Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Saturday, September 15, 2012

နိုင်ငံတစ်ဝန်းလုံး၌ ကွန်ပျူတာပညာရှင် အသင်းဝင်ပေါင်း ၁၁၀၀၀ ကျော်ရှိ

၂၀၁၂ ခုနှစ် သြဂုတ်လ ကုန်ဆုံးချိန်အထိ နိုင်ငံအသင်းနှင့် ပြည်နယ်တိုင်း၊ ဒေသကြီး ကွန်ပျူတာပညာရှင် အသင်းများ၌ ဝင်ရောက်ထားသည့် အသင်းဝင်ဦးရေမှာ ၁၁၂၄၁ ဦးအထိ ရှိကြောင်း၊  မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးမှ သိရသည်။ ကွန်ပျူတာပညာရှင် အသင်းဝင်များအား ဒေသအလိုက် ဖွဲ့စည်း တည်ထောင်ခဲ့ရာတွင် Student Member၊ Associate Member၊ Professional Member နှင့် Fellow Member ဟူ၍ ၄ မျိုးခွဲခြားကာ
အသင်းဝင်အဖြစ် လက်ခံခဲ့သည်။ အသင်းဝင်များ အနေဖြင့်လည်း မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်နှင့် ကွန်ပျူတာ ပညာရှင် အသင်းများမှ ဖွင့်လှစ်သော သင်တန်းများကို အထူးနှုန်းထားဖြင့် တက်ရောက်နိုင်ခြင်း၊ အသင်းမှ ကျင်းပသော စာမေးပွဲများတွင် အထူးနှုန်းထားဖြင့် ဝင်ရောက် ဖြေဆိုနိုင်ခြင်း၊ အသင်း၏ Member Access Center တွင် အင်တာနက် အခမဲ့ သုံးစွဲနိုင်ခြင်း အစရှိသည့် အခွင့်အရေးများကို ရရှိကြောင်း သိရသည်။ လတ်တလော အချိန်တွင် ရန်ကုန်တိုင်းဒေသကြီးမှာ အသင်းဝင်ပေါင်း ၉၁၉၄ ဦးဖြင့် အင်အားအများဆုံး ရှိနေပြီး ပဲခူးတိုင်းဒေသကြီးမှာမူ အသင်းဝင်ပေါင်း ၅၉ ဦးဖြင့် ရပ်တည် ဖွဲ့စည်းထားကြောင်း သိရသည်။ ကျန်ပြည်နယ်နှင့် တိုင်းများအနက် မန္တလေးတိုင်းဒေသကြီးတွင် အသင်းဝင်ပေါင်း ၁၃၃၂ ဦး၊ ရှမ်းပြည်နယ်တွင် ၂၁၁ ဦးနှင့် မွန်ပြည်နယ်တွင် ၁၄၂ ဦးတို့ဖြင့် ပါဝင် ဖွဲ့စည်းထားသည်။

အောင်ကျော်ကျော်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account