Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, February 17, 2013

iTunes ပေါ်ကသီချင်းတွေကို သင့် Windows Phone ထဲကို ထည့်သွင်းအသုံးပြုပုံ



Photo
Windows Phone အသုံးပြုတဲ့သူတွေ အနေနဲ့ iTunes ထဲမှာ ထည့်သွင်းထားတဲ့ သင့်ရဲ့သီချင်းတွေကို အသုံးပြုနေတဲ့ Windows Phone ထဲကို ထည့်သွင်းပုံ ထည့်သွင်းနည်းကို ယခုတစ်ပတ်မှာ ရွေးချယ်ဖော်ပြပေးမှာ ဖြစ်ပါတယ်။ iTunes ထဲက သီချင်းတွေကို Windows Phone ထဲ ထည့်သွင်းဖို့ အတွက်ကတော့ အခက်အခဲကြီး ပြုလုပ်နေစရာ မလိုပါဘူး။ Windows Platform သုံး OS နဲ့ Mac Platform သုံး OS တွေမှာ iTunes ထဲက သီချင်းတွေကို Windows Phone OS သုံး Mobile Device ထဲ ထည့်သွင်းပုံ ထည့်သွင်းနည်းများကို ဖော်ပြပေးပါမယ်။
Windows Phone Operating System အသုံးပြုတဲ့သူတွေ အနေနဲ့ iTunes ထဲက သီချင်းတွေကို ထည့်သွင်းဖို့ အတွက်ဆိုရင် ပထမဆုံးသင့်ရဲ့ Handset ကို ကွန်ပျူတာနဲ့ ချိတ်ဆက်ထားရပါမယ်။

ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီးတဲ့အခါမှာ သင့်ကွန်ပျူတာ အသုံးပြုတဲ့ Operating System က Windows 7 Operating System ဆိုရင်တော့ Windows ထဲက Start > Devices and Printers ကိုရွေးချယ်ပြီး Windows Phone icon ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ဖော်ပြထားတဲ့ အဆင့်တွေကို လိုက်လံလုပ်ဆောင်ပြီး Windows Phone App ကို လုပ်ယူရမှာဖြစ်ပါတယ်။ Windows 8 Operating System ကို အသုံးပြုမယ် ဆိုရင်တော့ Windows Store ကနေ Windows Phone App ကိုရှာဖွေပြီး Download လုပ်ယူရမှာ ဖြစ်ပါတယ်။ သင်ဟာ Mac OS သုံး ကွန်ပျူတာကို အသုံးပြုနေတယ် ဆိုပါက သင့်ဖုန်းမှာ Start > Computer အောက်ကို သင်ထည့်သွင်းချင်တဲ့ သီချင်းဖိုင်တွေကို အဲဒီအောက်ထဲကို Drag ဆွဲပြီး ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ Windows XP Operating System ကို အသုံးပြုသူတွေ အတွက်ကတော့ Start > All Programs > Accessories > Windows Explorer အောက်ကို Drag ဆွဲပြီး ထည့်သွင်းရမှာ ဖြစ်ပါတယ်။

သီဟ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account