Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, February 17, 2013

မည့်သည့်ဘွဲ့ရမဆို တက်ရောက်သင်ကြားနိုင်မည့် အွန်လိုင်းအဝေးသင် ဥပဒေ ဒီပလိုမာသင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရ

Photo: မည့်သည့်ဘွဲ့ရမဆို တက်ရောက်သင်ကြားနိုင်မည့် အွန်လိုင်းအဝေးသင် ဥပဒေ ဒီပလိုမာသင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရ
Sunday, February 17, 2013

ရန်ကုန် အဝေးသင်တက္ကသိုလ်မှ အွန်လိုင်းအဝေးသင် ဥပဒေ ဒီပလိုမာသင်တန်းကို www.yudeonline.com.mm တွင် ဖွင့်လှစ်သင်ကြားလျက်ရှိပြီး၊ တက္ကသိုလ်တစ်ခုခုမှ မည့်သည့်
ဘွဲ့ရမဆို လျှောက်ထားနိုင်ကြောင်း သိရသည်။

အဆိုပါသင်တန်းကို Semester နှစ်ခုခွဲ၍ သင်ကြားပေးမည် ဖြစ်သည်။၊ Semester တစ်ခုလျှင် ၅ လကြာ သင်ကြားပေးမည်ဖြစ်ပြီး၊ Semester နှစ်ခုအတွက် ၁ဝ လကြာမည်ဖြစ်ကြောင်း သိရသည်။ Semester တစ်ခုစီကို အောက်တိုဘာလနှင့် ဧပြီလတို့တွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး၊ နှစ်စဉ် မတ်လနှင့် သြဂုတ်လမှာ စာမေးပွဲဖြေဆိုရမည်ဖြစ်သည်။ စာမေးပွဲကာလများကို အွန်လိုင်းမှ
ကြေငြာပေးသွားမည်ဖြစ်ပြီး၊ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် ၅ ရက်တိုင် ဖြေဆိုရမည်ဖြစ်သည်။ သုံးနာရီမေးခွန်း ဖြစ်ကြောင်းလည်း သိရသည်။

၎င်းအွန်လိုင်း အဝေးသင် ဥပဒေ ဒီပလိုမာသင်တန်းကို အလုပ်မပျက် ICT နည်းပညာဖြင့် သင်ကြားနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။ ၄င်းသင်တန်း တက်ရောက်လိုသူများအနေဖြင့် အွန်လိုင်းမှ
တဆင့် လျှောက်ထားနိုင်မည်ဖြစ်ပြီး၊ သင်တန်းစာမေးပွဲကိုလည်း အွန်လိုင်းမှပင် ဖြေဆိုရမည် ဖြစ်သည်။ Assignment များကိုလည်း အွန်လိုင်းမှပင် ဖြေဆိုရမည်ဖြစ်ပြီး၊ သက်ဆိုင်ရာ ဆရာများက အွန်လိုင်းမှပင် စစ်ဆေးပေးသွားမည်ဟု သိရသည်။

၎င်းအွန်လိုင်းဥပဒေ ဒီပလိုမာသင်တန်းကို ၂ဝဝ၂ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ထားခဲ့သော်လည်း လူသိနည်းနေပြီး၊ ၄င်းသင်တန်း
ပြီးဆုံးပါက Diploma in Law (online) ဘွဲ့ရရှိမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account