Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Tuesday, October 2, 2012

Facebook တွင် Dropbox ဖိုင်များ ဝေမျှ အသုံးပြုနိုင်မည်



Photo
Facebook အသုံးပြုသူများသည် Dropbox ဝန်ဆောင်မှုတွင် သိုလှောင်ထားသည့် content များကို Facebook group များတွင် ဝေမျှနိုင်မည်ဖြစ်ကြောင်း  Facebook နှင့် Dropbox ကုမ္ပဏီတို့မှ ကြေညာခဲ့သည်။ Facebook အသုံးပြုသူများသည် ၎င်းတို့၏ Dropbox account များကို ချိတ်ဆက်လိုက်ရုံနှင့် ၎င်းတို့၏ homepage တွင် icon တစ်ခု ပေါ်လာမည်ဖြစ်ပြီး
၎င်းကိုနှိပ်ရုံဖြင့် Dropbox မှ document များ၊ ဓာတ်ပုံများနှင့် ဗီဒီယိုများကို ဝေမျှနိုင်မည်ဖြစ်သည်။ Facebook group နှင့် ဝေမျှလိုပါက group page ရှိ Add File ကိုနှိပ်ပြီး ပြုလုပ်နိုင်သည်။ Dropbox အင်ဂျင်နီယာ Chris Varenhorst က Facebook အသုံးပြုသူများ အနေဖြင့် ယခုအခါ ၎င်းတို့၏ လေ့လာမှုများကို note များဖြင့် group တွင် ဝေမျှခြင်း၊ မည်သည့်နေရာမဆို မွေးနေ့ဗီဒီယိုကို မိသားစုထံ လျင်မြန်သည့် နည်းလမ်းနှင့် ဝေမျှခြင်း စသည်တို့ကို ပြုလုပ်နိုင်မည် ဖြစ်ကြောင်း blog post တစ်ခုတွင် ရေးသားဖော်ပြခဲ့သည်။ Facebook Wall ပေါ်ရှိ အဆိုပါ content ကို စမတ်ဖုန်းနှင့် tablet ပေါ်မှလည်း ကြည့်ရှုနိုင်မည်ဟု သိရသည်။ ထို့အပြင် ၎င်းကို Facebook Group များရှိ အခြား post များကဲ့ သို့ like ပြုလုပ်ခြင်း၊ comment ရေးခြင်းနှင့် group များအကြား ဝေမျှမှုတို့ကို ပြုလုပ်နိုင်ပြီး Dropbox ရှိ content များကိုလည်း Facebook ပေါ်မှ ပြင်ဆင်ကာ update ပြုလုပ်နိုင်မည်ဟု သိရသည်။

နောင်နောင်
Ref: ComputerWorld

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account