Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, February 17, 2013

Acer Aspire MC605 (Desktop)



Photo
Price : 335000 Kyats, Ph : 01221683

Acer က နှစ်သစ်ရဲ့ အစမှာ ဆန်းသစ်တဲ့ Design နဲ့ ခိုင်ခံ့တဲ့ Body Design ကို အသုံးပြုထားတဲ့ Acer Aspire MC 605 ဟာဆိုရင် အသုံးပြုမယ့် Customer များနှင့်  သင့်တော်ပြီး စွမ်းဆောင်ရည်မြင့် Intel ရဲ့ Pentium Processor G645 ကို အသုံးပြုထားသောကြောင့် သူ့ရဲ့ မြန်နှုန်းမြင့်ဟာဆိုရင် (29) GHz ရှိပြီး ၎င်းကိုပိုမို လျင်မြန်စေရန် Memory DDR3 2GB က အထောက်အပံ့ ပေးထားပြီး 8GB အထိ upgrade တိုးမြှင့်နိုင်ပါတယ်။ Data တွေကို သိုလှောင်နိုင်ရန် 500GB HDD ဟာသင့်ရဲ့ များပြားလှသော အချက်အလက်များကို လုံလောက်စွာ သိမ်းဆည်းနိုင်ပါတယ်။

Bluetooth portable Speaker



Photo
Price : 38000 Kyats, Ph : 01 250084

Bluetooth Stereo Portable Speaker လေးပဲ ဖြစ်ပါတယ်။ Bluetooth ပါဝင်သော မည်သည့် Device နှင့်မဆို Wireless ချိတ်ဆက်ကာ (Phone, Tablets နှင့် Notebook Computer) Music များအား Play back ပြုလုပ်နိုင်ပါတယ်။ ချိတ်ဆက်မှုမှာလည်း ရိုးရှင်းကာ လွယ်ကူလှပါတယ်။ အကွာအဝေး 10 m အတွင်း Speaker အား Power ဖွင့်ထားပြီး ချိတ်ဆက်ကာ မိမိ၏ ဖုန်းအား Remote Control တစ်ခုလို ပြုလုပ်၍ လက်ကမချဘဲ သီချင်းများအား တောက်လျှောက် ဖွင့်ထားပြီး Phone ဝင်လာသော အခါတွင်ပါ ထို Speaker မှ ပြန်ပြောခြင်း နားထောင်ခြင်းများ ပြုလုပ်နိုင်ပါတယ်။

သင့်ကွန်ပြူတာ အတွက် ဖတ်ဖြစ်အောင်ဖတ်ပါ

ပထမအကြိမ်ဝင်းဒိုးအတက်နှေးသည်ကို စိတ်ရှည်ရှည်စောင့်လိုက်ပါ။ ဒုတိယအကြိမ် ထပ်ဖြစ်မလာစေရန် ကွန်ပြူတာကို လုံးဝ shut down မချပါနှင့်တော့။ ၀င်းဒိုးအတက်မစောင့်ရတော့ပါ။
...
စက်သုံးနေစဉ် blue screen တက်လာပါက ပြန်ကန်ချလိုက်ပါ။ တစ်ခါ မက နှစ်ခါမက တက်တက်လာပါက ကွန်ပြူတာ screen ကို သဘောင်္ဆေး အမည်းသုတ်လိုက်ပါ။ blue screen တက်လာသည်ကို မမြင်နိုင်တော့ပေ။

အွန်လိုင်းမှတစ်ဆင့် iDevice များကို Unlock ပြုလုပ်နိုင်ပြီ



Photo
အွန်လိုင်းမှတစ်ဆင့် iDevice များကို Unlock ပြုလုပ်ခြင်း စတင်ဆောင်ရွက်ပေးနေပြီ  ဖြစ်ကြောင်း Win Star Mobile မှ ဦးမျိုးသူကျော်က ပြောသည်။

လူတစ်ယောက်ရဲ့ မွေးနေ့သိရုံနဲ့ အတွင်းစိတ်ကို သိတဲ့နည်း

မြန်မာသက္ကရာဇ်ကို အခြေခံပြီး ဟောတဲ့ နည်းလေးပါ
စိတ်ဝင်စားရင်တွက်ကြည့်လိုက်နော်...............

Dr.dre Studio headphone



Photo
Price 35000 Kyats, Ph: 01250084

နာမည်ကြီး Dr.dre brand Studio head phone လေးပဲ ဖြစ်ပါတယ်။ အရောင်အသွေး တောက်ပလှပပြီး အသံကွာလတီ အံ့မခန်း ကောင်းမွန်သဖြင့် Professional Musician များ၊ DJ များနှင့် ယနေ့ခေတ် လူငယ်လူရွယ်များ အရူးအမူး ကြိုက်ကြတဲ့ brand Series ပဲ ဖြစ်ပါတယ်။

၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲမှာ Red Link ကုမ္ပဏီနဲ့ ရွှေသံလွင် ကုမ္ပဏီတို့ WiFi Free လွှင့်ခွင့် တရားဝင် ရရှိဟုဆို



Photo
ဖေဖေါ်ဝါရီလ ၁၃ ရက်။    ။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် ဆီးဂိမ်းပြိုင်ပွဲများတွင် Red Link ကုမ္ပဏီနှင့် ရွှေသံလွင် ကုမ္ပဏီတို့ WiFi Free လွှင့်ခွင့်တရားဝင် ရရှိထားကြောင်း  သတင်း ရရှိသည်။ "ဆီးဂိမ်းပြိုင်ပွဲမှာ အင်တာနက် အသုံးပြုခွင့်ကို ကျွန်တော်တို့ အခမဲ့ လှူပေးတာလည်း ဖြစ်ပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ အနေနဲ့ ကြော်ငြာခွင့်တွေလည်း ရရှိမှာ ဖြစ်ပါတယ်" ဟု Red Link ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

Ecommerce Website နှင့် Online Shopping များအတွက် Myanpay API အခမဲ့ ရရှိနိုင်


Online Ecommerce Website နှင့် Online Shopping များအတွက် Myanpay API အခမဲ့ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ Myanpay Express Checkout API ကိုwww.myanpay.com.mm တွင် ထုတ်လွှင့်ပေးထားမည် ဖြစ်သည်။

ဦးနှောက်နဲ့တူတဲ့ ကွန်ပျူတာများ


အင်မတန်ကြီးမားတဲ့ တွက်ချက်မှုတွေပြုလုပ်ဖို့ လူတွေက ကွန်ပျူတာဆိုတဲ့ ပစ္စည်းကို တီထွင်ခဲ့ကြပါတယ်။ ကွန်ပျူတာအစ ပေသီးကလို့ပြောရင် ပြောနိုင်ပါတယ်။  ဒါပေမယ့် နေရာတကာ လူကဝင်ကူနေရတဲ့ ပေသီးခုံကို ကွန်ပျူတာစက်လို သဘောထားနိုင်ပါ့မလား။ ကွန်ပျူတာတွေကို အစောပိုင်းတီထွင်တုန်းကတော့ ပေးသွင်းလိုက်တဲ့ ပုစ္ဆာတွေကို တွက်ချက်ပြီး အဖြေထုတ်ပေးနိုင်ရုံလောက်ပါ။ လူ့ဦးနှောက်နဲ့ ကိုင်တွယ်တွက်ချက်ဖို့ သိပ်ပြီးကြီးမားလွန်းနေတဲ့ ကိန်းဂဏန်းတွေကို အလွယ်တကူ ကိုင်တွယ်တွက်ချက်နိုင်ရုံလောက် ဆိုပါတော့။ ဒါပေမယ့် နောက်ပိုင်းမှာ ကွန်ပျူတာ တီထွင်သူတွေရဲ့ အတွေးအခေါ် ပြောင်းလာပါတယ်။ ပုံစံဆင်တူတဲ့ ပြဿနာတွေကို ကွန်ပျူတာက သူ့ဘာသာ တွက်ချက်ပေးနိုင်စွမ်း ရှိရမယ်ဆိုတဲ့ အတွေးအခေါ်ပေါ့။ ဒီအတွေးအခေါ်နဲ့အညီ ပေါ်လာတဲ့ ကွန်ပျူတာက Z1 Computer ဖြစ်ပါတယ်။ Knorad Zuse က ၁၉၃၆ ခုနှစ်မှာ တီထွင်ခဲ့ပြီး ကမ္ဘာ့ပထမဆုံး ပရိုဂရမ်လုပ်နိုင်တဲ့ ကွန်ပျူတာလို့ အဆိုရှိပါတယ်။

ကွန်ပျူတာတက္ကသိုလ် (First Year) တက်ရောက်နေကြသော ကျောင်းသား/သူများ အတွက် အသုံးတည့် Application



Photo
မျက်မှောက်ခေတ်တွင် မြန်မာနိုင်ငံရှိ ငွေကြေး တတ်နိုင်သော ကျောင်းသား/သူ လူငယ်ကိုယ်စီတိုင်း လိုလိုတွင် Smart Phone များ ပိုင်ဆိုင်နေကြပြီ ဖြစ်ပါတယ်။  Smart Phone အမျိုးအစားထဲမှာ Android OS သုံး Smart Phone များကို သုံးစွဲသူ ပိုမိုများပြား နေပါတယ်။ ဖုန်းပိုင်ဆိုင်သူတွေ အထဲက တချို့သော လူငယ်တွေက Smart Phone ကို ဖုန်းပြောဖို့နဲ့ ဂိမ်းကစားရန်သာ အသုံးပြု ဖြစ်ပါတယ်။ တချို့သော လူငယ်တွေ အနေနဲ့ကတော့ အင်တာနက် အသုံးပြုဖို့ကိုသာ အဓိကထား အသုံးပြုကြပါတယ်။ Smart Phone တစ်လုံးကို ဘယ်လို ရည်ရွယ်ချက် အမျိုးမျိုးနဲ့ သုံးစွဲနေပါစေ ကိုယ်လုပ်ကိုင်နေတဲ့ အရာနဲ့ အသုံးတည့်မယ့် Application တွေဆိုရင်တော့ လိုချင်ကြမှာပါ။ ဒါကြောင့် ကျောင်းသား/သူများ အတွက် အသုံးတည့် Application သုံးခုကို မိတ်ဆက် ပေးချင်ပါတယ်။

သမိုင်းတစ်လျှောက် ကမ္ဘာ့အတော်ဆုံး အမျိုးသမီး လက်ဖြောင့်တပ်သား

Photo: သမိုင်းတစ်လျှောက် ကမ္ဘာ့အတော်ဆုံး အမျိုးသမီး လက်ဖြောင့်တပ်သား

Lyudmila Pavlichenko လို့ အမည်ရတဲ့ ဆိုဗီယက်ပြည်ထောင်စုက အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ ရန်သူ ၃၀၉ ယောက်ကို ပစ်သတ်နိုင် ခဲ့တာ ကြောင့်မို့ သမိုင်းမှာ အအောင်မြင်ဆုံး အမျိုးသမီး စနိုက်ပါ အဖြစ် အသတ်မှတ်ခံရပါတယ်။

ပထမ ၂ လခွဲကာလအတွင်း တပ်စခန်းတစ်ခုမှာ ရန်သူ ၁၈၇ ယောက် သတ်နိုင်ပြီး နောက်ထပ် တပ်စခန်းတစ်ခုကမှာ ၈ လတာ ကာလအတွင်း ဂျာမန် စစ်သား ၂၅၇ ယောက် သတ်နိုင်ပါတယ်။ စနိုက်ပါက ရန်သူ စနိုက်ပါ ကို တိုက်ခိုက်ပစ်သတ်တယ်ဆိုတာ ခက်ခဲတဲ့ စစ်ဆင်ရေး ဖြစ် ပါတယ်။ သို့ပေမယ့် ဂျာမန် စနိုက်ပါ ၃၆ ယောက်ကိုတောင် ပစ်သတ်နိုင်ခဲ့ပါတယ်။ အမှန်တကယ် သတ်နိုင်တာက လေးရားကျော် ရှိပြီး စနိုက်ပါ သေနတ်နဲ့ ပစ်သတ်တာကတော့ ၃၀၉ ယောက်ရှိတယ်ဆိုတာ တရားဝင် မှတ်တမ်း ရှိခဲ့ပါတယ်။ သူမရဲ့  သမိုင်းအကျဉ်းက ဒီလို ဖြစ်ပါတယ်။

