
သြစတြေးလျနိုင်ငံရှိ Data Center တွင် တိုက်ရိုက်ထားရှိသော Hyper-V
Windows Virtual Private Server (VPS) နှင့် UK Based Cloud Server များ
ဝန်ဆောင်မှု ပေးနေသည့် myanmarvps.com တွင် ယခုလကုန်မှစ၍ လစဉ်ကြေးများကို
မြန်မာကျပ်ငွေဖြင့် ပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။ ယခင်က လစဉ်ကြေး၊
နှစ်စဉ်ကြေးများကို Myanmar VPS ရုံးခန်းတွင် လာရောက် သွင်းရသော်လည်း
ယခုလကုန်မှစ၍ လစဉ်ကြေးများကို Myan Pay မှတစ်ဆင့်
ပေးဆောင်နိုင်မည်ဖြစ်ကြောင်း၊ ယခင်ပုံစံအတိုင်း ရုံးတွင် လာရောက်
ပေးသွင်းလိုပါကလည်း ဆက်လက် ပေးသွင်းနိုင်ကြောင်း သိရသည်။
“ကျွန်တော်တို့ Hyper-V နည်းပညာသုံး Windows Virtual Private Server(VPS)
နဲ့ Cloud Server တွေကို သက်ဆိုင်ရာ Data Center တွေမှာ
တိုက်ရိုက်ထားရှိပြီး ဝန်ဆောင်မှု ပေးတာပါ။ အသုံးပြုသူတွေ အနေနဲ့ မိမိ၏
ကိုယ်ပိုင် ကွန်ပျူတာတစ်လုံး ဒါမှမဟုတ် Server တစ်လုံးကို Data Center တွင်
တိုက်ရိုက်ထားရှိသလိုမျိုး အသုံးပြုသူ ကိုယ်တိုင် တိုက်ရိုက် အပြည့်အဝ
ထိန်းချုပ်နိုင်ဖို့ စီစဉ်ထားပါတယ်။ ကိုယ်ပိုင် ကွန်ပျူတာလိုပဲ ကြိုက်သလို
စီမံခန့်ခွဲလို့ ရပါတယ်။ အသုံးပြုသူတွေ အနေနဲ့ ကွန်ပျူတာတိုင်းမှာ ပါရှိတဲ့
Remote Desktop Software ကို အသုံးပြုပြီး အင်တာနက် ချိတ်ဆက်မှုရှိတဲ့
နေရာတိုင်းမှာ VPS ကို ဝင်ရောက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်” ဟု Myanmar
VPS မှ တာဝန်ရှိသူက ပြောသည်။ ၎င်းဝန်ဆောင်မှု ဝက်ဘ်ဆိုက် လိပ်စာမှာ www.myanmarvps.com
ဖြစ်ကြောင်း သိရသည်။ “အသုံးပြုသူရဲ့ Windows VPS မှာ ရရှိမယ့်
အင်တာနက်မြန်နှုန်းကတော့ Data Center ရဲ့ Network Backbone နဲ့ တိုက်ရိုက်
ချိတ်ဆက်ထားတာကြောင့် Gbit Speed ကို Download/Upload ရရှိမှာပါ” ဟု အထက်ပါ
ပုဂ္ဂိုလ်က ဆက်လက် ပြောကြားသည်။
0 comments:
Post a Comment
သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။
သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။
Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။
စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။
ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။
လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)