Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Saturday, September 15, 2012

ပြည်သူ့ဗဟိုပြု မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေး ကျင်းပ



Photo
မြန်မာနိုင်ငံအတွင်းရှိ ကွန်ပျူတာ ပညာရှင်များ အသိပညာ တိုးတက်ရေး၊ နိုင်ငံတဝှမ်း ကွန်ပျူတာ နည်းပညာ ပြန့်ပွားရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက်  ကွန်ပျူတာ ပညာရှင်များမှ ပါဝင် ဆောင်ရွက်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တည်ဆောက်ရာတွင် ကွန်ပျူတာပညာနှင့် သတင်း အချက်အလက်၊ ဆက်သွယ်ရေး နည်းပညာများကို မောင်းနှင်အား တစ်ရပ်အဖြစ် အသုံးချနိုင်ရေး စသော ရည်ရွယ်ချက်များဖြင့် တည်ထောင်ခဲ့သည့် မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း နှစ်ပတ်လည် အထိမ်းအမှတ် တွေ့ဆုံ ဆွေးနွေးပွဲကို စက်တင်ဘာ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီက မြန်မာအင်ဖိုတက် အဆောက်အအုံ နိုင်ငံတစ်ဝှမ်း ဝင်းအတွင်းရှိ အစည်းအဝေး ခန်းမဆောင်၌ ကျင်းပ ပြုလုပ်ခဲ့သည်။ ၂၀၁၁-၁၂ ခုနှစ် နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးတွင် ရှေ့ဦးစွာ MCPA မှ ကျင်းပပြုလုပ်သော စာမေးပွဲများ၌ ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသားများအား ဆုချီးမြှင့် ပေးအပ်သည့် အခမ်းအနားကိုလည်း ထည့်သွင်း ကျင်းပခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း ဥက္ကဋ္ဌ ဦးရဲရင့်ဝင်း၊ အတွင်းရေးမှူး ဦးသောင်းစုငြိမ်းတို့က အသင်း၏ လုပ်ဆောင်ချက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို ဖတ်ကြားရှင်းလင်း တင်ပြခဲ့သည်။ ထို့နောက် ဦးဝင်းထိန်ဝင်း၊ ဦးသောင်းစုငြိမ်း၊ ဦးအောင်စိုးမိုးနှင့် ဒေါက်တာ ထွန်းသူရသက်တို့က ဦးဆောင်ကာ အနာဂတ် မိုဘိုင်းလ်ကွန်ရက် ဖွံ့ဖြိုးတိုးတက်လာမှု၊ Apps ဆော့ဖ်ဝဲလ် ရေးဆွဲမှု ဈေးကွက်နှင့် အခွင့်အလမ်းများ အကြောင်းကို ဖိုရမ်ပုံစံဖြင့် ဆွေးနွေး ပြောကြားခဲ့ကြသည်။ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်းကို အမြတ်အစွန်းအတွက် မရည်ရွယ်ဘဲ အစိုးရ မဟုတ်သော အဖွဲ့အစည်းအဖြစ် ၁၉၉၈ ခုနှစ် မေလ ၁၇ ရက်တွင် စတင် ဖွဲ့စည်းခဲ့သည်။ အသင်းတွင် စီမံရေးရာဆိုင်ရာ ကော်မတီများ၊ နည်းပညာဆိုင်ရာ ကော်မတီများဟူ၍ ဖွဲ့စည်းထားရှိသည်။

အောင်ကျော်ကျော်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account