၁၉၁၆ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က ရုရှားအင်ပါယာ, Bila Tserkva မှာ မွေးဖွားပါတယ်။ သမိုင်းဘာသာရပ်နဲ့ တက္ကသိုလ်မှာ ကျောင်းတက်နေ စဉ်ပဲ ဒုတိယက ကမ္ဘာစစ် ဖြစ်တာကြောင့် ဆိုဗီယက် တပ်မတော်ထဲကို အသက် ၂၄ နှစ်ကစတင် ဝင်ရောက်ခဲ့ပါတယ်။ ၁၉၄၁ နောင်းပိုင်း ကာလ ဖြစ်ပြီး စစ်သူနာပြုလုပ်ဖို့ အားလုံး ဝိုင်းဖိအား ပေးပေမယ့် စစ်တိုက်ဖို့ ပဲ ရွေးချယ်ခဲ့သူ ဖြစ်ပါတယ်။

ရုရှား ရိုင်ဖယ်တပ် ၂၇ ကို ဝင်ခွင့်ရရှိခဲ့ပြီး စစ်ရေးလေ့ကျင့်မှုများ ရရှိခဲ့ ပါတယ်။ သူ့လိုပဲ ရုရှားမှာ အမျိုးသမီး စနိုက်ပါ အယောက် ၂၀၀၀ မွေးဖွား ခဲ့ ပြီး စစ်ပြီးတော့ အယောက် ၅၀၀ ပဲ အသက်ရှင်ကျန်ခဲ့ ပါတယ်။

တပ်ထဲစဝင်ပြီး နာရီပိုင်းပဲကြာတဲ့ တိုက်ပွဲမှာ ဂျာမန် ၂ ယောက် သတ်နိုင် ပါတယ်။ အသုံးပြုတဲ့ သေနတ်ကတော့ SVT-40 semi-automatic ရိုင်ဖယ်ဖြစ်ပြီး တယ်လီစကုတ်က ၃.၅ ဖြစ်ပါတယ်။ နောက်ပိုင်း တိုက်ပွဲတွေ မှာလည်း ယင်းသေနတ်ကိုသာ အများစု အသုံးပြုရပြီး ရန်သူပေါင်း ၃၀၉ ဦးကို စံချိန်တင် သတ်နိုင်ခဲ့ပါတယ်။

စစ်ပြီးတဲ့အခါကျတော့ ဆီုဗီယက်ပြည်ထောင်စုကပေးတဲ့ ထူးချွန်စု၊ ဂုဏ်ပြု ဆု များ ရရှိပါတယ်။ ကနေဒါ၊ အမေရိကန်တို့မှ အစိုးရများကလည်း ဖိတ်ကြားတဲ့အတွက် သွားရောက်တွေ့ဆုံပြီး ဟောပြောပွဲတွေ မှာလည်း ဟောပြောဖို့ အဖိတ်ကြားခံရပါတယ်။ အောက်တိုဘာ ၁၀ ရက်၊ ၁၉၇၄ ခုနှစ် (အသက် ၅၈ နှစ်) အရွယ်ရောက်တော့ မော်စကိုမြို့ မှာပဲ ကွယ်လွန်ခဲ့ပါတယ်။

သို့ပေမယ့် သူမရဲ့  စွမ်းဆောင်ရည်ကြောင့် ယနေ့တိုင် ရုရှားနဲ့ ယခင် ဆိုဗီယက်ပြည်ထောင်စု နိုင်ငံများမှ စံထားရတဲ့ အမျိုးသမီး သူရဲကောင်းအဖြစ် သမိုင်းကျန်ရှိလျက် ရှိကြောင်း သိရပါတယ်။

Ref: wiki
International news for myanmar

--

http://www.innewsmyanmar.com/2013/02/blog-post_8608.html
By International news for myanmar
Lyudmila Pavlichenko လို့ အမည်ရတဲ့ ဆိုဗီယက်ပြည်ထောင်စုက အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ ရန်သူ ၃၀၉ ယောက်ကို ပစ်သတ်နိုင် ခဲ့တာ ကြောင့်မို့ သမိုင်းမှာ အအောင်မြင်ဆုံး အမျိုးသမီး စနိုက်ပါ အဖြစ် အသတ်မှတ်ခံရပါတယ်။

နှစ်နိုင်ငံ ဆေးပညာ ဖလှယ်ပွဲနှင့် အိမ်တွင်းမှု အနုပညာ ပြပွဲ အိန္ဒိယ- မြန်မာ ပူးပေါင်း ကျင်းပမည်

Photo: နှစ်နိုင်ငံ ဆေးပညာ ဖလှယ်ပွဲနှင့် အိမ်တွင်းမှု အနုပညာ ပြပွဲ အိန္ဒိယ- မြန်မာ ပူးပေါင်း ကျင်းပမည်
Sunday, February 17, 201

မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့နှင့် အိန္ဒိယ ကောင်စစ်ဝန် ချုပ်တို့ ပူးပေါင်း ကျင်းပသည့် ပထမ အကြိမ် အိန္ဒိယ- မြန်မာ အိမ်တွင်းမှု အနုပညာ ပြပွဲကို ဖေဖော်ဝါရီ ၂ဝ ရက်မှ ၂၄ ရက် အထိ ငါးရက်တိုင်တိုင် နံနက် ၁ဝ နာရီမှ ညနေ ၆ နာရီ အထိ အမျိုးသား ပြဇာတ်ရုံ၌ ခင်းကျင်း
ပြသမည် ဖြစ်သည်။

အိန္ဒိယ ကောင်စစ်ဝန်ချုပ် မစ္စတာ Dr.Madam Mohan Sethi က နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု တိုးတက် စေရန်နှင့် နှစ်နိုင်ငံ ကူးသန်း ရောင်းဝယ်ရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရန် ရည်ရွယ်၍ အိန္ဒိယ နိုင်ငံ အထည်အလိပ် ဝန်ကြီးဌာန မဏိပူရ မြို့နယ် စီးပွားကူးသန်း ဦးစီးဌာန စက်မှု အထည်နှင့် လက်မှု အနုပညာ ဖွံ့ဖြိုး တိုးတက်ရေး ကော် ပို ရေးရှင်းမှ အိမ်တွင်း အနုပညာ ပစ္စည်းများ၊ အထည်အလိပ် ပစ္စည်းများ ပြသမည်
ဖြစ်ပြီး မြန်မာ နိုင်ငံမှ ကုန်စည် များကိုလည်း အိန္ဒိယ နိုင်ငံ မဏိပူရ မြို့နယ်တွင် ဧပြီလ၌ သွားရောက် ပြသခွင့် ရရှိမည် ဖြစ်ကြောင်း သိရသည်။

http://bit.ly/15lL8P8

မြ၀တီ
Sunday, February 17, 201

မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့နှင့် အိန္ဒိယ ကောင်စစ်ဝန် ချုပ်တို့ ပူးပေါင်း ကျင်းပသည့် ပထမ အကြိမ် အိန္ဒိယ- မြန်မာ အိမ်တွင်းမှု အနုပညာ ပြပွဲကို ဖေဖော်ဝါရီ ၂ဝ ရက်မှ ၂၄ ရက် အထိ ငါးရက်တိုင်တိုင် နံနက် ၁ဝ နာရီမှ ညနေ ၆ နာရီ အထိ အမျိုးသား ပြဇာတ်ရုံ၌ ခင်းကျင်း ပြသမည် ဖြစ်သည်။

iTunes ပေါ်ကသီချင်းတွေကို သင့် Windows Phone ထဲကို ထည့်သွင်းအသုံးပြုပုံ



Photo
Windows Phone အသုံးပြုတဲ့သူတွေ အနေနဲ့ iTunes ထဲမှာ ထည့်သွင်းထားတဲ့ သင့်ရဲ့သီချင်းတွေကို အသုံးပြုနေတဲ့ Windows Phone ထဲကို ထည့်သွင်းပုံ ထည့်သွင်းနည်းကို ယခုတစ်ပတ်မှာ ရွေးချယ်ဖော်ပြပေးမှာ ဖြစ်ပါတယ်။ iTunes ထဲက သီချင်းတွေကို Windows Phone ထဲ ထည့်သွင်းဖို့ အတွက်ကတော့ အခက်အခဲကြီး ပြုလုပ်နေစရာ မလိုပါဘူး။ Windows Platform သုံး OS နဲ့ Mac Platform သုံး OS တွေမှာ iTunes ထဲက သီချင်းတွေကို Windows Phone OS သုံး Mobile Device ထဲ ထည့်သွင်းပုံ ထည့်သွင်းနည်းများကို ဖော်ပြပေးပါမယ်။

မည့်သည့်ဘွဲ့ရမဆို တက်ရောက်သင်ကြားနိုင်မည့် အွန်လိုင်းအဝေးသင် ဥပဒေ ဒီပလိုမာသင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရ

Photo: မည့်သည့်ဘွဲ့ရမဆို တက်ရောက်သင်ကြားနိုင်မည့် အွန်လိုင်းအဝေးသင် ဥပဒေ ဒီပလိုမာသင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရ
Sunday, February 17, 2013

ရန်ကုန် အဝေးသင်တက္ကသိုလ်မှ အွန်လိုင်းအဝေးသင် ဥပဒေ ဒီပလိုမာသင်တန်းကို www.yudeonline.com.mm တွင် ဖွင့်လှစ်သင်ကြားလျက်ရှိပြီး၊ တက္ကသိုလ်တစ်ခုခုမှ မည့်သည့်
ဘွဲ့ရမဆို လျှောက်ထားနိုင်ကြောင်း သိရသည်။

အဆိုပါသင်တန်းကို Semester နှစ်ခုခွဲ၍ သင်ကြားပေးမည် ဖြစ်သည်။၊ Semester တစ်ခုလျှင် ၅ လကြာ သင်ကြားပေးမည်ဖြစ်ပြီး၊ Semester နှစ်ခုအတွက် ၁ဝ လကြာမည်ဖြစ်ကြောင်း သိရသည်။ Semester တစ်ခုစီကို အောက်တိုဘာလနှင့် ဧပြီလတို့တွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး၊ နှစ်စဉ် မတ်လနှင့် သြဂုတ်လမှာ စာမေးပွဲဖြေဆိုရမည်ဖြစ်သည်။ စာမေးပွဲကာလများကို အွန်လိုင်းမှ
ကြေငြာပေးသွားမည်ဖြစ်ပြီး၊ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် ၅ ရက်တိုင် ဖြေဆိုရမည်ဖြစ်သည်။ သုံးနာရီမေးခွန်း ဖြစ်ကြောင်းလည်း သိရသည်။

၎င်းအွန်လိုင်း အဝေးသင် ဥပဒေ ဒီပလိုမာသင်တန်းကို အလုပ်မပျက် ICT နည်းပညာဖြင့် သင်ကြားနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။ ၄င်းသင်တန်း တက်ရောက်လိုသူများအနေဖြင့် အွန်လိုင်းမှ
တဆင့် လျှောက်ထားနိုင်မည်ဖြစ်ပြီး၊ သင်တန်းစာမေးပွဲကိုလည်း အွန်လိုင်းမှပင် ဖြေဆိုရမည် ဖြစ်သည်။ Assignment များကိုလည်း အွန်လိုင်းမှပင် ဖြေဆိုရမည်ဖြစ်ပြီး၊ သက်ဆိုင်ရာ ဆရာများက အွန်လိုင်းမှပင် စစ်ဆေးပေးသွားမည်ဟု သိရသည်။

၎င်းအွန်လိုင်းဥပဒေ ဒီပလိုမာသင်တန်းကို ၂ဝဝ၂ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ထားခဲ့သော်လည်း လူသိနည်းနေပြီး၊ ၄င်းသင်တန်း
ပြီးဆုံးပါက Diploma in Law (online) ဘွဲ့ရရှိမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group
Sunday, February 17, 2013

ရန်ကုန် အဝေးသင်တက္ကသိုလ်မှ အွန်လိုင်းအဝေးသင် ဥပဒေ ဒီပလိုမာသင်တန်းကို www.yudeonline.com.mm တွင် ဖွင့်လှစ်သင်ကြားလျက်ရှိပြီး၊ တက္ကသိုလ်တစ်ခုခုမှ မည့်သည့်
ဘွဲ့ရမဆို လျှောက်ထားနိုင်ကြောင်း သိရသည်။

Saturday, February 16, 2013

တန်ဖိုးရှိတဲ့ ပုံပြင်လေးတစ်ပုဒ်

Photo: တန်ဖိုးရှိတဲ့ ပုံပြင်လေးတစ်ပုဒ်

မယားလေးယောက်
ဒီဇာတ်လမ်းလေးက တကယ့်အဖြစ်အပျက်ပါတဲ့။ ဘယ်ဆီဘယ်တုံးကမှန်းမသိရတဲ့
ကာလတစ်ခုကပဲလို့ ထားပါတော့ဗျာ။ မယားလေးယောက်ရှိတဲ့
ကုန်သည်တစ်ယောက်အကြောင်းပါ။ ဒီဇာတ်လမ်းလေးကို သူသေခါနီးဆဲဆဲမှာ
ရေးခဲ့တာပေါ့။ မယားလေးယောက်နဲ့လူရဲ့ ဖွင့်ဟ၀န်ခံချက်လို့လဲ
ဆိုချင်ဆိုနိုင်ပါတယ်။

