Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Tuesday, October 2, 2012

အွန်လိုင်း ငွေပေးချေမှုဖြင့် Domain နှင့် Web Hosting များ ဝယ်ယူနိုင်ရန် စီစဉ်



Photo
အွန်လိုင်းမှ ငွေပေးချေကာ Domain နှင့် Web Hosting များကို ဝယ်ယူနိုင်ရန် စတင် ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း World Wide Myanmar မှ မန်နေဂျင်းဒါရိုက်တာ ကိုမင်းအောင်က ပြောသည်။ 
ယခင်က Domain နှင့် Hosting များကို ဝယ်ယူရာတွင် ရောင်းချသည့် နေရာနှင့် တိုက်ရိုက်ငွေပေးချေပြီးမှ ဝယ်ယူရသော်လည်း ယခုအခါ အွန်လိုင်းအကောင့်မှ တစ်ဆင့် ကျသင့်ငွေကို ဖြတ်တောက်ယူသွားမည် ဖြစ်သည်။ “.com Domain နဲ့ Web Hosting တွေကို အွန်လိုင်း ငွေပေးချေမှုစနစ်နဲ့ စတင် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းက ပုံမှန်ဝယ်ယူတာနဲ့ ကွာခြားမှာ မဟုတ်ပါဘူး။ လက်ရှိ .com နဲ့ .net တွေကို ဝန်ဆောင်မှုပေးနေတဲ့ နေရာမှာ .com က ပြည်တွင်း ငွေပေးချေမှု အကောင့်နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပြီး .net ကိုတော့ ပြည်ပငွေပေးချေမှု အကောင့်ဖြစ်တဲ့ Paypal တို့၊ Credit Card တို့နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်” ဟု ကိုမင်းအောင်က ပြောသည်။ ထိုကဲ့သို့ အွန်လိုင်းငွေပေးချေမှု စနစ်ဖြင့် ဝယ်ယူနိုင်ရန်အတွက် Myan Pay နှင့် ချိတ်ဆက် ဆောင်ရွက်ထားကြောင်း သိရသည်။ ဝယ်ယူလိုသူများ အနေဖြင့် Myan Pay အကောင့် ရှိထားရမည် ဖြစ်ကာ ၎င်းအကောင့်မှ ဝယ်ယူခဲ့သည့် ကျသင့်ငွေကို ဖြတ်တောက်ယူသွားမည် ဖြစ်ကြောင်း သိရသည်။ “အရင်က Domain နဲ့ Hosting ဝယ်ယူသူတွေ အနေနဲ့ ရန်ကုန်မြို့တွင်းက ဝယ်ယူတာဆိုရင် ကိုယ်တိုင် ငွေလာသွင်းရတယ်။ နယ်က ဝယ်ယူတာဆိုရင် ဘဏ်ကနေပြီး ငွေလွှဲရပါတယ်။ ဝန်ဆောင်မှု စပေးဖို့ ငွေလက်ခံရပြီးတဲ့အထိ စောင့်ရတဲ့အတွက်ကြောင့် အနည်းဆုံး တစ်ရက်လောက်တော့ ကြာပါတယ်။ အခု အွန်လိုင်းငွေပေးချေမှု အကောင့်နဲ့ ချိတ်ထားတဲ့အတွက်ကြောင့်  ချက်ချင်း ဝန်ဆောင်မှု ပေးနိုင်မှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ဝက်ဘ်ဆိုက် လိပ်စာမှာ www.worldwidemyanmar.com ဖြစ်သည်။

ထွန်းထွန်း

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account