Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Saturday, September 15, 2012

Internet Explorer တွင် Web Site များကို Block လုပ်ခြင်း



Photo
Internet Explorer သုံးတဲ့အခါမှာ Web Site အချို့ကို ဒါမှမဟုတ် အားလုံးကို Block လုပ်ထားချင်တဲ့အခါမှာ ဒီနည်းလေးက အသုံးဝင်ပါလိမ့်မယ်။  Internet Explorer ကိုဖွင့်ပါ။ Internet Explorer>Tool> Internet Option>Connection>LAN Setting က အဆင့်ဆင့်ဝင်ပါ။ ထို့နောက် Use a proxy server for your Lan ကို Check လုပ်ပါ။ ထို့နောက် Advance ကို နှိပ်ပါ။ Proxy Setting dialog box ပေါ်လာပါမည်။ HTTP တွင် Inthemine ကဲ့သို့သော Internet address တကယ် မရှိနိုင်သည့် စာလုံးအချို့ ရိုက်ထည့်ပါ။

အဲဒီလို ရိုက်ထည့်လိုက်တာဟာ Internet Explorer ကို တကယ်မရှိတဲ့ Proxy Server ကို သုံးခိုင်းလိုက်တာပါ။ ဤသို့ပြုလုပ်ခြင်းဖြင့် Internet Explorer သည် မည်သည့် Site ကိုမျှ ဖွင့်ပေးနိုင်မည် မဟုတ်ပါ။ ထို့နောက် Use the same proxy server for all protocols ကို Check လုပ်ခြင်းဖြင့် Web Site ကိုသာမက FTP (File transfer protocols) ကဲ့သို့သော အခြား Services များကိုပါ ချိတ်ဆက်မရအောင် ဟန့်တားထားနိုင်ပါလိမ့်မယ်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account