ဒီလိုပါ။ စောစောက ပြောတဲ့အတိုင်းပဲ သူ့မှာ မယားလေးယောက်ရှိပါတယ်။
အဲဒီလေးယောက်ထဲမှာ လေးယောက်မြောက်မယားကို သူက အချစ်ဆုံးပါတဲ့။
သူလေးအတွက်ဆိုရင် ကောင်းပေ့ ညွန့်ပေ့ဆိုတဲ့ အ၀တ်အစားတွေ ဆင်တယ်။ သူလေးကို
အနူးညံ့ဆုံး အပျော့ပြောင်းဆုံး ဆက်ဆံတယ်။ သူ့မှာ ရှိသမျှ
အကောင်းဆုံးဆိုတဲ့ အရာတွေကို သူလေးအတွက် ရည်ရွယ်ပါတယ်တဲ့။

တတိယမယားကိုကျတော့လဲ သူသိပ်ချစ်တာပဲတဲ့။ ဒီမယားလေးကတော့ သူ့အတွက်
ဂုဏ်ယူစရာတစ်ခုပါတဲ့။ သူလေးနဲ့တွဲပြီး မိတ်ဆွေအပေါင်းအသင်းတွေကြား
ပွဲတက်ရတာ အတော်ကျေနပ်ဖို့ကောင်းဆိုပဲ။ ဒါပေမယ့် သူလေး ဘယ်အချိန်မှာများ
ဘယ်သူနဲ့ လိုက်ပြေးသွားမလဲလို့ သူ့မှာ အမြဲစိတ်တထင့်ထင့်နဲ့
စိုးရိမ်နေရပါတယ်တဲ့။

ဒုတိယဇနီးကိုလည်း သူက ချစ်တာပဲတဲ့။ အင်း.. အချစ်တွေ တယ်ပေါနော်။
သူလေးကတော့ သိပ်ကိုကြင်နာတက်ပြီး အကူအညီအရမ်းရတဲ့ မိန်းမပါတဲ့။ အမြဲလည်း
သည်းခံတက်တယ်။ တကယ်တော့ သူလေးဟာ သူ့ရဲ့ တီးတိုးဖော် တိုင်ပင်ဖက်ပါတဲ့။
ကြမ်းတမ်းခက်ခဲမှုတွေ ကြုံလာရတဲ့အခါတိုင်း သူ့ကိုကူညီပြီးတော့
အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းပေးတက်သူပါတဲ့။

ပထမ မယားကြီး။ သူကတော့ သိပ်ကို သစ္စာရှိတဲ့ အဖော်ပါတဲ့။ သူ့ရဲ့
စည်းစိမ်ဥစ္စာရှာဖွေမှုတွေ စီးပွားရေးလုပ်ငန်းတွေမှာ
အများဆုံးကူညီအကျိုးပြုခဲ့တဲ့ ဇနီးသည်တစ်ယောက်ပေါ့။ တစ်အိမ်လုံးရဲ့
ကိစ္စ၀ိစ္စတွေကိုလည်း သူပဲ စီမံခန့်ခွဲတာတဲ့။ ဒါပေမယ့်ပေါ့ဗျာ။ အဲဒီ
ပထမမယားကြီးကိုကျတော့ သူက မချစ်ဘူးတဲ့ဗျ။ ဟိုကတော့ သူ့ကို တကယ့်ကို
နှစ်နှစ်ကာကာ ချစ်ရှာပါတယ်။ သူကတော့ တစ်ခါတစ်လေမှာ ရှိတယ်လို့တောင်
အမှတ်မထား ဂရုမစိုက်မိတက်ပါဘူးတဲ့။

တစ်နေ့မှာတော့ ကုန်သည်ဟာ နာမကျန်းဖြစ်လာပါတယ်။
သိပ်မကြာခင်အချိန်အတွင်းမှာပဲ သူဟာ သေရတော့မယ်ဆိုတာကို
သဘောပေါက်လာပါတယ်တဲ့။ စည်းစိမ်ဥစ္စာတွေ ပြည့်စုံကြွယ်ဝတဲ့
သူ့ဘ၀အကြောင်းကို စဉ်းစားမိလာပါတယ်။ အင်းပေါ့ မယားလေးယောက်အကြောင်းလဲ
ပါတာပေါ့။ သူက “အခုငါ့မှာ မယားလေးယောက်တောင်ရှိနေတယ်။ ဒါပေမယ့်
ငါသေသွားရင် တမလွန်မှာ ငါတစ်ယောက်ထဲ ဖြစ်နေတော့မှာပဲ။ အရမ်းကို
အထီးကျန်မှာပဲ” လို့ စဉ်းစားမိသတဲ့။

အဲဒါနဲ့ပဲ သူ့ရဲ့အချစ်ဆုံး စတုတ္ထမယားလေးကိုခေါ်ပြီး ပြောပါတယ်။ “မိန်းမရေ
မင်းကို ကိုယ်အချစ်ဆုံးပါ။ မင်းအတွက်ဆို ကောင်းပေ့ညွန့်ပေ့ဆိုတဲ့
အ၀တ်အစားတွေ ပုံအောပေးခဲ့တယ်။ မင်းကိုလည်း အရမ်းကို ဂရုစိုက်ခဲ့တယ်။
အခုတော့ ကိုယ်သေရတော့မယ်။ မင်း ကိုယ်နဲ့လိုက်ပြီး
အဖေါ်လုပ်ပေးနိုင်မလားကွယ်”
“ဟင့်အင်း လုံးဝမဖြစ်နိုင်ပါဘူး” သူလေးက ပြန်ပြောပါတယ်။ နောက်ထပ်လည်း
စကားတစ်ခွန်းတောင် ထပ်မပြောတော့ပဲ အနားကထွက်သွားပါသတဲ့။

ဒီအဖြေဟာ သူ့ရဲ့နှလုံးသားကို ဓါးထက်ထက်နဲ့ မွှန်းလိုက်သလိုပါပဲတဲ့။
ကုန်သည်ဟာ သိပ်ကို ၀မ်းနည်းကြေကွဲသွားပြီး တတိယ မယားကို ခေါ်ပြီး
ပြောပြန်ပါတယ်။
“မိန်းမရေ ကိုယ့်ဘ၀တစ်လျှောက်လုံးမှာ မင်းကို သိပ်ချစ်ခဲ့ပါတယ်။ အခုတော့
ကိုယ်သေရတော့မယ်။ မင်း ကိုယ်နဲ့လိုက်ပြီး အဖေါ်လုပ်ပေးနိုင်မလားကွယ်”
“ဟင့်အင်း မဖြစ်နိုင်ပါဘူးရှင်” တတိယမယားက ပြန်ပြောပါတယ်။ “ဘ၀ဆိုတာ
ရှင်သန်နေရတာ သိပ်ကိုပျော်ရွှင်ဖို့ကောင်းပါတယ်။ ရှင်သေသွားခဲ့ရင်
ကျမကတော့ နောက်အိပ်ထောင်ပြုမှာပါ”
ကုန်သည်ရဲ့ နှလုံးသားဟာ ကွဲအက်ကြေမွသွားပြီး အေးခဲသွားခဲ့ပါတယ်။

သူက တတိယ မယားကို ခေါ်ပြီးမေးပြန်ပါတယ်။ “မိန်းမရေ ကိုယ်
အကူအညီလိုတဲ့အခါတိုင်း မင်းဆီကို လာခဲ့တယ်နော်။ မင်းကလဲ ကိုယ့်ကို
အမြဲတမ်း ကူညီပေးခဲ့တယ်။ အခု ကိုယ်မင်းရဲ့ အကူအညီကို လိုနေပြန်ပြီကွယ်။
ကိုယ်သေသွားတဲ့အခါ မင်း ကိုယ်နဲ့လိုက်ပြီး အဖေါ်လုပ်ပေးနိုင်မလားဟင်”
“မဖြစ်နိုင်ပါဘူးရှင်၊ ဒီတစ်ခါတော့ အစ်ကို့ကို ကျမ မကူညီနိုင်တော့ပါဘူး”
တတိယဇနီးသည်က ပြန်ဖြေပါတယ်။ “ကျမအလွန်ဆုံးလုပ်ပေးနိုင်တာကတော့ အစ်ကို့ရဲ့
နောက်ဆုံးခရီးကို လိုက်ပို့ပေးနိုင်တာ တစ်ခုပါပဲ”
ဒီအဖြေဟာ မိုးကြိုးသွားတစ်ခုလို သူ့ရဲ့ နှလုံးသားကို
ချေမွဖျက်ဆီးလိုက်ပြီး သူဟာ ၀မ်းနည်းပက်လက်နဲ့
ယူကြုံးမရဖြစ်သွားပါတယ်တဲ့။

အဲဒီအချိန်မှာပဲ အသံတစ်သံက ပြောပါတယ်။ “ကျမ ရှင်နဲ့အတူ သွားပါ့မယ်။
ရှင်ဘယ်ကိုပဲ သွားသွား ကျမအတူလိုက်ခဲ့ပါမယ်” ကုန်သည်က
မော့ကြည့်လိုက်တဲ့အခါမှာတော့ အစာအဟာရ မပြည့်ဝတဲ့လူတစ်ယောက်လို
ပိန်လှီပြီး အရိုးနဲ့အရေပဲ ဖြစ်နေတဲ့ သူ့ရဲ့ ပထမဇနီးသည်ကို
တွေ့လိုက်ရပါတယ်တဲ့။ အဲဒီတော့မှ ကုန်သည်ဟာ ၀မ်းနည်းကြေကွဲစွာနဲ့
ပြောရှာပါတယ်။ “ကိုယ် ဂရုစိုက်နိုင်တဲ့အချိန်တုံးက မင်းကို
အခုထက်အများကြီး ပိုပြီး ဂရုစိုက်ခဲ့သင့်တာပါကွယ်”

အခုတော့ ကုန်သည်ဟာ သေဆုံးသွားလောက်ရောပေါ့။ သူ့ရဲ့ ပထမဇနီးသည်လဲ သူနဲ့အတူ
လိုက်သွားလောက်ရောပေါ့ဗျာ။

တကယ်တော့ ကျနော်တို့အားလုံးရဲ့ ဘ၀မှာ မယားလေးယောက်စီ ရှိပါသတဲ့

၁။ စတုတ္ထမယားဆိုတာ ကျနော်တို့ရဲ့ ရုပ်ခန္ဓာကိုယ်ပါတဲ့။ ဘယ်လောက်ပဲ သူ့ကို
ကြိုးစားပမ်းစား ရက်ရက်ရောရော အလှဆင်ပေမယ့် ကျနော်တို့သေဆုံးသွားတဲ့အခါ
ကျနော်တို့ကို စွန့်ခွာသွားမှာပါပဲတဲ့။

၂။ တတိယမယားဆိုတာ ကျနော်တို့ရဲ့ ပိုင်ဆိုင်မှုတွေ ရာထူးဂုဏ်သိမ်
စည်းစိမ်ဥစ္စာတွေပါတဲ့။ ကျနော်တို့ သေဆုံးသွားတဲ့အခါ တခြားသူတွေဆီကို
ရောက်သွားမယ့် အရာတွေပါတဲ့။

၃။ ဒုတိယ မယားဆိုတာကတော့ ကျနော်တို့ရဲ့ မိသားစုတွေနဲ့
မိတ်ဆွေသင်္ဂဟတွေပါတဲ့။ ရှင်သန်နေထိုင်စဉ်အတွင်းမှာ ဘယ်လောက်ပဲ
ရင်းနှီးချစ်ကျွမ်းဝင်မှုတွေရှိကြပေမယ့် သူတို့တစ်တွေ အလွန်ဆုံး
အတူရှိနေနိုင်တဲ့အချိန်ဟာ ကျနော်တို့ရဲ့ နောက်ဆုံးခရီးကို
လိုက်ပါပို့ဆောင်ချိန် အထိပါပဲတဲ့။

