Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, February 17, 2013

တောက်ပသော အရောင်များဖြင့် ထူးခြား ဆန်းကြယ်သည့် ပင်လယ်ရေကြွက်

တောက်ပသော အရောင်များဖြင့် ထူးခြား ဆန်းကြယ်သည့်  ပင်လယ်ရေကြွက်

သက်ရှိများ နေထိုင်ရာ ကမ္ဘာ ကြီးမှာ ထူးခြား ဆန်းကြယ်မှုများနှင့် ပြည့်နှက်လျက် ရှိသည်။ အထူးသဖြင့် လူသားတို့ သွားရောက် လေ့လာရန် ခက်ခဲသည့် တောနက်ကြီးများ၊  တောင်ပေါ် ဒေသ များနှင့် သမုဒ္ဒရာ အတွင်း နေထိုင်ကျက်စား ကြသည့် သတ္တဝါများမှာ အလွန် ထူးခြား များပြား လှသည်။ အဏ္ဏဝါ ချစ်သူများ အနေဖြင့်  သမုဒ္ဒရာ အတွင်း ရေနက်ပိုင်းတွင် နေထိုင် ကျက်စား သည့် တောက်ပသော အရောင် အသွေးဖြင့်  လှပသော ပင်လယ် ရေကြွက်ကို  ဗဟုသုတဖြစ်ဖွယ် တင်ဆက် လိုက်ပါသည်။
ပင်လယ် ရေနက်ပိုင်းတွင် နေထိုင်သည့်  ပင်လယ်ရေကြွက်ကို လွယ်ကူစွာ တွေ့မြင်နိုင်ရန် အလွန် ခက်ခဲသည်။ တစ်ခါတစ်ရံ မုန်တိုင်း တိုက်ခတ်မှု အရှိန်ကြောင့် ပင်လယ် လှိုင်းလုံးကြီး များနှင့် အတူ ကမ်းခြေသို့   ရောက်ရှိ လာတတ်သည်။
ပင်လယ် ရေကြွက်သည် ပင်လယ် ရေနက်ပိုင်း အတွင်း နေထိုင်သည့် ပိုးအမျိုးအစား တစ်မျိုး ဖြစ်ပြီး သာမန်အားဖြင့် ရေမျက်နှာ ပြင်အောက် ပေ ၆၆ဝဝ ကျော်တွင် တွေ့ရှိ ရသည်။ ၄င်း၏ ခန္ဓာကိုယ် တွင် တောက်ပသော အရောင်ရှိ အမွေးများက တစ်ကိုယ်လုံး ဖုံးလွှမ်းနေပြီး အရောင်မှာ စိမ်းပြာရောင် ရှိကာ  အရှည် ၁၂ လက်မ အထိ ကြီးထွား နိုင်သည်။  ပင်လယ် ရေကြွက် ကို မြောက်အတ္တ လန္တိတ် သမုဒ္ဒရာ၊ မြောက်ပင်လယ်၊  ဘောလတစ် ပင်လယ်နှင့် မြေထဲ ပင်လယ်တို့တွင်  တွေ့ရှိရသည်။  ပင်လယ် ရေကြွက်တွင် လိင်အင်္ဂါ နှစ်မျိုးစလုံး ပါရှိသည်။  ၄င်းကို  ဂရိအချစ် နတ်သမီး အပရိုဒိုက်၏ အမည်ကို သုံးစွဲ၍ သိပ္ပံအမည် Aphrodite ဟု အမည် ပေးထားသည်။ ၄င်း၏ ကျောပြင် တစ်ခုလုံးအား မာကြမ်းသော စိမ်းပြာရောင် တောက်နေသည့် အမွေးများ ဖုံးအုပ် ထားပြီး မျက်စိများ မပါရှိပေ။ ၄င်းတို့သွား လိုသည့် နေရာများသို့  အာရုံခံ ဦးမှင်နှင့် ခန္ဓာကိုယ် အစွန်းရှိ လှော်တက်ပုံ အစိတ်အပိုင်း များဖြင့် အာရုံခံ သွားလာ ကြသည်။  ရေကြွက်များသည် သေဆုံး သွားသည့် ရေသတ္တဝါများနှင့်  ပုပ်ဆွေးနေသော ရေသတ္တဝါ များကို စားသုံးကာ ပင်လယ်ကြမ်းပြင် အတွင်း တွင်းတူး နေထိုင်လေ့ ရှိကြသည်။ ။


0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account