Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Tuesday, October 2, 2012

Android ထုတ်ကုန်ကို Webcam တစ်ခုအနေဖြင့် အသုံးပြုခြင်း



Photo
ဒီတစ်ပတ် ဖော်ပြပေးမယ့် နည်းလမ်းကိုတော့ Built-in Webcam မရှိတဲ့ PC ပေါ်မှာ Android ထုတ်ကုန်ကို Webcam တစ်ခုအနေနဲ့ အသုံးပြုနိုင်စေမယ့် နည်းလမ်းဖြစ်ပါတယ်။  ပြုလုပ်ပုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ Android ထုတ်ကုန်ပေါ်မှာ IP Webcam (https://play.google.com/store/apps/details?id=com.pas.webcam) ကို install လုပ်ပါ။ Windows ပေါ်မှာ IP Camera Adapters (https://ip-webcam.appspot.com) ကို install လုပ်ပါ။ ကွန်ပျူတာပေါ်မှာ Chrome (သို့) Firefox ရှိဖို့လိုပါတယ်။ ဒီ Application ဟာ Internet Explorer ပေါ်မှာ ချောမွေ့စွာနဲ့ အလုပ်မလုပ်ပါဘူး။ IP Camera application နှစ်ခုစလုံးကို install လုပ်ပြီးပြီဆိုရင်တော့ အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်ပါ။

(၁) Android ပေါ်မှာ IP Webcam app ကိုဖွင့်ပါ။ လိုအပ်တဲ့ Resolution, Quality, Orientation, FPS Limit တို့ကို ချိန်ညှိပါ။ ထို့နောက် အောက်ဘက်နားမှာရှိတဲ့ Start Server ကိုနှိပ်ပါ။

(၂) Sndroid ထုတ်ကုန် Screen အောက်ခြေနားမှာ ပေါ်လာတဲ့ IP လိပ်စာနဲ့ Port ကို Chrome (သို့) Firefox မှာထည့်ပါ။

(၃) "Use Browser Built-in Viewer" option ကိုရွေးပါ။ Web Browser ပေါ်မှာ ဗီဒီယိုပေါ်လာတာကို တွေ့ရပါမယ်။ အကယ်၍ ဗီဒီယိုပေါ်လာခြင်း မရှိပါက အခြား Link Option ကိုရွေးပါ။

(၄) Windows ပေါ်မှာ install လုပ်ထားတဲ့ IP Camera Adapter ကိုဖွင့်ပါ။ ထို့နောက် လိုအပ်တဲ့ အချက်အလက်များဖြစ်တဲ့ IP, port, username နဲ့ password တို့ကို ဖြည့်ပါ။ လိပ်စာရဲ့ အဆုံးမှာ /video-feed ကို ထည့်ဖို့ မမေ့ပါနဲ့။

(၅) Resolution setting ဘေးက Autodetect ကိုနှိပ်ပြီး Apply ကိုနှိပ်ပါ။ ထို့နောက် Webcam နဲ့ အသုံးပြုလိုတဲ့ application ကို restart လုပ်ပါ။

နောင်နောင်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account