၎။ ပထမ မယားကြီးဆိုတာကတော့ ကျနော်တို့ရဲ့ စိတ်ဝိညာဉ်ပါတဲ့။ ရုပ်ဝတ္ထုတွေ
စည်းစိမ်ချမ်းသာတွေနဲ့ ကာမဂုဏ်အာရုံတွေနောက်ကို ကောက်ကောက်ပါအောင်
လိုက်ရင်း အမြဲလိုလို မေ့လျှော့ ဥပေက္ခာပြုထားခြင်းခံနေရတဲ့ အရာပါတဲ့။

စဉ်းစားကြည့်လိုက်ပါ။ တကယ်တော့ စိတ်ဝိညာဉ်ကသာ ကျနော်တို့ ဘယ်သွားသွား
အမြဲအတူလိုက်နေမယ့် အရာပါ။ အိပ်ယာပေါ်မှာ သေငယ်ဇောနဲ့ မျောနေမယ့်
အချိန်အထိမစောင့်ပဲနဲ့ အခုကတည်းက သူ့ကို ကျန်းမာသန်စွမ်းလာအောင်
လေ့ကျင့်ပျိုးထောင်ထားဖို့ဆိုတာ အကြံကောင်း ဥာဏ်ကောင်းတစ်ခု မဟုတ်လားဗျာ။

(အင်တာနက်မှာ တွေ့ရတဲ့ စာလေးတစ်ပုဒ်ကို ဆီလျှော်အောင် ဘာသာပြန်ထားတာပါ။)
ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

Credit ကိုဦး
မယားလေးယောက်
ဒီဇာတ်လမ်းလေးက တကယ့်အဖြစ်အပျက်ပါတဲ့။ ဘယ်ဆီဘယ်တုံးကမှန်းမသိရတဲ့
ကာလတစ်ခုကပဲလို့ ထားပါတော့ဗျာ။ မယားလေးယောက်ရှိတဲ့
ကုန်သည်တစ်ယောက်အကြောင်းပါ။ ဒီဇာတ်လမ်းလေးကို သူသေခါနီးဆဲဆဲမှာ
ရေးခဲ့တာပေါ့။ မယားလေးယောက်နဲ့လူရဲ့ ဖွင့်ဟ၀န်ခံချက်လို့လဲ
ဆိုချင်ဆိုနိုင်ပါတယ်။

Daisy ပန်းရဲ့ story

Photo: Daisy ပန်းရဲ့ story

ဇု (Zeus) ဆိုတာ အိုလံပီယာတောင်က နတ်ဒေ၀တာတွေရဲ့ အကြီးအမှုးဖြစ်ပြီးတော့ အရမ်းဒေါသကြီးသတဲ့... အဲလိုဒေါသကြီးတဲ့ ဇု နတ်ဖုရားရဲ့ ဒေါသကိုငြိမ်းစေဖို့ အပိုလို (Apollo) နတ်သားနဲ့ ဗီးနပ်စ် (Venus) တို့ ကနည်းလမ်းရှာကျတာပေါ့... အဲဒီလိုရှာရင်းက နတ်ပြည်မှာ ပန်းတစ်မျိုးကို ရှာတွေ့ ခဲ့ကြတယ်၊ ဒါပေမဲ့ အဲဒီပန်းက နတ်ပြည်မှာ စိုက်ပျိုးလို့ မရပဲ လူ့ ပြည်မှာသာ စိုက်ပျိုးလို့ ရနိုင်သတဲ့၊ အဲဒီပန်းကို အပိုလို (နေနတ်သားက) စတင်တွေ့ ရှိခဲ့တာမို့  Day's eye (နေ့ ရဲ့ မျက်လုံး) လို့ အမည်ပေးခဲ့ကြတယ်၊ အဲဒီပန်းကိုမြင်ရင် ဒေါသကြီးပါတယ်ဆိုတဲ့ ဇု တောင် ဒေါသတွေပြေသွားသတဲ့၊ အဲလိုကနေ ကာလတွေရွေ့ လျားလာတော့ Day's eyes ကနေ Daisy ဆိုပြီးခေါ်တွင်လာတော့တယ်၊ ဒီပုံပြင်လေးကနေဆင်းသက်လာတဲ့ အယူအဆအရ ချစ်သူ၊ သူငယ်ချင်းမိတ်ဆွေ၊ ဇနီးမောင်နှံတွေ အချင်းချင်းအဆင်မပြေဖြစ်နေကြရင် ဒီပန်းလေးကိုပေးတဲ့အခါ စိတ်ဆိုးပြေပြီး အဆင်ပြေသွားကြတယ်လို့ အယုံအကြည်ရှိကြပါတယ်၊ သင်လည်း သင့်ချစ်သူ, ခင်သူတွေနဲ့ အဆင်မပြေဖြစ်နေရင် ဒီပုံပြင်လေးကိုပြောပြပြီး Daisy ပန်းလေးနဲ့ ပြေလည်မှုရယူကြည့်ပါလား

Movies & Entertainments
ဇု (Zeus) ဆိုတာ အိုလံပီယာတောင်က နတ်ဒေ၀တာတွေရဲ့ အကြီးအမှုးဖြစ်ပြီးတော့ အရမ်းဒေါသကြီးသတဲ့... အဲလိုဒေါသကြီးတဲ့ ဇု နတ်ဖုရားရဲ့ ဒေါသကိုငြိမ်းစေဖို့ အပိုလို (Apollo) နတ်သားနဲ့ ဗီးနပ်စ် (Venus) တို့ ကနည်းလမ်းရှာကျတာပေါ့...

ဂုဏ်တော်ပွားများရခြင်း၏ သာမာန်အကျိုး

Photo: "ဂုဏ်တော်ပွားများရခြင်း၏ သာမာန်အကျိုး"
=======================

စေတီအတူ စိတ်မူတည်ကြည်

ရောက်မီနတ်ရွာ တွေ့ခါသိလွယ်

မြင့်နွယ်အမျိုး ရိုကျိုးခံရ

ပြည့်ဝအင်္ဂါ ဆင်းလှစွာနှင့်

ကာယခံတွင်း ကြိုင်သင်းမွှေးကြူ

ကြီးထူပညာ နက်စွာထက်ရွှင်

လျင်မြန်ဆန်းကြယ် ကောင်း-

ကြွယ်စကား

ဆိုနိုင်ငြားလည်း ဘုရားဂုဏ်တော်

ပွားကျိုးတယ်။

********************

(ဂုဏ်တော်ပွားများခြင်း၏ အကျိုးထူး)

====================

ဂုဏ်တော်ပြည့်စုံ

စိတ်လိုစုံပြည့်

နတ်ဘုံကမ္ဘာ

သုံးသောင်းသာတည့်

သိကြားမှာရှစ်ဆယ်

စင်္ကြာဝယ်တစ်ထောင်

အခေါင်ပဒေသရာဇ်

အကြိမ်ကြိမ်ဖြစ်၏

မကျအပါယ်

စည်းစိမ်ဝယ်လည်း

လျော့မရှိဥစ္စာ

ဘိညာဈာန်မှူး

ဂုဏ်ထူးနှင့်ပင်

နိဗ္ဗာန်ဝင်သည်

ဂုဏ်တော်ပွားသူအကျိုးတည်း။


(အပါဒါန်ပါဠိတော်)..

တပ်ကုန်းဆရာတော်
Royal Hero Media
စေတီအတူ စိတ်မူတည်ကြည်

ရောက်မီနတ်ရွာ တွေ့ခါသိလွယ်

မြင့်နွယ်အမျိုး ရိုကျိုးခံရ

ပြည့်ဝအင်္ဂါ ဆင်းလှစွာနှင့်

သတိ အသည်းကွဲနေသည်

Photo: သတိ
အသည်းကွဲနေသည်

အသည်းကွဲနည်းအမျိုးမျိုးရှိပါတယ်၊ ချစ်သူက သစ္စာဖောက်လို့ ကွဲသွားတာ၊ ချစ်သူနဲ့ ရပ်ခြား၊ ရေခြား၊ မြေခြား၊ နိုင်ငံခြားသွားတဲ့အခါ အသည်းလေးက ဟက်တက်ကွဲရတာ၊ ကာရံမည်ီတော့လို့ ရင်ခုန်သံတွေ တစ်ဖက်က အေးသွားပြီး အသည်းကဖုတ်လှိုက်ဖုတ်လှိုက်နဲ့ ကွဲသွားရတာ စသဖြင့် ကွဲနည်းပေါင်းစုံရှိပါတယ်၊ ဘယ်လိုပဲကွဲကွဲ ကွဲသွားတဲ့ သူအတွက် ရှေ့ ဆက်လျှောက်ရမဲ့အနာဂတ်အတွက် ရွေးချယ်စရာ နည်းလမ်းနှစ်ခုရှိပါတယ်၊ တစ်ခုက အချိန်နဲ့ အတူ ကုစားဖို့ နဲ့  နောက်တခုက အမြန်အဆုံးသက်သာလာအောင် နာလံပြန်ထူအောင် လုပ်ဖို့ ပဲဖြစ်ပါတယ်၊ ပထမတစ်နည်းက ကြာပါတယ်၊ ဒုတိယတနည်းကို အောက်မှာ ဖော်ပြပေးထားပါတယ်

ရှောင်လေဝေးဝေး

အရေးကြီးဆုံး နံပါတ်တစ်အချက်က သူနဲ့ လုံးဝ အဆက်အသွယ်ဖြတ်ဖို့ ပါ၊ သူရှိမဲ့နေရာတွေရှောင်ပြီး သူ့ ကိုအရိပ်အရောင်တောင် မမြင်ရတဲ့နေရာမှာနေပါ၊ ပြတ်ပြီးနောက်ပိုင်း သူ့ ကိုတွေ့ နေခြင်းဟာ ပြန်ပြီးသတိရစေပါတယ်၊ တစ်ဖက်က ကိုယ့်ကိုဖုန်းဆက်တာ၊ မေးလ်ပို့ တာ၊ လူချင်းလာတွေ့ တာမျိုးဆိုရင်လည်း လုံးဝလျှစ်လျှူရှုပစ်ပါ၊ နို့ မ်ု့ ဆို ကိုယ့်ကို ပြန်ပြီးနာကျင်စေပါတယ်

လွှတ်ချလိုက်

ချစ်သူနဲ့ ပြန်သွားတဲ့အချိန်မှာ လူတိုင်းဟာ ရှော့ ခ်ရတတ်ပါတယ်၊ ထိခိုက်နာကျင်မှုဟာ မခံမရပ်နိုင်အောင်ဖြစ်လေ့ရှိပါတယ်၊ အဲဒါကိုချုပ်တီးမထားပါနဲ့ ၊ လျှတ်ပေးလိုက်ပါ၊ ငိုချင်လား ငိုပစ်လိုက်ပါ၊ ဘာဖြစ်လို့ လဲဆိုတော့ ခံစားနာကျင်မှုကို ထိန်းချုပ်မထားပဲ လွှတ်ပေးလိုက်ခြင်းဟာ ရင်ဘတ်ထဲမှာ သယ်စရာမလိုတော့ပဲ ပေါ့ပါးလွတ်လပ်သွားစေပါတယ်၊ ဒါကြောင့်တိတ်ဆိတ်လွတ်လပ်တဲ့နေရာမှာ ကိုယ့်ခံစားချက်ကို ဖွင့်ထုတ်ပစ်လိုက်ပါ

အလုပ်

အသည်းကွဲနေတဲ့သူတစ်ယောက်ဟာ လုပ်စရာအလုပ်မရှိရင် တောင်တောင်အီအီစဉ်းစားရင်းချစ်သူအကြောင်း၊ ချစ်သူဘ၀အကြောင်းတွေကို ပြန်ပြီးသဝေထိုးအတွေးရောက်တတ်ပါတယ်၊ သဝေထိုးသွာတဲ့ အတွေးတွေက တစ်ဆင့် ရင်ဘတ်ထဲကို တသလင်းချိတ်လိုချိတ်ပြီး နာကျင်မှုကို ဖြစ်ပေါ်စေပါတယ်၊ ဒါကြောင့် အားတာနဲ့ တစ်ခုခုကို ကောက်လုပ်နေသင့်ပါတယ်၊ တခုခုကိုလုပ်နေရာကနေ ရိုးအီပျင်းလာပြီဆိုရင် နောက်ထပ်တစ်မျိုးကို ထပ်လုပ်ပါ၊ အာရုံကိုသဝေမထိုးအောင် လုပ်တဲ့နည်းဖြစ်ပါတယ်

မျှဝေခံစား

စကားပြောခြင်းဟာ စိတ်ထဲမှာရှိတဲ့ ခံစားမှုအညစ်အကြေးတွေကို ဖယ်ထုတ်ပေးနိုင်တဲ့ နည်းလမ်းတစ်ရပ်လည်း ဖြစ်ပါတယ်၊ ကိုယ်ခံစားနေရတဲ့ဝမ်းနည်းကြေကွဲခြင်းတွေကို သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ ပြောပြပြီး ရင်ဖွင့်တာဟာလည်း စိတ်လက်ပေါ့ပါးစေတဲ့ နည်းကောင်းတစ်ခုဖြစ်ပါတယ်

