Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Tuesday, May 15, 2012

EDGE စနစ်သစ်ဖြင့် ကွန်ပျူတာနှင့် ချိတ်ဆက်ရာတွင် EVDO modern ဖြင့် သုံး၍မရ



Photo
ယခုချထားပေးသည့် အင်တာနက်စနစ်မှာ EDGE စနစ်ဖြစ်သဖြင့် အင်တာနက် အသုံးပြုရန် ကွန်ပျူတာဖြင့် ချိတ်ဆက်ရာတွင် EVDO modern ဖြင့်  အသုံးပြု၍ မရကြောင်း ၎င်းစနစ်ဖြင့် အင်တာနက် အသုံးပြုသူများထံမှ သိရသည်။ “အရင်က CDMA 800 MHZ တွေ အင်တာနက် ချပေးတုန်းက အိမ်က PC ကွန်ပျူတာနဲ့ အင်တာနက်အသုံးပြုဖို့ modern ဝယ်ထားတာ၊ လက်ရှိ CDMA 800 MHZ ဖုန်းကတ်နဲ့ ဒီ modern က သုံးလို့ရတယ်။ အခု GSM အင်တာနက် ချပေးတော့ လျှောက်ပြီး ဒီ modern နဲ့ပဲ သုံးဖို့ လုပ်တော့မရဘူး ဖြစ်နေတယ်။
နားလည် တတ်ကျွမ်းတဲ့ မိုဘိုင်းဖုန်းဆိုင်ကို မေးကြည့်တော့ CDMA 800 MHz က EVDO ဖြစ်ပြီး အခု GSM က EDGE စနစ် ဖြစ်တာမို့ modern ပြောင်းသုံးရမယ်လို့ ပြောတယ်လို့ ပြောတယ်” ဟု နေအိမ်တွင် Sim card ဖြင့် အင်တာနက် အသုံးပြုနေသူ တစ်ဦးက ၉-၅-၂၀၁၂ ရက်တွင် ပြောကြားသည်။
 
Mr. Fone အရောင်းဆိုင်မှ တာဝန်ရှိသူ တစ်ဦးကလည်း “တချို့တွေက အင်တာနက်သုံးဖို့ ကွန်ပျူတာနဲ့ Sim card နဲ့ ချိတ်ရင် ဘယ်စနစ်ဖြစ်စေ ဒီ modern နဲ့ ရတယ်လို့ ထင်နေတာ။ ဒါပေမဲ့ စနစ်မတူတဲ့ အတွက် မရပါဘူး။ EVDO စနစ်ဆိုရင် EVDO modern အသုံးပြုရသလို EDGE စနစ်ဆိုရင်လည်း EDGE modern ကို အသုံးပြုရမှာပါ။ ဒီ modern တွေက ဈေးကွက်မှာလည်း အလွယ်တကူ ဝယ်ယူနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။ EDGE modern များမှာ ဈေးကွက်အတွင်း အမျိုးအစားနှစ်မျိုးခန့် ရှိပြီး တရုတ်နိုင်ငံမှ တင်သွင်းကြောင်း၊ ဈေးနှုန်းမှာလည်း ကျပ် ၃၀၀၀၀ ခန့် ရှိကြောင်း သိရသည်။   
 
နှင်းနုဝေ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account