Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Saturday, September 15, 2012

Hosting ကုမ္ပဏီ GoDaddy အား Anonymous hacker အုပ်စု တိုက်ခိုက်ဟုဆို

လူသိများထင်ရှားသော ဝက်ဘ်ဆိုက် Hosting ကုမ္ပဏီတစ်ခုဖြစ်သည့် GoDaddy အား hack လုပ် တိုက်ခိုက်ခဲ့ကြောင်း  Anonymous က ထုတ်ပြန် ပြောကြားခဲ့သော်လည်း GoDaddy က ငြင်းဆိုခဲ့သည်။ Anonymous hackers အုပ်စုက အဆိုပါ Hosting ကုမ္ပဏီ၏ ဆာဗာများကို မိမိတို့ hack လုပ် တိုက်ခိုက်ခဲ့ကြောင်း ပြောကြားထားသော်လည်း ကုမ္ပဏီက ယခုချွတ်ယွင်းမှုသည် နည်းပညာပိုင်း ပြဿနာသာဖြစ်ကြောင်း ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။
ကုမ္ပဏီ၏ အမှုဆောင်ချုပ် စကော့ဝက်ဂ်နာက ကမ္ဘာပေါ်ရှိ ဝက်ဘ်ဆိုက် သန်းနှင့်ချီပြီး ထိခိုက်ခဲ့သော ကိစ္စသည် Anonymous ကြောင့် မဟုတ်ဟု သတင်းထောက်များအား ပြောဆိုခဲ့သည်။ Anonymous အုပ်စုက GoDaddy အနေဖြင့် ၎င်းတို့၏ တိုက်ခိုက်ခြင်း ခံရမှုကို ငြင်းဆိုနေကြောင်း၊ လုံခြုံရေးပိုင်း ညံ့ဖျင်းမှုကို အသိမခံလို၍ဖြစ်ကြောင်း Twitter စာမျက်နှာတွင် ယနေ့ ရေးသားထားသည်။ လက်ရှိအချိန်တွင် GoDaddy ၏ ဆာဗာတွင် Hosting ပြုလုပ်ထားသော ဝက်ဘ်ဆိုက်များကို ဝင်ရောက်ကြည့်ရှု၍ မရကြောင်း သိရသည်။ GoDaddy သည် Domain Name ပေါင်း (၅၃) သန်းကျော်ကို စီမံထိန်းချုပ်ထားပြီး ၎င်းထံတွင် Hosting ပြုလုပ်ထားသော ဝက်ဘ်ဆိုက် (၅) သန်းကျော်ရှိသည်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account