ရေးချ

စာရေးရတာ ၀ါသနာပါရင် ကိုယ်ခံစားနေရတာကို စာနဲ့ ရေးချလိုက်ပါ၊ ကိုယ်ဘယ်လို ခံစားနေရတယ်ဆိုတာကို စာရွက်ပေါ်မှာ ပြည့်ပြည့်စုံစုံလေးရေးချလိုက်ပါ

တရားထိုင်

တရားထိုင်ပေးပါ၊ ဗုဒ္ဒဘာသာမဟုတ်တဲ့ တခြားဘာသာဝင်များအနေနဲ့  ဘာသာရေးဘက်ညွတ်ပေးနိုင်သလို တခြားစိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုလေ့ကျင့်ခန်းတွေလုပ်ပေးနိုင်ပါတယ်

မိသားစု

မိသားစုဆိုတာ ကိုယ့်ဘ၀မှာ အကြီးမားဆုံးနဲ့ အအေးမြဆုံးပေးနိုင်တဲ့ အရိပ်အာဝါသပဲ ဖြစ်ပါတယ်၊ မိသားစုတွင်း နွေးထွေးတဲ့ ဆက်ဆံရေးရအောင်လုပ်ပါ၊ မိဘနဲ့ ဖွင့်ဟပြီးတိုင်ပင်ပါ

အမှတ်တရများ

သူနဲ့ ပတ်သတ်တဲ့အမှတ်တရ အားလုံးကိုသိမ်းမထားပါနဲ့ ၊ ခက်ခဲတာတော့မှန်ပေမဲ့ ကိုယ့်အတွက် စိတ်ခံစားမှုသက်သာရာရစေပါတယ်၊ သူပေးထားတဲ့ဟာတွေကို သိမ်းထားတာထက် ပြန်ပေးတာဟာ သူ့ အကြောင်းတွေးနေတဲ့ အတွေးခါးခါးတွေကို လျော့ပါးစေပါတယ်၊ သူပေးထားတဲ့ တန်ဖိုးကြီးလက်ဆောင်ပစ္စည်းမှန်သမျှ ပြန်ပေးတာ သူ့ အပေါ်လည်းလေးစားရာရောက်ပါတယ်၊ ကုယိ့ဘက်က အဆင့်အတန်းရှိတဲ့သဘောလည်းကျပါတယ်

အသက်မွေးဝမ်းကျောင်း

ကိုယ့်အသက်မွေးဝမ်းကျောင်း အပေါ် အာရုံစိုက်လိုက်ပါ၊ အသက်မွေးဝမ်းကျောင်းနဲ့ ဆက်စပ်တာတွေလေ့လာပါ၊ ဘာသာစကားသင်တန်းအသစ်တွေ တက်ပါ၊ သင်တန်းတွေတက်ပါ

အချိန် 

အချိန်နဲ့ အတူလိုက်ပါကြီးပြင်းဖို့ ကြိုးစားပါ၊ လတ်လတ်ဆတ်ဆတ်ရရှိတဲ့အချိန်မှာ ဒဏ်ရာကြောင့် ပြင်းထန်စွာခံစားရပေမဲ့ ကြီးပြင်းလာပုံအလိုက်၊ စိတ်ဓါတ်အနုအရင့်အလိုက် အသည်းကွဲဒဏ်ရာတွေဟာ တဖြည်းဖြည်း နာလန်ထူပြီး ပြန်ကောင်းလာတတ်ပါတယ်၊ တချို့ ကနေ့ ခြင်း၊ ညခြင်း ပြန်ကောင်းလာတတ်ပေမဲ့ တချို့ ကတော့နှစ်နဲ့ ချီပြီးကြာချင်ကြာတတ်ပါတယ်၊ ဒါကြောင့် အချိန်နဲ့ အတူ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုတို့ ဟာလိုက်ပါကြီးပြင်းဖို့ လိုအပ်ပါတယ်

သတိပေးချင်တာကတော့ ချစ်သူနဲ့ ပြတ်ပြတ်ပြီးချင်း နောက်ထပ်တစ်ယောက်ကို မတွဲပါနဲ့ ၊ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာဒဏ်ရာ နာလံပြန်ထဖို့  ကောင်းကောင်းအချိန်ပေးလိုက်ပါဦး၊ စွန့် လွှတ်ဆုံးရှုံးခြင်း၊လက်လျှော့ခြင်းဆိုတာကိုယ့်ဘက်က စိတ်အင်အားပျော့ညံ့တတယ်လိုအမြဲတမ်း မဆိုလိုပါဘူး၊ တစ်ခါတစ်ရံမှာစွန့် လွှတ်နိုင်လောက်တဲ့အထိ စိတ်ဓါတ်အင်အားကြံ့ခိုင်ခြင်းကိုလည်း ဆိုလိုပါတယ်၊ တစ်ပါးသူက ကိုယ့်အပေါ် စိတ်ပိုင်းဆိုင်ရာ အမြတ်ထုတ်သွားတယ်ဆိုတာ မဖြစ်စေဖို့  မာနနဲ့  မိမိကိုယ်ကိုလေးစားမှုလေးထားတတ်ဖို့ ပါပဲ

Movies & Entertainments
အသည်းကွဲနည်းအမျိုးမျိုးရှိပါတယ်၊ ချစ်သူက သစ္စာဖောက်လို့ ကွဲသွားတာ၊ ချစ်သူနဲ့ ရပ်ခြား၊ ရေခြား၊ မြေခြား၊ နိုင်ငံခြားသွားတဲ့အခါ အသည်းလေးက ဟက်တက်ကွဲရတာ၊ ကာရံမည်ီတော့လို့ ရင်ခုန်သံတွေ တစ်ဖက်က အေးသွားပြီး အသည်းကဖုတ်လှိုက်ဖုတ်လှိုက်နဲ့ ကွဲသွားရတာ စသဖြင့် ကွဲနည်းပေါင်းစုံရှိပါတယ်၊ ဘယ်လိုပဲကွဲကွဲ ကွဲသွားတဲ့ သူအတွက် ရှေ့ ဆက်လျှောက်ရမဲ့အနာဂတ်အတွက် ရွေးချယ်စရာ နည်းလမ်းနှစ်ခုရှိပါတယ်၊ တစ်ခုက အချိန်နဲ့ အတူ ကုစားဖို့ နဲ့  နောက်တခုက အမြန်အဆုံးသက်သာလာအောင် နာလံပြန်ထူအောင် လုပ်ဖို့ ပဲဖြစ်ပါတယ်၊ ပထမတစ်နည်းက ကြာပါတယ်၊ ဒုတိယတနည်းကို အောက်မှာ ဖော်ပြပေးထားပါတယ်

အစာအိမ်ရောဂါ

Photo: အစာအိမ်ရောဂါ
=========

၁။ အစာအိမ် ရောဂါ ဆိုတာ ဘာလဲ။

အစားအိမ်နှင့် အူသိမ် ဦးပိုင်းရှိ အတွင်းနံရံ အမြှေးပါးတွင်း ဖြစ်ပွားသော အနာရောဂါနှင့် အဆိုပါ နေရာများရှိ အမြှေးပါးများ ရောင်ရမ်း ခြင်းကြောင့် ဖြစ်ပေါ်လာသော အစာမကြေခြင်း၊ ရင်ဘတ် အောင့်ခြင်း ရောဂါ ဝေဒနာကို ဆိုလိုပါတယ်။ ယခင်အခါ များက အစာအိမ် အတွင်း အက်စစ်ဓာတ် လွန်ကဲခြင်းကြောင့် အစာအိမ် ရောဂါ ဖြစ်တယ်လို့ ဆိုခဲ့ကြပေမယ့် ယခုအခါ H.pylori ရောဂါပိုးကြောင့် အက်စစ်ဓာတ် လွန်ကဲကာ အစာအိမ်ရောဂါ ဖြစ်ပွားတယ်လို့ သိရပါတယ်။ အကိုက်အခဲ ပျောက်ဆေး၊ ထိုးဆေးများ အလွန်အကျွံသုံးစွဲမှု ကြောင့်လည်း ဖြစ်ပွား တတ်ပါတယ်။

၂။ ရောဂါဖြစ်နိုင်ချေရှိပြီး အန္တရာယ်ရှိတဲ့ အုပ်စုက ဘယ်သူတွေလဲ။

လူတိုင်းမှာ အစာအိမ် ရောဂါ ဖြစ်နိုင်တဲ့ အန္တရာယ် ရှိပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံများမှာ လူဦးရေရဲ့ ၁၀% အထိ ဖြစ်ပွားလေ့ ရှိတတ်ပါတယ်။

၃။ ဒီရောဂါ ဖြစ်မှန်း ဘယ်လိုသိမလဲ။

ဝမ်းဗိုက် အထက်ပိုင်း ရင်ညွန့် နေရာမှ အောင့်ခြင်း၊ တစ်ခါတစ်ရံ အစာအိမ် ပေါက်သွား ခြင်းကြောင့် ၀မ်းဗိုက် အထက်ပိုင်း အလွန် အမင်းအောင့်ခြင်း၊ အစာအိမ် အနားမှ သွေးယို စီးတဲ့အတွက် သွေးအန်ခြင်း၊ သွေးဝမ်း သွားခြင်းစတဲ့ လက္ခဏာများ ဖြစ်ပေါ် ခံစားရပါတယ် အစာအိမ် နာရောဂါ ဖြစ်တာ နှစ်ပေါင်းများစွာ ကြာလာတဲ့ အခါ၊ အစာအိမ် ထွက်ပေါက် ကျဉ်းပြီး ပိတ်ဆို့ တတ်သောကြောင့် စားပြီးသော အစာများ မကြာခဏ ပြန်အန်ခြင်းတို့ ဖြစ်ပွား တတ်ပါတယ်။ အချို့သော သူများမှာ အစာအိမ် ကင်ဆာရောဂါ အဖြစ်နဲ့ လာတတ် ပါတယ်။ အစာအိမ် ရောဂါဖြစ်မှန်း သေချာအောင် သက်ဆိုင်ရာ ဆရာဝန်၏ အဆုံးအဖြတ် အစီအစဉ်ဖြင့် ဓာတ်မှန် ရိုက်ခြင်း၊ အစာအိမ် လမ်းကြောင်း မှန်ပြောင်းနှင့် ကြည့်ရှု လေ့လာခြင်း၊ H.pylori ပိုးရှိမရှိ မှန်ပြောင်းနှင့်ကြည့်ခြင်း၊ အစာအိမ်နာ ဖြစ်သောနေရာမှ အသားစ ယူကာ စစ်ဆေးခြင်း(သို့) အစာအိမ် မှန်ပြောင်း မကြည့်ဘဲ H.pylori ပိုးအတွက် ပဋိပစ္စည်းများ၊ ခုခံပစ္စည်းများ ထွက်နေခြင်း ရှိမရှိ သွေးကို ဓာတ်ခွဲစစ်ဆေးခြင်း အားဖြင့်လည်း သိရှိနိုင်ပါတယ်။

၎။ ခေတ်မီရောဂါကုထုံး ဘာတွေရှိသလဲ။

ဆိုဒါမှုန့် ဆေးဝါးနှင့် ခေတ္တခဏ ဝေဒနာ သက်သာ စေနိုင်ပါတယ်။ ATACID ဆေးပြားများ သောက်ခြင်းဖြင့် အတော်အတန် အစာအိမ်နာရောဂါကို ဖုံးကွယ် ပေးထား နိုင်ပါတယ်။ CIETIDINE,RANITIDINE စတဲ့ ဆေးများနှင့် အစာအိမ် အနာ အများအပြားကို အနာကျက် စေနိုင်ပါတယ်။ OMEPRAZOLE ဆေးနှင့် အစာအိမ်နာ များကို အလျင်အမြန် ပျောက်ကင်း စေနိုင်ပါတယ်။ ဒါပေမယ့် အစာအိမ်ရောဂါများဟာ သဘာဝအလျောက် တစ်နှစ်အတွင်း ၈၀%မှာ ရောဂါ ပြန်ပေါ် တတ်ပါတယ်။ H.pylori ပိုးလုံးဝ ကင်းစင်နိုင် သောကုသမှု စတင် အသုံးပြုလာခဲ့တဲ့ ၁၉၈၀-၉၀ ပြည့်နှစ်နောက်ပိုင်းမှာ အစာအိမ်နာ ရောဂါကို လုံးဝ ပျောက်ကင်းအောင် စွမ်းဆောင် နိုင်ပြီဖြစ်ပါတယ်။

