Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Tuesday, May 15, 2012

ကွန်ပျူတာဖြင့် အင်တာနက် အသုံးပြုရာတွင် Sim Card ကို Modern ဖြင့် အသုံးပြုခြင်းထက် Handset Cable ကြိုးဖြင့် အသုံးပြုခြင်းက ပိုမိုအဆင်ပြေ



Photoကွန်ပျူတာဖြင့် အင်တာနက် အသုံးပြုရာတွင် Sim Card ကို Modern ဖြင့် အသုံးပြုခြင်းထက် Handset Cable ကြိုးဖြင့် အသုံးပြုခြင်းက ပိုမိုအဆင်ပြေ၍ လူသုံးများလျက် ရှိကြောင်း  ၈-၅-၂၀၁၂ ရက်က သိရသည်။ “ကွန်ပျူတာမှာ Modern နဲ့သုံးရင် Handset ထဲကနေ Sim Card ထုတ်ပြီး သုံးရတဲ့ အတွက် Card ပျက်တာတွေ ဖြစ်နိုင်တယ်။ ပြီးတော့ ဖုန်းလာရင်လည်း ပြောလို့ မရဘူး။ ဖုန်းဆက်သွယ်မှု ပြတ်သွားတာပေါ့။ အဲဒီအတွက် လူသိပ် မသုံးကြတော့ဘူး။ Handset က Cable ကြိုးနဲ့သုံးရင် ပိုပြီး အဆင်ပြေတယ်။ အင်တာနက် သုံးနေတုန်း ဖုန်းလာရင်လည်း ဖုန်းပြောလို့ ရတယ်။ ဒီနည်းက Handset က Cable နဲ့ ကွန်ပျူတာကို ချိတ်ပြီး သုံးတာ။ ဖုန်းပြောလို့ရတဲ့ အတွက် တော်တော်များများ သုံးကြတယ်” ဟု မိုဘိုင်းစင်တာတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အင်တာနက်ကို Cable ဖြင့် ချိတ်ဆက် အသုံးပြုရာတွင် အသုံးပြုနေစဉ်အတွင်း မိမိထံသို့ ဖုန်းဝင်လာပါက ဖုန်းပြောဆိုနိုင်၍ မိမိထံမှလည်း တစ်ပါးသူထံသို့ ဖုန်းခေါ်နိုင်ပြီး ဖုန်းပြောနေစဉ် အတွင်း အင်တာနက် Connection ကျသွားမည်ဖြစ်သော်လည်း၊ ဖုန်းချလိုက်ပါက Connection  ပြန်တက်လာမည်ဖြစ်ကြောင်း၊ Handset Cable ကြိုးဖြင့် အင်တာနက် ချိတ်ဆက် အသုံးပြုရာတွင် Handset ဝယ်စဉ်က ပါရှိသည့် Hardware CD နှင့် Cable ဝယ်စဉ် ပါရှိသည့် Software Cable CD ကို ကွန်ပျူတာတွင် Run ၍ Install လုပ်ပြီး အသုံးပြုရကြောင်း၊ ၎င်းချိတ်ဆက် အသုံးပြုသည့် Cable ကြိုးများကို Handset Model အလိုက် မိုဘိုင်းဖုန်းဆိုင်များတွင် ဝယ်ယူ ရရှိနိုင်ကြောင်း သိရသည်။

နှင်းနုဝေ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account