Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, February 17, 2013

အိုင်ကျူရမှတ် ၁၆၁ မှတ်ရရှိထားသည့် ၁၆ နှစ်သမီး မိန်းကလေး ရှောင်ပုန်းနေရ

Photo: အိုင်ကျူရမှတ် ၁၆၁ မှတ်ရရှိထားသည့် ၁၆ နှစ်သမီး မိန်းကလေး
ရှောင်ပုန်းနေရ
Saturday, February 16, 2013

IQ အမှတ် ၁၆၁ မှတ်ရရှိထားသည့် လော်ရင်း မာဘယ်ဆိုသည့် မိန်းကလေးတစ်ဦးသည် သာမန်မိန်းကလေး တစ်ဦးဘဝအတိုင်း
နေထိုင်လိုသဖြင့် လူများနှင့်ရှောင်ကာ ထွက်ပြေးနေရကြောင်း သိရသည်။

လော်ရင်းသည် လက်ရှိ အနေအထားတွင် အိုင်ကျူရမှတ် ၁၆၁ မှတ်ဖြစ်သဖြင့် ဘေဂိတ်စ်၊ စတီဖင် ဟော့ကင်း၊ အဲလ်ဘတ် အိုင်စတိုင်းတို့ထက် အိုင်ကျူမြင့်သူဟု ဆိုရမည်။ သူမအနေဖြင့် သာမန်မိန်းကလေးတစ်ဦးကဲ့သို့ ချစ်သူနှင့် လျှောက်လည်ချင်ပြီး ရိုးသားစွာ နေထိုင်လိုကြောင်း၊ သို့သော် သူမကို လူတွေက လူထူးလူဆန်း တစ်ဦးပမာ နောက်မှ တစ်ကောက်ကောက်လိုက်နေခြင်းကို မနှစ်မြို့ကြောင်း ထို့ကြောင့် လူတွေနှင့် ဝေးရာကို ရှောင်ပုန်း နေရကြောင်း ပြောကြားခဲ့သည်။

သူမကို အိုင်ကျူစစ်ဆေးရာတွင် စတီဖင် ဟော့ကင်းထက်ကျော်လွန်ပြီး ရမှတ် ၁၆၁ မှတ်ဖြစ်နေသည်ကို အံ့သြစွာ တွေ့ရှိကြရသည်။ သူမအနေဖြင့် သာမန်ရမှတ်ဖြစ်သည့် အမှတ် ၁၃၀ လောက်သာ မျှော်လင့်ထား ကြောင်း၊ ကမ္ဘာတွင် ၁၆၂ မှတ်ရသူကို အမြင့်ဆုံးအဖြစ်သတ်မှတ်ကြရာ လော်ရင်းက ယခု ၁၆၁ မှတ်အထိ ရထားသဖြင့် အိုင်ကျူအမြင့်ဆုံးအဖြစ် သတ်မှတ်
ရမည်ထင်ကြောင်း စစ်ဆေးသည့်အဖွဲ့မှ ပြောကြားခဲ့သည်။

ဇင်မင်း
မောက္ခ
Ref: Myanmar Online News

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account