၅။ အစာအိမ်ရောဂါဖြစ်နေတယ်လို့ သိရင်ဘာလုပ်ရမလဲ။

သက်ဆိုင်ရာ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးပြီး လိုအပ်သော စမ်းသပ် စစ်ဆေးမှုများ၊ ကုသမှုများ ခံယူရပါမယ်။

၆။ အများပြည်သူအား မှာကြားချင်သော အဓိကအကြံပေးချက်။

အစာအိမ်နာ ရောဂါဟာ ယခု ၂၁ ရာစုနှစ်တွင် ဆေးဝါးနှင့် လုံးဝ ပျောက်ကင်းအောင် ကုသနိုင်သော ရောဂါ တစ်ခုဖြစ်ကြောင်း ဆေးသိပ္ပံ ပညာရှင်များက လက်ခံ ထားကြပါပြီ။ သက်ဆိုင်ရာ ဆရာဝန်နှင့် တိုင်ပင်ပြီး ကုသရန် လိုပါတယ်။ အကိုက်အခဲ ပျောက်ဆေးများ ကိုလည်း မိမိသဘောနှင့် မိမိ အလွန်အကျွံ သုံးစွဲခြင်းမှ ရှောင် ကြဉ် သင့်ပါကြောင်း မှာကြား ချင်ပါတယ်။
၁။ အစာအိမ် ရောဂါ ဆိုတာ ဘာလဲ။

အစားအိမ်နှင့် အူသိမ် ဦးပိုင်းရှိ အတွင်းနံရံ အမြှေးပါးတွင်း ဖြစ်ပွားသော အနာရောဂါနှင့် အဆိုပါ နေရာများရှိ အမြှေးပါးများ ရောင်ရမ်း ခြင်းကြောင့် ဖြစ်ပေါ်လာသော အစာမကြေခြင်း၊ ရင်ဘတ် အောင့်ခြင်း ရောဂါ ဝေဒနာကို ဆိုလိုပါတယ်။ ယခင်အခါ များက အစာအိမ် အတွင်း အက်စစ်ဓာတ် လွန်ကဲခြင်းကြောင့် အစာအိမ် ရောဂါ ဖြစ်တယ်လို့ ဆိုခဲ့ကြပေမယ့် ယခုအခါ H.pylori ရောဂါပိုးကြောင့် အက်စစ်ဓာတ် လွန်ကဲကာ အစာအိမ်ရောဂါ ဖြစ်ပွားတယ်လို့ သိရပါတယ်။ အကိုက်အခဲ ပျောက်ဆေး၊ ထိုးဆေးများ အလွန်အကျွံသုံးစွဲမှု ကြောင့်လည်း ဖြစ်ပွား တတ်ပါတယ်။

အငန်များသည့် အစာစားသူများ ကျောက်ကပ်ကျောက်တည်ခြင်းနှင့် အရိုးပါးရောဂါဖြစ်နိုင် ........

Photo: အငန်များသည့် အစာစားသူများ ကျောက်ကပ်ကျောက်တည်ခြင်းနှင့် အရိုးပါးရောဂါဖြစ်နိုင် ........

အငန်လွန်ကဲတဲ့အစားအစာ စားတာကြောင့် ကျောက်ကပ်မှာ ကျောက်တည်တာနဲ့ အရိုးပါးရောဂါ ဖြစ်နိုင်တယ်လို့ လေ့လာမှုအရ သိရှိရပါတယ်။ အယ်ဘားဒါးတက္ကသိုလ်မှ လေ့လာသူတွေက ဆိုဒီယမ်နဲ့ ကယ်လ်စီယမ်ကြားက ဆက်စပ်မှုကို တွေ့ရှိခဲ့ပါတယ်။

အဲဒီသတ္ထုဓာတ်နှစ်မျိုးစလုံးဟာ ခန္ဓာကိုယ်ရဲ့ မော်လီကျူးတစ်မျိုးထဲမှ ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။ ဆိုဒီယမ်စားသုံးမှု မြင့်မားလွန်းတဲ့အခါ ခန္ဓာကိုယ်မှ ပိုလျှံနေတဲ့ ဆိုဒီယမ်တွေကို ဆီးမှတစ်ဆင့် စွန့်ထုတ်လိုက်ပြီး အဲဒီသတ္တုဓာတ်နဲ့ အတူ ကယ်လ်စီယမ်ပါ ပါဝင်သွားတာကြောင့် ခန္ဓာကိုယ်တွင်း ကယ်လ်စီယမ်ဓာတ်တွေ လျော့နည်းသွားပါတယ်။

ဆီးထဲမှာ ကယ်လ်စီယမ်တွေ မြင့်မားစွာ ပါဝင်သွားတာကြောင့် ကျောက်ကပ် ကျောက်တည်တာတွေဖြစ်ပြီး ခန္ဓာကိုယ်အတွင်း ကယ်လ်စီယမ်ဓာတ်တွေ လျော့ကျသွားတာကြောင့် အရိုးပါးရောဂါဖြစ်လာတယ်လို့ အမေရိကန်နိုင်ငံ ကျောက်ကပ်ဌာနမှ ထုတ်လုပ်တဲ့ဂျာနယ်မှာ ဖော်ပြထားခဲပြီးဖြစ်ပါတယ်။Health 

Mg Mandalay
အငန်လွန်ကဲတဲ့အစားအစာ စားတာကြောင့် ကျောက်ကပ်မှာ ကျောက်တည်တာနဲ့ အရိုးပါးရောဂါ ဖြစ်နိုင်တယ်လို့ လေ့လာမှုအရ သိရှိရပါတယ်။ အယ်ဘားဒါးတက္ကသိုလ်မှ လေ့လာသူတွေက ဆိုဒီယမ်နဲ့ ကယ်လ်စီယမ်ကြားက ဆက်စပ်မှုကို တွေ့ရှိခဲ့ပါတယ်။

ဒေါ်ခင်ကြည်

Photo: မဟာ သိရိသုဓမ္မာ ဒေါ်ခင်ကြည် အကြောင်းဗဟုသုတလေးပါ

မွေးရာဇာတိ

မြန်မာ့လွတ်လပ်ရေးဖခင် ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ ဇနီး သီရိသုဓမ္မ ဒေါ်ခင်ကြည် ကို အဖ ဦးဗိုလ်ငြိမ်း အမိ ဒေါ်ဖွားစု တို့မှ ၁၉၁၂ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် ဧရာဝတီတိုင်း မြောင်းမြမြို့ ၌ မွေးဖွားခဲ့ပါသည်။

ပညာရေး

ဒေါ်ခင်ကြည်သည် ABM High School (ယခု အ.ထ.က (၁)ကြည့်မြင်တိုင်) မိန်းကလေး အထက်တန်းကျောင်း တွင် ဆယ်တန်းအောင်ခဲ့သည်။ ဆယ်တန်းအောင်ပြီးနောက် သားဖွားနှင့် သူနာပြုသင်တန်းကို ဒက်ဖရင်အမျိုးသမီးဆေးရုံနှင့် ရန်ကုန်ဆေးရုံကြီး တို့ တွင် အောင်မြင်ခဲ့သည်။


မိသားစု ဘဝ

ဗိုလ်ချုပ်အောင်ဆန်းသည် ဒုတိယကမ္ဘာစစ်အတွင်း ဆေးရုံတက်ရောက်ကုသရင်း အကြီးတန်း သူနာပြုဆရာမ ဒေါ်ခင်ကြည်နှင့်ဆုံတွေ့ခဲ့ပြီး ချစ်ကျွမ်းဝင်ခဲ့သည်။ ၁၉၄၂ ခုနှစ်၊ စက်တင်ဘာလ (၆)ရက်နေ့တွင် ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် လက်ထပ်ခဲ့ပြီးနောက်ပိုင်း သား (၂)ယောက်၊ သမီး (၂)ယောက်မွေးဖွားခဲ့သည်။

သားကြီး အောင်ဆန်းဦး ၁၉၄၃ ခု ဇွန်လ ၁၃ ရက်နေ့တွင် မွေးဖွားခဲ့သည်၊

၁၉၄၄ ခု မေလ ၁၁ ရက်နေ့တွင် ဒုတိယသား အေင်ဆန်းလင်းကို မွေးဖွားခဲ့သည်။
အောင်ဆန်းလင်းမှာ ငယ်စဉ်ကပင် ရေနစ်၍ ဆုံးပါးခဲ့သည်။

၁၉၄၅ ဇွန်လ ၁၉ ရက်နေ့တွင် တတိယမြောက် သမီးကြီး အောင်ဆန်းစုကြည် ကို မွေးဖွားခဲ့သည်။

၁၉၄၆ စက်တင်ဘာလ ၂၂ ရက်နေ့တွင် စတုတ္ထမြောက် သမီးငယ် ကို မွေးဖွားခဲ့ သည်။ မွေးဖွားပြီး ၅ ရက်အကြာတွင် ကွယ်လွန်ခဲ့သည်။

၁၉၄၇ ဇူလိုင် ၁၉၊ နံနက် ၁၀ နာရီ ၃၅ မိနစ်၌ ရန်ကုန်မြို့ရှိ အတွင်းဝန်များရုံး (ယခု ၀န်ကြီးများရုံး) ၌ အစည်းအဝေးကျင်းပနေစဉ် ဂဠုန်ဦးစော၏ လက်ပါးစေ လူသတ်သမားတို့၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့သည့် အချိန်မှစကာ မုဆိုးမ ဖြစ်ခဲ့ရသည်။


နိုင်ငံတာဝန်ထမ်းဆောင်မှု

ဒေါ်ခင်ကြည်သည် ခင်ပွန်းဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနှင့် သမီး ဒေါ်အောင်ဆန်းစုကြည်တို့ကဲ့သို့ အမျိုးသားခေါင်းဆောင်အဖြစ် မထင်ရှား ခဲ့သော်လည်း သူ့ခေတ်သူ့အခါက မြန်မာနိုင်ငံ၏ သြဇာအကြီးဆုံး အမျိုးသမီး တစ်ဦး ဖြစ်ခဲ့ပါသည်။ ၁၉၄၇ မှ ၁၉၅၂ အထိလွှတ်တော်အမတ် ဖြစ်ခဲ့သည်။ ၁၉၅၈ ခုနှစ်များတွင် မြန်မာအမျိုးသမီးများအသင်းဥက္ကဌဖြစ်ခဲ့သည်။ အခြားသော လူမှု အဖွဲ့အစည်းများတွင်လည်း ခေါင်းဆောင်ဖြစ်ခဲ့သည်။၁၉၅၅ ခုနှစ်တွင်လည်း ထိုင်းနိုင်ငံ ဦးသျှောင် အဖွဲ့တံဆိပ်ကို ချီးမြှင့်ချင်းခံခဲ့ ရသည်။ ၁၉၆၀-ခုနှစ် တွင် အိန္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဖြစ်ခဲ့သည်။ နီပေါနိုင်ငံသံအမတ်အဖြစ်လည်း ပူးတွဲ တာဝန်ထမ်းဆောင်ခဲ့သည်။ ဒေါ်ခင်ကြည်၏ စွမ်းဆောင်မူကို မြန်မာနိုင်ငံတော်အစိုးရမှ အသိအမှတ်ပြုသောအားဖြင့် မဟာသီရိသုဓမ္မ ဘွဲ့ကို ၁၉၅၁ ခုနှစ်တွင် ချီးမြင့်ခဲ့သည်။


ဘဝနိဂုံး

ဒေါ်ခင်ကြည်သည် မတ်လ ၂၈ရက် ၁၉၈၈ ခုနှစ်တွင် လေဖြတ်ခြင်း ဝေဒနာကို ခံစားခဲ့ ရပြီး ဒုတိယအကြိမ် လေဖြတ်ဝေဒနာ ထပ်မံ ခံစားရသည့်အတွက် ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ ရုပ်အလောင်း အား ရွှေတိဂုံဘုရား တောင်ဘက်မုခ်တွင် ဂူသွင်းမြှုပ်နှံခဲ့သည်။ ထိုနေရာတွင် စုဖုရားလတ်၊ သခင်ကိုယ်တော်မှိုင်းနှင့် ကုလသမ္မဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်တို့၏ ဂူများလည်းရှိသည်။

