Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, February 17, 2013

အမြဲမပြတ် လုပ်သင့်သော အလုပ်


သွားရင်းလာရင်း မြင်တွေ့ရသည့် မြင်ကွင်း တစ်ခုကြောင့် အတွေးတစ်စ ရခဲ့ပါသည်။ ထိုမြင်ကွင်းမှာ ရေစကြိုမြို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ ဝန်ထမ်းများ ညနေ ရုံးဆင်းချိန်တွင် ရုံးတွင်း၊ ရုံးပြင် သန့်ရှင်းရေးများ ဆောင်ရွက်နေမှု မြင်ကွင်း တစ်ခု ဖြစ်ပါသည်။ သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ အမှိုက် စွန့်ပစ်ခြင်းသည် ကောင်းသော အလုပ် ဖြစ်သလို ဂုဏ်ယူဖွယ်ရာ ဖြစ်ပါသည်။
သို့သော် အချို့သော သူများသည် ဖြစ်သလိုနေ၊ ဖြစ်သလိုလုပ်၊ ဖြစ်သလိုစား၊ ဖြစ်သလိုဝတ်ဖြင့် နေလာ ခဲ့ကြသည်မှာ အကျင့် ပါနေကြသည်။ အဆိုပါ အကျင့်ဆိုးတွေကို အသိတရားဖြင့် ပြောင်းလဲ ပြုပြင်ကြရပါမည်။ မဖွံ့ဖြိုး မတိုးတက်ခြင်း သည်လည်း အဆိုပါ အကျင့်ဆိုး တွေကြောင့်ပင် ဖြစ်ပါသည်။
လူတိုင်း လူတိုင်း၊ အိမ်တိုင်း အိမ်တိုင်း၊ ရုံးတိုင်း ရုံးတိုင်း သန့်ရှင်းရေးကို အမြဲတမ်း ဆောင်ရွက် သင့်ပါသည်။ သန့်ရှင်းခြင်းသည် ကောင်းသော အလုပ် ဖြစ်ပါသည်။ မိမိ နေထိုင်ရာ ဝန်းကျင်ကို သန့်ရှင်းရေး အမြဲ လုပ်ခြင်းကြောင့် သပ်သပ် ရပ်ရပ် သန့်သန့် ရှင်းရှင်းဖြင့် လှပခြင်းကြောင့်  မိမိနှင့် အတူ မြင်ရသူ အပေါင်းတို့ ကြည်နူး ကြရမည် ဖြစ်သည်။ ပတ်ဝန်းကျင် သန့်ရှင်းခြင်းကြောင့် စိတ်ကြည်နူး ရသလို၊ ကူးစက် ရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ် နိုင်ခြင်း၊ ကျန်းမာရေး ပြဿနာကို လျှော့ချ နိုင်ပြီး ကာယသုခ၊ စိတ္တသုခကို ရရှိ ခံစား စေနိုင်မည် ဖြစ်သည်။
ကာယသုခ၊ စိတ္တသုခ သုခနှစ်ဖြာ ပြည့်စုံ ကြခြင်းဖြင့် အလုပ်အကိုင်ကို ပိုမို လုပ်ကိုင် နိုင်ကြမည် ဖြစ်သည်။ အခြား တစ်ဖက်တွင်လည်း အမှိုက်သရိုက်များ သန့်ရှင်း ခြင်းကြောင့် မီးကူးစက် လောင်ကျွမ်းခြင်း ဘေးမှလည်း ကင်းဝေးမည် ဖြစ်ပါသည်။
သို့ပါ၍ အိမ်တိုင်း၊ ရုံးတိုင်း၊ ရပ်ကွက်တိုင်းတွင် လူတိုင်း လူတိုင်းက ကိုယ်စီ အသိ၊ ကိုယ်စီ တာဝန်တစ်ရပ် အဖြစ် ခံယူကြလျက် အိမ်တိုင်း၊ လမ်းတိုင်း၊ ရုံးတိုင်းတွင် သန့်ရှင်းရေးကို အမြဲမပြတ် ဆောင်ရွက် သင့်ပါကြောင်း တိုက်တွန်း ရေးသား အပ်ပါ သည်။   ။                                      

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account