Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, February 17, 2013

Ecommerce Website နှင့် Online Shopping များအတွက် Myanpay API အခမဲ့ ရရှိနိုင်


Online Ecommerce Website နှင့် Online Shopping များအတွက် Myanpay API အခမဲ့ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ Myanpay Express Checkout API ကိုwww.myanpay.com.mm တွင် ထုတ်လွှင့်ပေးထားမည် ဖြစ်သည်။
အဆိုပါ Myanpay API နှင့် Ecommerce Website များ၊ Online Shopping Website များ ချိတ်ဆက်၍ ငွေလက်ခံခြင်း၊ ငွေချေခြင်းများကို အလွယ်တကူ လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။ “ပြည်တွင်း Myanpay  ငွေပေးချေ စနစ်ကို အသုံးပြုသူတွေ များလာတဲ့အတွက် Online Business လုပ်ဆောင်နိုင်အောင် Myanpay API ကို ထုတ်ဝေလိုက်တာ ဖြစ်ပါတယ်။ Open Source eCommerce Solution တွေကို အခမဲ့ Download ရယူပြီး Myanpay API နဲ့ ချိတ်ဆက်လိုက်ရုံနဲ့ အလွယ်တကူ ငွေလက်ခံခြင်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ Programming Skill များ ရှိရန် မလိုအပ်ဘဲ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်” ဟု အဆိုပါ Myanpay API မှ တာဝန်ရှိသူက ပြောသည်။ Myanpay API ကို ဖေဖော်ဝါရီ ၇ ရက်တွင် စတင်ထုတ်ဝေလိုက်ခြင်းဖြစ်ပြီး အခမဲ့ Download ပြုလုပ်နိုင်ကြောင်း သိရသည်။ OS Commerce Myanpay API ကို  www.myanpay.com.mm တွင် အခမဲ့ ရယူနိုင်ပြီး အသေးစိတ် သိရှိလိုပါက ဖုန်း- ၅၁၀၅၅၄ သို့ ဆက်သွယ်စုံစမ်းနိုင်မည် ဖြစ်သည်။

မိုးသူ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account