Myanmartravel Bobo
မဟာ သိရိသုဓမ္မာ ဒေါ်ခင်ကြည် အကြောင်းဗဟုသုတလေးပါ

မွေးရာဇာတိ

မြန်မာ့လွတ်လပ်ရေးဖခင် ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ ဇနီး သီရိသုဓမ္မ ဒေါ်ခင်ကြည် ကို အဖ ဦးဗိုလ်ငြိမ်း အမိ ဒေါ်ဖွားစု တို့မှ ၁၉၁၂ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် ဧရာဝတီတိုင်း မြောင်းမြမြို့ ၌ မွေးဖွားခဲ့ပါသည်။

ဖုန်းတစ်လုံး ဝယ်တော့မယ်ဆိုရင်

Photo: ဖုန်းတစ်လုံး ဝယ်တော့မယ်ဆိုရင် 

ငွေ ၁ သိန်းအောက်ပဲ တတ်နိုင်မယ်ဆိုရင် 

ငွေ ၁ သိန်းအောက်ဆို ကိုယ်လိုက်လို့ မှီနိုင်တာ အများစုက Java ဖုန်းပါပဲ။ သို့ပေမယ့် ၈ သောင်း၊ ၉ သောင်းနဲ့ဆိုရင် Android ဖုန်း ကောင်းကောင်း တစ်လုံး ဝယ်သုံးလို့ရတဲ့ အခြေအနေလည်း ရှိပါတယ်။ များသောအားဖြင့် ကတော့ မော်ဒယ်နိမ့် Huawei ဖုန်းများ ဖြစ်ပါတယ်။ 

ငွေ ၁ သိန်းနဲ့ ၂ သိန်းကြားတတ်နိုင်မယ်ဆိုရင် 

ဒီမှာကျ Android ဖုန်း တော်ရုံ ကောင်းကောင်းလေးတော့ သုံးလို့ အဆင်ပြေနေပါပြီ။ ဒီမှာကျ လူတော်တော်များများ ကိုင်ဖြစ်တာက တရုတ် Huawei , Samsung, Sony ဖြစ်ပါတယ်။ User အများဆုံး နှစ်ခုက Huawei နဲ့ Samsung ဖြစ်ပြီး Sony က လည်းရောင်းအားသွက်ပါတယ်။ ပစ္စည်းတိုင်း မှာ အားနည်းချက် အားသာချက်ကိုယ်စီတော့ ရှိတာပါပဲ။ 

Huawei ဆိုရင် တရုတ်ပြည်မ ထုတ် ပစ္စည်းဖြစ်ပြီး Touch အပိုင်းမှာ သိပ် အားမရဘူးလို့ဆိုပါတယ်။ ကင်မရာကလည်း Samsung နဲ့ Sony တို့လောက် သိပ်တောက်တောက်ပြောင်ပြောင်ပုံ မထွက်ဘူးလို့ ဆိုပါတယ်။ သို့ပေမယ့် အားသာချက်က ဈေးသက်သက်သာသာနဲ့ Specification မြင့် ဖုန်း သုံးရခြင်း ဖြစ်ပါတယ်။ ငွေ ၁သိန်း ၇သောင်းကျော်လောက် ရှိရုံနဲ့တင် နောက်ဆုံးထွက် နီးနီး အဆင့်မြင့် Android ဖုန်း ရတယ်ဆိုတာ Huawei မှာပဲ ရှိပါတယ်။ 

Samsung ကတော့ အခြား ပစ္စည်းများနဲ့စာရင် အကြမ်းခံတယ်လို့ ဆိုပါတယ်။ အကြမ်းခံတယ်ဆိုတာထက် ဈေးနှုန်းနဲ့ ပစ္စည်းနဲ့ တိုက်ရိုက်အချိုးကျတဲ့ ပစ္စည်းဖြစ်တယ်လို့ ဆိုကြပါတယ်။ ၁ သိန်းတန်လည်း ၁ သိန်းတန်အလျောက်၊ ၁ သိန်းခွဲဆိုလည်း ၁ သိန်းခွဲအလျောက် သူ့ရဲ့  လုပ် ဆောင်ချက်က တိုက်ရိုက်အချိုးကျပါတယ်။ ၂ သိန်းလောက်အထ တတ်နိုင်တယ်ဆိုရင် Samsung Galaxy စီးရီးထဲကနေတောင် ဝင်ကြည့်လို့ ရပါတယ်။ Y, Ace, Duos အစရှိသဖြင့် စုံစုံလင်လင်ထဲမှာ ၂ သိန်းမကျော်နဲ့ ပစ္စည်းများ ရှိပါတယ်။ 

Sony ကတော့ ကင်မရာ ကောင်းတဲ့ ဖုန်း ဖြစ်ပါတယ်။ ဈေးချင်း တူရင်တောင် ကင်မရာက တစ်ဘန်းသာတဲ့ ဖုန်း ဖြစ်ပါတယ။် ၂ သိန်းအောက် Sony ဖုန်းတွေထဲမှာ 8 megapixel ကင်မရာ ပါတာ ရှိပါတယ်။ တစ်ခုအားနည်းချက်ကတော့ Android ပါပဲ။ Sony မှာ Android ဗားရှင်း မြင့်မယ်ဆိုရင် အလုပ်ရှုပ်ပါတယ်။ သာမန် အခြား ဖုန်းတွေလို အလွယ်တကူ မရဘူးလို့ ဆိုပါတယ်။ 

ငွေ ၂ သိန်းမှ ၃ သိန်းကြားဆိုရင် 

ဒီမှာ ရွေးလို့ကောင်းတဲ့ ဖုန်းက Android တင်မကပဲ iPhone ပါ ပါဝင်လာပါပြီ။ ဒီကြားထဲမှာဆို အများစု သုံးကြတာက Samsung , Sony , LG, HTC, Nokiaတို့ ဖြစ်ပါတယ်။ သို့ပေမယ့် ကိုးလို့ကန့်လန့်ပါပဲ။ အရမ်းအမြင့်ကြီးမဟုတ်၊ အနိမ့်မဟုတ်တဲ့ ဟန်းဆက်များ ဖြစ်ပါတယ်။ ကင်မရာ ကတော့ 5 mepapixel, 8 megapixel, 13 megapixel လောက်ထိ ရွေးစရာ စုံလာပါတယ်။ 

၃ သိန်းမှ ၅ သိန်းကြားဆိုရင်

ဒါဆို ရွေးစရာတော်တော်လေးစုံသွားပါပြီ။ အမြင့်ဖုန်းတွေ မှန်းလို့ရပါတယ်။ Samsung Galaxy S3 လည်း ရပါတယ်။ Samsung Galaxy ကြိုက်တဲ့ စီးရီး ရွေးကိုင်လို့ရတဲ့ အနေအထား ဖြစ်ပါတယ်။ Sony လည်း တော်တော်များများ ရွေးလို့ရပါပြီ။ iPhone ဆိုရင်လည်း နောက်ဆုံး မောဒယ် ၂ ခုကို ဖယ်လို့ အောက်က ဘယ်ဟာကိုမဆို ရွေးလို့ ရပါပြီ။ 

၅ သိန်းအထက် ဖုန်းဆိုရင်

၅ သိန်းအထက် ရှိသူတွေကတော့ လက်တလော အဝယ်များတာက Samsung Galaxy Note 2, HTC Butterfly, iPhone 5 တို့လို တကယ့် အမြင့်ဖုန်းတွေ ဖြစ်ပါတယ်။ Specification တစ်ခုချင်းစီ ယှဉ်ကြည့်စေ ချင် ပါတယ်။ ကိုယ် တစ်ကယ်သုံးလို့ အကျိုးရှိတဲ့နေရာကို သိရင် ဘယ်စဟာကို မဆို ရွေးနိုင်ပါတယ်။ 

အသုံးပြုသူ နည်းသော ဖုန်း

Blackberry OS သုံးတဲ့ ဖုန်းများ အတော်အသုံးနည်းပါတယ်။ သို့ပေမယ့် အများနဲ့ မတူချင်ဘူး။ သီးသီးသန့်သန့်လေး သုံးမယ်ဆိုရင် ငွေဘယ်လောက်ကုန်ကုန် Blackberry က စတိုင်ထုတ်လုပ် ကောင်းမယ့်ဖုန်းဖြစ်ပါတယ်။ နောက်တစ်ခု ရှိတာက Nokia ရဲ့  Windows ဖုန်း ဖြစ်ပါတယ။် Windows ဖုန်းတွင် ပြည်တွင်းမှာ အတွေ့ နည်းပါတယ်။ ဝယ်သူနည်းတော့ တော်ရုံ ပြည်တွင်းဖုန်းဆိုင်တွေမှာ တင်မရောင်းပါဘူး။ Lumia စီးရီးလက်ရှိ iPhone , Samsung တို့နဲ့ ကမ္ဘာမှာ ယှဉ်ပြိုင်နေဆဲ ဖြစ်ပါတယ်။ ဒီတော့ Windows Phone နဲ့လည်း စတိုင်ထုတ် နိုင်ပါသေးတယ်။ 

နောက်ထပ် ပြောမကုန်အောင် အမည်စုံသော ဖုန်းတွေလည်း ရှိနေပါသေးတယ်။ Lenovo, Singtech, ZTE တို့အပြင် အခြားသော စင်္ကာပူ ဖြစ်၊ တရုတ်ဖြစ် ဖုန်းများစွာလည်း မြန်မာပြည်မှာ ဈေးသက်သက် သာသာနဲ့ ရနိုင်ပါသေးတယ်။ 

ဂျီလား စီဒီအမ်အေလား

ဂျီအတွက်က ရွေးစရာများသလောက် CDMA သုံးသူများအတွက် ကတော့ ရွေးစရာ အတော်လေး နည်းပါတယ်။ CDMA support လုပ်တဲ့ ဖုန်း အများစုထုတ်တာကတော့ တရုတ်ပြည် ဖြစ်တဲ့အတွက် တရုတ်ဖုန်းများမှာ CDMA တွေ တွေ့နိုင်ပါတယ်။ Huawei ဆိုရင် CDMA မှာ လူသုံးအများဆုံး ဖုန်းပဲ ဖြစ်ပါတယ်။ 

အနှစ်ချုပ် 

အထက်ပါဖော်ပြမှုက ဈေးအရ အကြမ်းဖျင်းပါပဲ။
အမှန်တကယ် ဖုန်းဝယ်တော့မယ်ဆိုရင် ပထမဦးဆုံးအနေနဲ့ ကိုယ်ဟာ ဘာလုပ်ဖို့ ရည်ရွယ်သလဲဆိုတာကို သေချာ ဆုံးဖြတ်ရပါအုံးမယ်။

ဖုန်းပြောဖို့သက်သက်ပါ။ 

ဒါဆိုရင် သိပ်အများကြီးစဉ်းစာစရာမလိုပါဘူး။ ကိုယ်ကြိုက်တဲ့ ဖုန်းကို ရွေးလိုက် ရုံပါပဲ။ ငွေအများကြီးတောင် စိုက်စရာ မလိုပါဘူး။ 3G, 4G ရွေးချယ်မှုက မြန်မာပြည်မှာ လုပ်စရာ မလိုသေးပါဘူး။ နိုင်ငံ တကာမှာ တော့ အဆင့်မြင့်တဲ့ 4G နဲ့ 3G ကွန်ရက်ဆိုပြီး ကွဲတဲ့အတွက် ဖုန်းဝယ်မယ်ဆို သေချာရွေးကြ ရပါတယ်။ မြန်မာပြည်မှာတော့ ဒီအတွက် ခေါင်းစားစရာ မလိုသေးပါဘူး။ 

ဖုန်းပြောမယ်၊ ဂိမ်းဆော့မယ်။

အင်ဂျင်ကို ကြည့်ရပါတော့မယ်။ ဂိမ်းအဆော့ကြမ်းသူများ အနေနဲ့ Processor နဲ့ Chipset အနှိမ့်အမြင့်ကို ပြန်ချိန်ရပါတော့မယ်။ Android မှာဆို လက်ရှိက quad-core စီးရီး တော်တော်လေး ပေါက်ပါတယ်။ Processor, CPU, GPU မြင့်လေလေ ဂိမ်းအတွက် ကောင်းလေပဲ ဖြစ် ပါတယ်။ 

