Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Tuesday, May 15, 2012

လာမည့် ၃ နှစ်မှ ၅ နှစ်အတွင်း ဖုန်းဖြင့် စာပို့သည့်စနစ် ပျောက်ကွယ်သွားမည်



Photo
SMS ဆိုသည့် စာပို့စနစ်သည် လွန်ခဲ့သည့် ၅ နှစ်အတွင်း စမတ်ဖုန်းနှင့် တက်ဘလက် ကွန်ပျူတာများတွင်  ခေတ်စားလာခဲ့သည်။ စမတ်ဖုန်းနှင့် 3G network ကို အသုံးပြုသူများသည် SMS ဖြင့် စာပို့ဆက်သွယ်ရသည့် စနစ်ကို ပိုနှစ်သက်လာပြီး အမေရိကန်တွင် အမျိုးသမီးများသည် SMS ဖြင့် ဆက်သွယ်ရခြင်းကို ပိုပြီးနှစ်သက် သဘောကျကြောင်း သိရသည်။
 

BlackBerry ဖုန်းများသည် စာများပို့ရန်အတွက် အထူးရည်စူး ထုတ်လုပ်ထားပြီး၊ လန်ဒန်တွင် လှုပ်ရှားမှု တစ်ခုအတွင်း ပိုပြီး လူသိများလာခဲ့သည်။ SMS စနစ် ခေတ်စားလာသဖြင့် apple ကလည်း စာပို့စနစ် iMessage ကို iPhone နှင့် iPad များတွင် ထည့်သွင်း လာသလို Google ကလည်း IM ကို Android သုံးသူများအတွက် ထည့်သွင်းပေးလာသည်။ ဧပြီလ အစောပိုင်းတွင် Facebook ကလည်း Messenger ကို ထည့်သွင်းပေးနေပြီ ဖြစ်ပြီး၊ မည်သည့် ပစ္စည်းသုံးသည်ဖြစ်စေ Facebook အတွင်း ဝင်လိုက်သည်နှင့် မိတ်ဆွေများနှင့် ချိတ်ဆက် ပြောဆိုနိုင်တော့မည် ဖြစ်သည်။ WiFi ဆက်သွယ်ရေး စနစ်များ ထွန်းကားလာခြင်း၊ လူမှုရေးကွန်ရက် site များကလည်း အချင်းချင်း အပြန်အလှန် တိုက်ရိုက် ပြောဆိုနိုင်သည့် စနစ်များကို ထည့်သွင်းပေးလာခြင်း၊ အခမဲ့ သို့မဟုတ် အခပေးရလျှင်လည်း တန်ဖိုး အလွန်နည်းပါးသဖြင့် လူတိုင်း SMS စနစ်ကို သုံးခြင်းထက် အသံဖြင့် တိုက်ရိုက် ပြောဆိုလာကြမည်ဖြစ်ရာ မကြာမီ SMS စနစ် ကွယ်ပျောက်သွားနိုင်ကြောင်း ခန့်မှန်းကြသည်။

1 comments:

လာရောက် ဖတ်ခဲ့ပါကြောင်း




အလွမ်း

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account