
Ubuntu OS ပေါ်မှာ Unicode Font သို့မဟုတ် Zawgyi Font နဲ့ ရေးထားတဲ့ Text
File တွေကို အပြန်အလှန် ပြောင်းနိုင်ရန်အတွက် Font Converter ကို
အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီလို အသုံးပြုနိုင်ဖို့အတွက် Python Module
ကို အသုံးပြုထားတာဖြစ်လို့ Python-Myanmar ဆိုတဲ့ Package ကို ဦးစွာ
ဒေါင်းလုပ်ပြုလုပ်ပြီး ထည့်သွင်းပေးထားဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။ Font
Converter ကို အသုံးပြုပြီး gedit ပေါ်ကနေ ဖောင့်တွေကို Ubuntu
အသုံးပြုသူတွေ အလွယ်တကူ ချိန်းနိုင်ဖို့အတွက် ယခုတစ်ပတ် Ubuntu Corner
ကဏ္ဍမှာ ရွေးချယ်တင်ပြလိုက်ပါတယ်။
Python Module အသုံးပြုထားတဲ့ Font
Converter ကို အသုံးပြုမယ်ဆိုရင် Python -Myanmar ဆိုတဲ့ Package ကို http://python-myanmar.googlecode.com/files/python-myanmar_0.0.2.0_all.deb မှာ Python-Myanmar Package ကို ဒေါင်းလုပ် လုပ်ယူပြီး ထည့်သွင်းရပါမယ်။ ပြီးရင်တော့ gedit ကို Install ပြုလုပ်ဖို့အတွက် http://python-myanmar.googlecode.com/files/gedit-my-converte_0.0.1_all.deb ကို ဆက်ပြီး ဒေါင်းလုပ်ပြုလုပ်ရမှာ ဖြစ်ပါတယ်။
ဒီအဆင့်တွေပြီးရင် Ctrl+Alt+T ကို နှိပ်ပြီး Terminal ကို ခေါ်ရမှာ ဖြစ်ပါတယ်။ Terminal ကို ရောက်ပြီဆိုရင် $sudo dpkg-i python-myanmmar_0.0.2.0_all.deb ဆိုတဲ့ Command ကို ရိုက်ထည့်လိုက်ပါ။ ပြီးရင် $sudo dpkg-i gedit-converter_0.0.1_all.deb ဆိုတဲ့ Command ကို ရိုက်ထည့်ပြီး Install ပြုလုပ်လိုက်ပါ။ Install ပြုလုပ်ပြီးပြီဆိုရင်တော့ gedit ကို ဖွင့်လိုက်ပါ။ gedit ကို ဖွင့်ပြီးပြီဆိုရင် Edit အောက်က Preferences ဆိုတာကို ကလစ်နှိပ်လိုက်ပါ။ ပြီးရင်တော့ gedit Preferences ထဲက Plugin Tab ကို ရွေးပြီး My Converter ဆိုတဲ့ Plugin ကို ရှာလိုက်ပါ။ တွေ့ပြီဆိုရင်တော့ အမှန်ခြစ်လေး ထည့်ပေးပြီး ပိတ်လိုက်ပါ။ ဒီအဆင့်တွေ ပြီးသွားပြီဆိုရင် Tool Menu အောက်မှာ Zawgyi to Unicode နဲ့ Unicode to Zawgyi ဆိုတဲ့ Menu Item နှစ်ခု ထပ်တိုးလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ Python-Myanmar ရဲ့ Command Line Tool သုံးနည်းကို သိလိုတယ်ဆိုရင် http://code.google.com/p.python-myanmar ဆိုတဲ့ ဝက်ဘ်လိပ်စာမှာ သွားရောက်ပြီး လေ့လာနိုင်မှာ ဖြစ်ပါတယ်။

သီဟ
0 comments:
Post a Comment
သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။
သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။
Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။
စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။
ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။
လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)