ဖုန်းပြောမယ်၊ ဂိမ်းဆော့မယ်၊ အင်တာနက် သုံးမယ်။ 

ဒီသုံးခုလုံးလုပ်မယ်ဆိုရင် နောက်တစ်ချက် ထည့်စဉ်းစားရမှာက မျက်နှာပြင် အရွယ်အစားပဲ ဖြစ်ပါတယ်။ မျက်နှာပြင်ကြီးလေလေ အင်တာနက်သုံးရ အဆင်ပြေလေမို့ ဖြစ်ပါတယ်။ စမတ်ဖုန်းမှာဆိုရင် ၄.၅ လက်မ phablet ခေါ် ကျောက်သင်ဖုန်းမှာဆို ၅.၅ လက်မလောက် အထိ ရွေးစရာ ရှိပါတယ်။ နောက်တစ်ချက် စဉ်းစားစရာကတော့ မြန်မာစာပါပဲ။ Font အတွက် Android မှာဆို Root လုပ်ရတာ၊ iOS မှာဆို Jailbreak လုပ်ရ တာတွေ ရှိပါတယ်။ ဒါကတော့ ပြဿနာ မရှိပါဘူး။ Font အဆင်ပြေ မယ်ဖုန်းကို ရွေးရုံပါပဲ။ 

ဖုန်းပြော၊ဂိမ်း၊ အင်တာနက်၊ ဓာတ်ပုံရိုက်

ဓာတ်ပုံလည်းရိုက်မယ်ဆိုရင် နောက်ထပ် ရွေးစရာက ကင်မရာ ကောင်းဖို့ ပါပဲ။ လက်ရှိ ကင်မရာ အကောင်းဆုံး ဖုန်းတွေ အတော်များများ ရှိပါတယ်။ ကင်မရာ အနိမ့်ဆုံး 5 megapixel ကနေ 13 megapixel လောက်ထိကို ရှိနေပါတယ်။ 

လှတာကို ရွေးမယ် 

အချို့ ကျတော့ ဘာဆိုဘာမှ မကြည့်တော့ပါဘူး။ ငွေကလည်း လျှံနေတော့ လှတာကို ရွေးချင်ကြပါတယ်။ ဒီအတွက်ကတော့ Limited Edition က အကောင်းဆုံးပါပဲ။ ပြည်တွင်းမှာတင် Limited Edition ဝယ်သုံးတဲ့ သူ တော်တော်များများ ရှိနေပါတယ်။ ကမ္ဘာမှာ အလုံးရေ ဆယ်ဂဏန်း၊ ရာ ဂဏန်းပဲ ထုတ်တဲ့ ဖုန်းတွေကိုတောင် မြန်မာပြည်မှာ အသုံးပြုနေကြကြောင်း သတင်း ကြားသိရပါတယ်။ 

ဒီတော့ ဘယ်လိုဖုန်းက ကိုယ့်အတွက် သင့်တော်မယ်ဆိုတာ အကြမ်းဖျင်း စဉ်းစားလို့ ရပြီလို့ မျှော်လင့်ပါတယ်။ 
--
အောင်ခမ်း (TSJ team)
TechSpace Journal
ငွေ ၁ သိန်းအောက်ပဲ တတ်နိုင်မယ်ဆိုရင်

ငွေ ၁ သိန်းအောက်ဆို ကိုယ်လိုက်လို့ မှီနိုင်တာ အများစုက Java ဖုန်းပါပဲ။ သို့ပေမယ့် ၈ သောင်း၊ ၉ သောင်းနဲ့ဆိုရင် Android ဖုန်း ကောင်းကောင်း တစ်လုံး ဝယ်သုံးလို့ရတဲ့ အခြေအနေလည်း ရှိပါတယ်။ များသောအားဖြင့် ကတော့ မော်ဒယ်နိမ့် Huawei ဖုန်းများ ဖြစ်ပါတယ်။

ရင်သားကင်ဆာ ဆဲလ်များအား နှိပ်နယ် ပေးခြင်းက ပုံမှန်ဆဲလ် ပြန်ပြောင်းနိုင်

Photo: ရင်သားကင်ဆာ ဆဲလ်များအား နှိပ်နယ် ပေးခြင်းက ပုံမှန်ဆဲလ် ပြန်ပြောင်းနိုင် 



ကယ်လီဖိုးနီးယား တက္ကသိုလ်မှ လေ့လာ သူများ၏ အဆိုအရ ရင်သား ကင်ဆာ ဖြစ်နေသော အမျိုးသမီးများတွင် ယင်းကင်ဆာ ဆဲလ်များအား နှိပ်နယ် ပေးခြင်း၊

ညှစ်ပေး ခြင်းဖြင့် ပုံမှန်ဆဲလ်များ အဖြစ်သို့ ပြန်လည် ရောက်ရှိ နိုင်ကြောင်း သိရသည်။ ယင်းတွေ့ရှိ ချက်အား ဒီဇင်ဘာ ၁၇ ရက်၌ ဆန်ဖရန်စစ္စကိုတွင် ကျင်းပခဲ့သော အမေရိကန် ဆဲလ်သုတေသန အဖွဲ့ အစည်း နှစ်ပတ် လည်၌ တင်ပြခဲ့ခြင်း ဖြစ်သည်။ ယင်း တွေ့ရှိချက်မှာ ကင်ဆာဆဲလ် များအား ပြင်ပမှ ဖိနှိပ်ပေးခြင်း တစ်မျိုးထဲဖြင့် ကင်ဆာဆဲလ် ပွားခြင်းအား ရပ်တန့်ပေး နိုင်ပြီး ပုံမှန်ဆဲလ် အဖြစ် ပြန်ရောက်နိုင်ကြောင်း တွေ့ရှိခဲ့သည့် ပထမဆုံး တွေ့ရှိချက် ဖြစ်သည်။ ဤကဲ့သို့ နှိပ်နယ် ပေးခြင်းက မျိုးရိုး ဗီဇကြောင့် ကင်ဆာ ဖြစ်သော သူများ၌ပင် သက်ရောက်မှုရှိ ကြောင်း တွေ့ရသည်။ အမျိုးသမီးများသည် ဘဝတစ် လျှောက်လုံးတွင် သူတို့၏ မျိုးပွားနိုင်သည့် အရွယ်ကို လိုက်၍ ရင်သား ဆဲလ်များ ကြီးထွား လာခြင်း၊ ကျုံ့သွားခြင်းတို့ ဖြစ်ပွား သည်။ ထို့ပြင် အမျိုးသမီးများ၌ နို့တိုက်ကျွေး ချိန်တွင် နို့ထုတ်ပေးသော ဆဲလ်များ ကြီးထွား လာကြပြီး ရပ်သင့်သည့် အချိန် (ဥပမာ နို့မတိုက်တော့သည့် အခါ)တွင် ယင်း ဆဲလ်များ ကြီးထွားခြင်း ရပ်သွား ရပေမည်။

ရင်သား ကင်ဆာ၌ အဓိက တွေ့ရသော လက္ခဏာမှာ ယင်းသဘာဝ ဖြစ်စဉ် ပျက်စီး သွားပြီး ကင်ဆာဆဲလ် များက ရပ်သင့်သည့် အချိန်တွင် မရပ်ဘဲ ဆက်လက် ကြီးထွား နေခြင်းဖြစ်သည်။ ယခင်က ကင်ဆာ ဖြစ်ပွားမှုမှာ ဆဲလ်အတွင်းရှိ ဗီဇများ ပြောင်းလဲ သွားမှုကြောင့်ဟု လက်ခံ ထားသော်လည်း ဘာကလေ ဓာတ်ခွဲခန်းမှ မီနာ ဘစ်ဆဲလ်က ပထမဆုံး အနေဖြင့် ကင်ဆာ ဆဲလ်များသည် အမြဲတမ်း ကင်ဆာ ကျိတ်အဖြစ်သို့ ပြောင်းလဲသွား ခြင်းမဟုတ်ဘဲ ယင်းဆဲလ်များ၏ ပတ်ဝန်းကျင်အား ပြုပြင် ပေးခြင်းဖြင့် နဂိုဆဲလ်များ အဖြစ်သို့ ပြောင်းလဲ သွားနိုင်ကြောင်း ဓာတ်ခွဲခန်း၌ ဖန်တီး ထားသော ကင်ဆာဆဲလ်များ တွင်သက်သေ ပြခဲ့သည်။ ယင်းလေ့လာမှု၌ ပညာရှင် များက ဗီဇ ပြောင်းလဲ နေသော ကင်ဆာ ဆဲလ်အား ဆီလီကွန်ထဲတွင် ထည့်သွင်း မွေးမြူ ထားခဲ့သည်။

ထို့နောက် ကင်ဆာဆဲလ်များ အဖြစ် ပြောင်းလဲ မှုအဆင့် (၁)တွင် ပြင်ပမှ နှိပ်နယ် ဖိအားပေးပြီး ရလဒ်ကို စောင့်ကြည့်ခဲ့ရာ ယင်းကဲ့သို့ နှိပ်သည့် အချိန် အတော်ကြာသည့် အခါ ကင်ဆာ ဆဲလ်များသည် မူလ ပုံစံ ဖွံ့ဖြိုးမှုသို့ ပြန်ရောက်ကြောင်း တွေ့ရသည်။ ထို့ပြင် တွေ့ရှိချက်များ အရ စောစီးစွာ နှိပ်နယ် ပေးမှုက မူလပုံစံသို့ ပြန်ရောက် ရာတွင် ပို၍ အကူအညီ ရကြောင်း သိရသည်။ အကယ်၍ ရင်သား ဆဲလ်များ ပုံမှန် တည်ဆောက် ပုံသို့ ရသွားပါက နှိပ်နယ် ပေးမှုအား ရပ်လိုက်လျှင်လည်း ကင်ဆာကဲ့သို့ ဆက်လက် ကြီးထွားခြင်း မဖြစ်တော့ကြောင်း တွေ့ရသည်။ နှိပ်နယ် ပေးမှုက ကင်ဆာဆဲလ် များအား ပြန်ကောင်း စေသည် ဆိုသော်လည်း အဆမတန် ကျပ်သော ဘရာစီယာများ ဝတ်ခြင်းက နှိပ်နယ်၍ ကုသခြင်း ကဲ့သို့ အကျုံးမဝင်ကြောင်း သုတေသန ပညာရှင်များက သတိ ပေးခဲ့သည်။

မိုင်ကိ

Ref:MNT

Vol-2,No-2

Health Updates Journal
ကယ်လီဖိုးနီးယား တက္ကသိုလ်မှ လေ့လာ သူများ၏ အဆိုအရ ရင်သား ကင်ဆာ ဖြစ်နေသော အမျိုးသမီးများတွင် ယင်းကင်ဆာ ဆဲလ်များအား နှိပ်နယ် ပေးခြင်း၊

မှတ်သား စရာ ရာဇ၀င်ထဲက ပထမဆုံးများ


၁။ ပထမဆုံး သမ္မတ = စ၀်ရွှေသိုက်
၂။ ပထမဆုံး ၀န်ကြီးချုပ် = ဦးနု
၃။ ပထမဆုံး အနောက်တိုင်းဆေး ဒေါက်တာ = ဒေါက်တာ ရှောလူး
၎။ ပထမဆုံး အင်္ဂလိပ် မြန်မာ အဘိဓာန် ရေးသားသူများ = မက္ခရာ မင်းသားနှင့် မစ္စတာလိန်း ( ဒေါက်တာ ဆင်မျူရယ် ဂျွန်ဆင်၏ အင်္ဂလိပ် အဘိဓာန်ကို ပြန်ဆို )
၅။ ပထမဆုံး သိပ္ပံ စာပေ ပြုစုသူ = ယောမင်းကြီး ဦးဘိုးလှိုင်
၆။ ပထမဆုံး အမျိုးသား ကောလိပ်မှ ၀ိဇ္ဖာဘွဲ့ ရသူ = ဆရာကြီး ဦးရာဇာတ်
၇။ ပထမဆုံး အင်ဂျင်နီယာ = ဖန်ချက်ဝန် ဦးရွှေအိုး

မှတ်တမ်းဝင် ကမ္ဘာ့ထိပ်တန်းအချက်အလက်များ


* အကြီးဆုံးရထားလမ်းတံတား - Long Bridge Lovisiana. အမေရိကန် (၇ ကီလိုမီတာ)
* အရှည်ဆုံးငှက် - ငှက်ကုလားအုတ်
* အသေးဆုံးငှက် - Humming Bird
* အမြင့်ဆုံးအဆောက်အဦ - ယူအေအီးနိုင်ငံ၊ ဒူဘိုင်းရှိ ၈၂၉.၈ မီတာ (၂၇၂၂ ပေ) မြင့်သည့် Burj Khalifa
* အရှည်ဆုံးရေပေးတူးမြောင်း - Kalakumsky တူးမြောင်း (၁၂၀၀ ကီလိုမီတာ)
* အမြင့်ဆုံးမြို့ကြီး - Vanchuan, တရုတ်နိုင်ငံ (၅၁၀၀ မီတာ)
* လူနေထိုင်မှုစရိတ်အကြီးဆုံးမြို့ - တိုကျို

Related Posts Plugin for WordPress, Blogger...

My Account