Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, February 17, 2013

အွန်လိုင်းမှတစ်ဆင့် iDevice များကို Unlock ပြုလုပ်နိုင်ပြီ



Photo
အွန်လိုင်းမှတစ်ဆင့် iDevice များကို Unlock ပြုလုပ်ခြင်း စတင်ဆောင်ရွက်ပေးနေပြီ  ဖြစ်ကြောင်း Win Star Mobile မှ ဦးမျိုးသူကျော်က ပြောသည်။
iPhone 5, iPhone 4S, iPhone 4, iPhone 3G စသည့် ဖုန်းအမျိုးအစားများကို ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။ “ဖုန်းကိုင်တဲ့သူ အနေနဲ့ မိမိဖုန်းကို ဘယ်နိုင်ငံက ထုတ်တယ်။ Lock ဖြစ်တာလား၊ Unlock ဖြစ်တာလား ကွဲကွဲပြားပြား သိဖို့လိုတယ်။ အဲဒီအတွက် အရင်စစ်ဆေးရမှာ ဖြစ်ပါတယ်” ဟု ဦးမျိုးသူကျော်က ပြောသည်။www.winstarmobile.com သို့ ဝင်ရောက်ကာ iDevice များကို Unlock  ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း အဆိုပါ ဝက်ဘ်ဆိုက် အတွင်းတွင် ဖေါ်ပြထားသော နိုင်ငံများမှ ထုတ်လုပ်ထားသော iDevice များကိုသာ ဆောင်ရွက်နိုင်ဦးမည် ဖြစ်ကြောင်း သိရသည်။ အွန်လိုင်းမှ ဆောင်ရွက်နိုင်ရန်အတွက် Myanpay အွန်လိုင်း ငွေပေးချေမှု စနစ်ဖြင့် ချိတ်ဆက်ထားကြောင်း Myanpay မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ အွန်လိုင်းမှ ဆောင်ရွက်ရန်အတွက် မိမိဖုန်း အမျိုးအစားနှင့် ဖုန်း၏ IMEI နံပါတ်ကို ပြောပြရုံသာ ဖြစ်ကြောင်း သိရသည်။ Unlock ပြုလုပ်ရန် ကြာမြင့်ချိန်ကိုလည်း သိရှိနိုင်မည် ဖြစ်သည်။ “ဝက်ဘ်ဆိုက်ထဲမှာ ဖော်ပြထားတဲ့ နိုင်ငံတွေရဲ့ ထုတ်ကုန်တွေကိုသာ Unlock လုပ်နိုင်မှာ ဖြစ်တယ်” ဟု ဦးမျိုးသူကျော်က ဆက်လက် ပြောကြားသည်။ နယ်ဒေသများမှ ဆောင်ရွက်လိုသူများအတွက် အွန်လိုင်းမှ ဆောင်ရွက်ခြင်းဖြင့် ပိုမိုအဆင်ပြေမည်ဟု ဆိုသည်။ အွန်လိုင်းမှတစ်ဆင့် iDevice များကို Unlock ပြုလုပ်လိုသူများ အနေဖြင့်  Myanpay အကောင့် ရှိရမည်ဖြစ်ပြီး အဆိုပါ အကောင့်မှ ကျသင့်ငွေကို ငွေလွှဲ ပေးပို့နိုင်မည် ဖြစ်သည်။

ထွန်းထွန်း

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account