iPhone နှင့် Android ဖုန်းများတွင် ထည့်သွင်းအသုံးပြုနိုင်သော
ခရီးသွားလမ်းညွှန် မိုဘိုင်း application ကို ရွှေပြည်သုခ အထွေထွေဝန်ဆောင်မှု
ကုမ္ပဏီလီမိတက်မှ အများပြည်သူ ထည့်သွင်း အသုံးပြုနိုင်ရန်အတွက်
အခမဲ့ဖြန့်ချိလျက် ရှိကြောင်း သိရသည်။ အဆိုပါ application ကို ရန်ကုန်၊
မန္တလေး၊ နေပြည်တော်မြို့များတွင် အသုံးပြုနိုင်ပြီး မြို့နယ်အလိုက်၊
အမျိုးအစားနှင့် ကဏ္ဍအလိုက် စားသောက်ဆိုင်၊ ဟိုတယ်လုပ်ငန်း၊ စတိုးဆိုင်၊
ဆေးရုံ၊ ဆေးခန်း၊ ဆေးဆိုင်စသည်တို့၏ ဖုန်းနံပါတ်များ၊ လိပ်စာများ၊
မြေပုံများ၊ ကားမှတ်တိုင်များနှင့် စီးရမည့် ကားနံပါတ်များကို အလွယ်တကူ
ရှာဖွေနိုင်မည်ဖြစ်သည်။
...