Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, February 17, 2013

ကမ္ဘာလှည့် ခရီးသွားများ အများဆုံး လာရောက်လိုသည့် နိုင်ငံ အဖြစ် မြန်မာနိုင်ငံ ရွေးချယ်ခံရ

Photo: ကမ္ဘာလှည့် ခရီးသွားများ အများဆုံး လာရောက်လိုသည့် နိုင်ငံ အဖြစ် မြန်မာနိုင်ငံ ရွေးချယ်ခံရ

မြန်မာနိုင်ငံ အစိုးရက နိုင်ငံ အတွင်း နိုင်ငံရေး၊ စီးပွားရေး အရ ပြုပြင် ပြောင်းလဲမှု များကို စတင် လုပ်ဆောင်ပြီးနောက် ယခုအခါ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံသည် ၂ဝ၁၃ ခုနှစ်၏ နိုင်ငံခြားသား အများဆုံး လာရောက် လည်ပတ် လိုသည့် နိုင်ငံများ စာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်လျက် ရှိသည်။

မြန်မာ နိုင်ငံအား ကမ္ဘာ့လှည့် ခရီးသည်များ အများဆုံး လည်ပတ်လိုသည့် နိုင်ငံ အဖြစ် ဗြိတိသျှ ခရီးသွား လာရေး မဂ္ဂဇင်းကြီး တစ်စောင်ဖြစ်သည့် Wand-erlust မဂ္ဂဇင်း၏ စာဖတ် ပရိသတ်များက ထောက်ခံမဲ ၉၆ ဒသမ ၉၈ ရာခိုင်နှုန်းဖြင့် တညီ တညွတ်တည်း ရွေးချယ် ခဲ့ကြခြင်း ဖြစ်ပြီး ဖေဖော်ဝါရီ လထုတ် မဂ္ဂဇင်းတွင် ဖော်ပြ ထားသည်။

ကမ္ဘာ့လှည့် ခရီးသည်များ အများဆုံး လည်ပတ်လိုသည့် နိုင်ငံများ အဖြစ် မြန်မာ နိုင်ငံ၏ နောက်တွင် ပီရူး၊ နယူးဇီလန်၊ ဘူတန်၊ နမီးဘီးယား၊ ချီလီ၊ အိုက်စလန်၊ ဗီယက် နမ်နှင့် ဘော့စဝါနာ နိုင်ငံတို့က ရပ်တည်လျက် ရှိသည်။

ခရီးသည်များ အများဆုံး သွားရောက် လည်ပတ်ရန် ဆန္ဒရှိသည့် မြို့များ၏ စာရင်းတွင် ဗီယက်နမ် နိုင်ငံရှိ ရှေးဟောင်း မြို့တစ်မြို့ ဖြစ်သည့် ဟွိုင်အန်း မြို့သည် ထိပ်ဆုံးမှ ရပ်တည်လျက် ရှိပြီး မြန်မာတို့၏ ဇာတိဂုဏ်ကို ဖော်ကျူးလျက် ရှိသည့် ပုဂံသည် စတုတ္ထ နေရာတွင် ရပ်တည်လျက် ရှိနေသည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတွင် အရပ်သား အစိုးရက နိုင်ငံ၏ တာဝန်ကို လွှဲပြောင်း ယူပြီးချိန်မှ စ၍ ပြုပြင်ပြောင်းလဲ မှုများကို အစဉ်တစိုက် လုပ်ဆောင်ပြီး နောက် ပိုင်းတွင် နိုင်ငံ အတွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံခြားသား ဦးရေသည် တိုးတက် လာခဲ့သည်။ မြန်မာ့ ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီး ဌာနမှ ထုတ်ပြန်ချက် အရ ၂ဝ၁၂ ခုနှစ် အတွင်း မြန်မာ နိုင်ငံသို့ လာရောက် လည်ပတ်သည့် နိုင်ငံခြားသား ဦးရေ သည် ၁ ဒသမ ၆ သန်းကျော် ရှိသည်ဟု သိရသည်။

သို့ရာတွင် နိုင်ငံ အတွင်းသို့ လာရောက် လည်ပတ်သည့် နိုင်ငံခြားသား ဦးရေသည် မြင့်တက်လာခဲ့ သော်လည်း မြန်မာ နိုင်ငံတွင် နိုင်ငံခြားသား ဧည့်သည်များအား အပြည့်အဝ ဝန်ဆောင်မှု ပေးနိုင်သည့် အခြေခံ အဆောက် အအုံများ လိုအပ်နေဆဲ ဖြစ်ကြောင်း ကျွမ်းကျင်သူ များက ပြောကြားထား သည်။ ။

Ref: Myawady News

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account