Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Tuesday, May 15, 2012

ဂူးဂဲလ်က သူ၏ ပထမဆုံး မောင်းသူမဲ့ ကားအတွက် လိုင်စင်ရရှိပြီး လမ်းပေါ်၌ စမ်းသပ်


Photo

ဂူးဂဲလ်က သူ၏ ပထမဆုံး မောင်းသူမဲ့ ကားအတွက် လိုင်စင်ရရှိပြီး လမ်းပေါ်၌ စမ်းသပ်

By Pyi Myanmar 15 May, 2012 - 15:37
ဂူးဂဲလ်ကုမ္ပဏီသည် ၎င်းတို့၏ ပထမဆုံး မောင်းသူမဲ့ကားအတွက် လိုင်စင်ရရှိခဲ့ပြီး လမ်းများပေါ်တွင် ပထမဆုံး စမ်းသပ်ခဲ့ကြောင်း သိရသည်။  ဂူးဂဲလ်ကုမ္ပဏီသည် Toyota Prius ကားးကို အထူးပြုကာ ပြုလုပ်ထားခြင်း ဖြစ်ပြီး အဆိုပါကားကို အမေရိကန်ပြည်ထောင်စု နီဗာဒါး ပြည်နယ်၏ လမ်းများပေါ်၌ တွေ့မြင်ရတော့မည်ဟု ဆိုသည်။ ၎င်းတို့၏ ကားတွင် အသုံးပြုထားသော နည်းပညာသည် Auto-pilot နည်းပညာနှင့် တူပြီး လူက လုံးဝ ပါဝင်ခြင်းမရှိပဲ သို့မဟုတ် အနည်းငယ်မျှ ပါဝင်ရုံဖြင့် မောင်းနှင်နိုင်သည်ဟု ဆိုသည်။
လေဆာရောင်ခြည်သုံး ရေဒါများကို ကားခေါင်းမိုး၌ တပ်ဆင်ထားပြီး ယင်းက လမ်းသွားလမ်းလာများ၊ မော်တော်ဆိုင်ကယ်များနှင့် အခြား ယာဉ်များကို ရှာဖွေနိုင်သည်ဟု ဆိုသည်။ အဆိုပါ ကားသည် ခရီးလမ်းစနစ်အတွက် Google Maps ကို အသုံးပြုကာ မောင်းနှင်ခြင်း ဖြစ်သည်။ အဆိုပါ မောင်းသူမဲ့ ကားများသည် လူအများ မောင်းနှင်သော ကားများထက် ပိုမို အဆင်ပြေ မြန်ဆန်စွာ မောင်းနှင်နိုင်မည့် အပြင် ယာဉ်မတော်တဆမှုများကိုလည်း လျှော့ချနိုင်လိမ့်မည်ဟု ဆိုသည်။ ဂူးဂဲလ်ကုမ္ပဏီသည် ၎င်းတို့၏ ကားကို ဆန်ဖရန်စစ္စကိုမြို့ တစ်ဝိုက်၌လည်း စမ်းသပ်ခဲ့ပြီး ယာဉ်တိုက်မှု တစ်ခုသာ ဖြစ်ပွားခဲ့သည်။ ယင်းယာဉ်တိုက်မှုမှာလည်း မီးပွိုင့်၌ ရပ်ထားသော အဆိုပါကားကို အခြားကားက နောက်မှ ဝင်တိုက်ခြင်း ဖြစ်သည်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account