Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Tuesday, May 15, 2012

ဝက်ဘ်ဆိုက် လိပ်စာစနစ်များ ပြောင်းလဲရန် ကမ္ဘာ့အင်တာနက် အဖွဲ့အစည်းကြီးက စမ်းသပ်မှုများ ပြုလုပ်မည်



Photo
ကမ္ဘာပေါ်ရှိ ဝက်ဘ်ဆိုက်လိပ်စာများ အားလုံးကို တရားဝင် အမည် သတ်မှတ်ပေးနေသည့် အဖွဲ့အစည်းကြီးဖြစ်သည့် ICANN ကမ္ဘာ့အင်တာနက် အဖွဲ့အစည်းကြီးသည်  နိုင်ငံတကာ၌ ၎င်းတို့၏ ခွင့်ပြုချက်ဖြင့် အသုံးပြုနေကြသည့် ဝက်ဘ်ဆိုက်များ၏ လိပ်စာစနစ်များ ပြောင်းလဲမှုအတွက် စမ်းသပ်မှုများကို မေလ ၂၂ ရက်တွင် ပြုလုပ်သွားမည်ဟု သတင်းထုတ်ပြန်လိုက်သည်။
ထို့ပြင် အချို့သော ဝက်ဘ်ဆိုက်များ၏ အသုံးပြုမှု မတည်မငြိမ် ဖြစ်နေခြင်းများကိုလည်း ပြုပြင်ပေးသွားမည်ဟု သိရသည်။ ၁၉၈၀ ပြည့်နှစ် နောက်ပိုင်းတွင် စတင် အသုံးပြုလာခဲ့သည့် ဝက်ဘ်ဆိုက်အမည် သတ်မှတ်သည့်စနစ် (Domain Name System) သည် ယခုအခါ အင်တာနက် နယ်ပယ်တွင် လူသိအများဆုံး ဖန်တီးမှုစနစ်တစ်ခု ဖြစ်လာခဲ့ပြီး အစောပိုင်းက အသုံးပြုခဲ့သည့် .com,.org,.net စသည့် နေရာများတွင် ကုမ္ပဏီနာမည်များ ထည့်သွင်းရန် စီးပွားရေးလုပ်ငန်းရှင်များက ICANN သို့ သဘောတူညီမှု တစ်ခုကို မကြာမီ အချိန်ကာလ အတွင်း၌ ပြုလုပ်နိုင်ခဲ့ကြသည်။ ထို့ကြောင့် .com စသည့် နေရာတွင်  www.cameras.canon စသည့် ဝက်ဘ်ဆိုက်ပုံစံများ ပြောင်းလဲရန် သဘောတူညီမှု ပြုလုပ်ခဲ့သည်။ သို့သော် စတင်ပြောင်းလဲရာ၌ အဆင်မပြေမှုအချို့ ကြုံတွေ့နေရသည့် အတွက် ယင်းအခက်အခဲများကို အကောင်းဆုံး ဖြေရှင်းရန် အချိန်လိုအပ်ကြောင်း ICANN က ဆိုသည်။  
 
ZZ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account