချို့ ယူဆ



Photo
မိုဘိုင်းအင်တာနက် သုံးစွဲခ သတ်မှတ်နှုန်းထားထက် ပို၍ နုတ်ယူမှု ရှိနေသည်ဟု ဖုန်းသုံးစွဲသူ အချို့က သံသယရှိကြသည်။  လက်ရှိတွင်  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်းများ အင်တာနက် သုံးစွဲခွင့်ကို ဂျီဖုန်းများအား ၁ မိနစ် ၂ ကျပ် နှုန်းဖြင့် လည်းကောင်း၊ WCDMA ဖုန်းနှင့် CDMA 800 MHz ဖုန်းများအား ၁ မိနစ် ၄ ကျပ် နှုန်းဖြင့် ကောက်ခံမည်ဟု ထုတ်ပြန်ထားသည် ဆိုသော်လည်း မိုဘိုင်းဖုန်းအချို့တွင် သတ်မှတ်နှုန်းထက် ပိုသော ကောက်ခံမှုများ မကြာခဏ ဖြစ်ပေါ်နေသည်ဟု ထင်ကြောင်း ၎င်းတို့က ပြောသည်။


“တစ်မိနစ် နှစ်ကျပ်နှုန်းပဲ ထင်ပြီး သုံးနေတာ ကြာပါပြီ။ ဘယ်လောက် နုတ်နေလဲဆိုတာ သတိလည်း မထားမိဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ စနေနေ့က ဖုန်းထဲမှာ ငွေဘယ်လောက်ရှိလဲဆိုတာ ကြည့်ပြီး အင်တာနက် ငါးမိနစ် သုံးလိုက်တာ ၂၅ ကျပ်လောက် ကျနေတယ်။ သာမန်ဆို တစ်ဆယ်ပဲ ကျမှာပါ”  ဟု လမ်းမတော်မြို့နယ်မှ ဂျီဖုန်းဖြင့် အင်တာနက်သုံးစွဲသူ ကိုစည်သူက ပြောသည်။ ယင်းအပြင် ဗိုလ်တထောင်မြို့နယ်မှ ကိုထွန်းထွန်းဝင်းကလည်း အင်တာနက်သုံးစွဲခ ဖြတ်တောက်သည့် ငွေပိုနေသည်မှာ အမြဲတမ်း ဖြစ်ပေါ်မှု မရှိသော်လည်း မကြာခဏ ဖြစ်ပေါ်နေကြောင်း ငွေပိုဖြတ်တောက်ရာ၌လည်း သတ်မှတ်နှုန်းထက် နှစ်ဆနီးပါး ဖြတ်တောက်သည်ဟု ထင်ကြောင်းပြောသည်။ ယင်းကိစ္စများနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသို့ စုံစမ်းမေးမြန်းရာတွင် အင်ဂျင်နီယာချုပ် တစ်ဦးက တရားဝင် ထုတ်ပြန်ကြေညာထားသည့် နှုန်းထားကိုသာ ဖြတ်တောက်ပါကြောင်း ယခုကဲ့သို့ ငွေပိုဖြတ်တောက်မှုများအား မသိရှိကြောင်း၊ ယခင်က ဖြစ်စဉ်မျိုး မရှိခဲ့ကြောင်း၊ သုံးစွဲသူများ နစ်နာမှုမရှိစေရန် အတွက် စက်ပိုင်းဆိုင်ရာ ကိစ္စများအား ပြန်လည် စစ်ဆေးပေးမည်ဟု ပြောသည်။

ယင်းကဲ့သို့  ဖြစ်ပေါ်မှုများ အပြင် အင်တာနက်မြန်နှုန်းများမှာလည်း ဖုန်းများအား အင်တာနက် သုံးစွဲခွင့် စခွင့်ပြုပေးသည့် ကာလကဲ့သို့ မြန်နှုန်း ကောင်းမွန်မှုမရှိဘဲ ကော်နက်ရှင် ကျဆင်းမှုများလည်း ဖြစ်ပေါ်နေကြောင်း  ဖုန်းသုံးစွဲသူများထံမှ သိရသည်။ “ဝက်ဘ်ဆိုက် တစ်ခုဖွင့်တိုင်း Loading လုပ်နေတာ ကြာပါတယ်။ ဒီလို ခဏခဏ ဖြစ်နေပါတယ်။ ဒီလို ခဏခဏဖြစ်နေရင် ဖုန်းထဲမှာ ထည့်ထားတဲ့ ငွေ ဘယ်လောက်မှ ကြာမှာမဟုတ်ဘူး။ အင်တာနက်လျှောက်ပြီး အင်တာနက်သုံးမရတဲ့ အဖြစ်မျိုး  မဖြစ်ချင်ပါဘူး” ဟု ကျောက်တံတားမြို့နယ်မှ မအေးနန္ဒာက ပြောသည်။ ယင်းကဲ့သို့ အင်တာနက် မြန်နှုန်းများ ကျဆင်းမှုများ ရှိနေသော်လည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်တာနက် လျှောက်ထားမှုကို ရပ်ဆိုင်းထားခြင်း မရှိဘဲ ဆက်လက် ခွင့်ပြုထားသည်။ ယင်းကိစ္စများကိုလည်း မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ်က ပေးနိုင်သည့် အနေအထား ရှိသေး၍ ဆက်လက်ပေးနေခြင်း ဖြစ်ကြောင်း၊ သုံးစွဲသူနှင့် မြန်နှုန်းကို သတ်မှတ်ထားကြောင်း၊ ရပ်ဆိုင်းပါက တရားဝင်ကြေညာပေးမည် ဖြစ်ကြောင်း ပြောသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ  မိုဘိုင်းဖုန်းများ အင်တာနက် တပ်ဆင်ခကို ကျပ်တစ်သောင်းဖြင့် ယခုနှစ် မေလတွင် ခွင့်ပြုခဲ့သည်။         

PN-052

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account