Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Tuesday, May 15, 2012

3G စနစ်သုံး ဖုန်းများ 3G Network ကို အပြည့်အဝ အသုံးပြုနိုင်တော့မည်



Photo
ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ အသုံးပြုခွင့် ပေးထားသည့် 3G စနစ်သုံး WCDMA ဖုန်းများကို 3G Network အပြည့်အဝ အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။  “3G Network ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ မကြာခင် အပြည့်အဝ အသုံးပြုနိုင်တော့မှာပါ။ လက်ရှိ အချိန်မှာလည်း 3G Network ကို ရန်ကုန်မြို့ရဲ့ သုံးပုံတစ်ပုံအထိ လွှမ်းခြုံပေးထားနိုင်ပါပြီ ဒီ 3G Network က ဖုန်းလိုင်းနဲ့ အင်တာနက် အသုံးပြုတဲ့ နေရာမှာ အခြားကွန်ရက်ထက် ပိုအဆင်ပြေစေမှု ရှိစေမှာပါ” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 

လက်ရှိ ရန်ကုန်မြို့တွင် အသုံးပြုခွင့် ပေးထားသော အင်တာနက်စနစ်များမှာ WCDMA ဖုန်းများကို 3G Network စနစ်ဖြင့် လည်းကောင်း GSM ဖုန်းများကို 2.75 Gbps EDGE Network စနစ်ဖြင့် လည်းကောင်း၊ CDMA 800 MHz ဖုန်းများကို EVDO စနစ်ဖြင့် လည်းကောင်း၊ အသုံးပြုခွင့် ပေးထားရာ 3G စနစ်ဖြင့် အင်တာနက် အသုံးပြုသူများကို တစ်မိနစ် အင်တာနက် အသုံးပြုခ လေးကျပ်၊ 2.75G စနစ်ကို တစ်မိနစ် နှစ်ကျပ်နှင့် EVDO အင်တာနက်စနစ် အတွက် တစ်မိနစ် လေးကျပ်နှုန်း သတ်မှတ်၍ အင်တာနက် အသုံးပြုခွင့် ပေးထားကြောင်း သိရသည်။ အဆိုပါ ဖုန်းအားလုံး၏ အင်တာနက် အသုံးပြုခွင့်ကိုလည်း မေ ၇ ရက်တွင် သက်ဆိုင်ရာ ဌာနအသီးသီး၌ One Stop Service ဖြင့် အင်တာနက် လျှောက်ထား အသုံးပြုခွင့် ပေးခဲ့ကြောင်း သိရသည်။   
 
ရှိန်းဝင်းထိုက်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account