Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Tuesday, October 2, 2012

အွန်လိုင်း ဖုန်းခေါ်နိုင်သော Viber စနစ်ကို အင်တာနက် အသုံးမပြုနိုင်သည့် CDMA 450MHz ဖုန်းများတွင်ပါ အသုံးပြုနိုင်

Viber စနစ်ကို အင်တာနက် အသုံးပြုနိုင်သည့် ဖုန်းများတွင်သာ အသုံးပြုနိုင်ခဲ့သော်လည်း၊ ယခုအခါ အင်တာနက် အသုံးမပြုနိုင်သေးသည့် CDMA 450 MHz ဖုန်းများတွင်ပါ အသုံးပြုနိုင်မည်ဖြစ်ကြောင်း  သိရသည်။ ထိုကဲ့သို့ အသုံးပြုနိုင်ရန်အတွက် အင်တာနက်ချိတ်ဆက်ထားသည့် ကွန်ပျူတာ လိုအပ်မည် ဖြစ်သည်။ အဆိုပါ ကွန်ပျူတာဖြင့် Viber application ကို ကွန်ပျူတာတွင် အသုံးပြုနိုင်ရန် လုပ်ဆောင်ရမည် ဖြစ်ကြောင်း သိရသည်။


အဆိုပါ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ရွှေမိုဘိုင်းမှကိုထူးက “အရင်ကဆိုရင် CDMA 450MHz ဖုန်းတွေက အင်တာနက်အသုံးပြုလို့ မရတဲ့အတွက် Viber ခေါ်လို့မရသလို၊ အခုအထိလည်း ကွန်ပျူတာပေါ်မှာ အသုံးပြုနိုင်တဲ့ Viber Application မရှိသေးပါဘူး။ ဒါပေမဲ့  မိုဘိုင်းဖုန်းပေါ်မှာ အသုံးပြုလို့ရတဲ့ Viber Application ကို ကွန်ပျူတာမှာ သုံးလို့ရအောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီလို လုပ်ဆောင်တဲ့ နေရာမှာ AVD လိုခေါ်တဲ့ Android Virtual Device တည်ဆောက်ဖို့ လိုအပ်ပါတယ်။ ဒီ Android Virtual Devices ထဲမှာတော့ Android Appication တွေကို စိတ်ကြိုက် ထည့်သွင်း အသုံးပြုနိုင်သလို၊ Application တွေကိုလည်း အသုံးပြုနိုင်လား၊ အသုံးမပြုနိုင်လားဆိုတာ စမ်းသပ်လို့ ရပါတယ်” ဟု ရှင်းပြခဲ့သည်။

ထိုကဲ့သို့ ကွန်ပျူတာအတွင်း Android Virtual Device တည်ဆောက်ရန်အတွက် Android SDK Tools  ဆော့ဖ်ဝဲ ထည့်သွင်းရမည် ဖြစ်ပြီး ထိုသို့ ထည့်သွင်းပြီးပါက SDK Tools မှ မိမိအသုံးပြုလိုသည့် Android Version ကို တိုက်ရိုက် Download ပြုလုပ်ရမည် ဖြစ်ကြောင်း သိရသည်။ ထိုမှတစ်ဆင့် Android Version ရွေးချယ်ကာ Android Devices  တည်ဆောက်ရမည် ဖြစ်ပြီး အဆိုပါ Android Virtual Devices အတွင်းမှ Android Application များကို ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်သည့်အပြင် Viber ကိုလည်း ထည့်သွင်းအသုံး ပြုနိုင်မည်ဖြစ်သည်။ Viber Application ကို Android Virtual Device အတွင်း ထည့်သွင်းရာတွင် အွန်လိုင်းမှ တိုက်ရိုက် Download ဖြင့်သာ ထည့်သွင်းရမည် ဖြစ်သည်။ Viber စနစ်ကို ကွန်ပျူတာများမှ တစ်ဆင့် ထည့်သွင်းခေါ်ဆိုခြင်းအား အင်တာနက် အသုံးမပြုနိုင်သော CDMA 450 MHz ဖုန်းများအပြင် အခြားဖုန်းများတွင်လည်း ယင်းကဲ့သို့ ကွန်ပျူတာစနစ်ဖြင့် ဖုန်းခေါ်ဆိုခြင်းများ ပြုလုပ်အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

မိုးသူ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account