Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Tuesday, May 15, 2012

ဖုန်းများအတွက် အင်တာနက် Bandwidth ကို 5 Gbps အထိ ထပ်မံတိုးချဲ့မည်



Photo
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများတွင် အင်တာနက်စနစ်ကို အရည်အသွေး ကောင်းမွန်စွာ အသုံးပြုနိုင်ရန် အတွက် အင်တာနက် Bamdwidth 5 Gbps အထိ ထပ်မံတိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 
ထိုကဲ့သို့ Bandwidth တိုးချဲ့မှုကို ဂျီအက်စ်အမ် မိုဘိုင်းဖုန်း သန်း ၃၀ စီမံကိန်း၏ ပထမနှစ်အတွင်း အသုံးပြုနိုင်ရန် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု သိရသည်။ ဂျီအက်စ်အမ် မိုဘိုင်းဖုန်း သန်း ၃၀ ၏ ပထမနှစ်စီမံကိန်း အတွက်လည်း ယခုအခါ အင်တာနက် Bandwidth စုစုပေါင်း 3.72 Gbps အထိ ချိတ်ဆက်ထားပြီး ဖြစ်သောကြောင့် ကျန်ရှိနေသေးသည် 2.015 Gbps ကို SEA-ME-WE3 လမ်းကြောင်းမှ တစ်ဆင့် ချိတ်ဆက်ခဲ့ပြီးဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ထုတ်ပြန်ချက်များအရ သိရသည်။ ထို့ပြင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းဖုန်းများ အင်တာနက်သုံးစွဲမှု အဆင်ပြေစေရန် အတွက်လည်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးသုံးမြို့တွင် Mobile Switching Centre များနှင့် ချိတ်ဆက်နိုင်မည့် Mobile Data Pop သုံးခုကိုလည်း အသစ် တည်ဆောက်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

ရှိန်းဝင်းထိုက်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account